Kawasaki disease ကို စာဖတ် ပရိတ်သတ်တွေ သိတဲ့ သူရှားပါလိမ့်မယ်။အခြားရောဂါ တွေနဲ့ စာရင် ဖြစ်ပွားမှု နှုန်း နည်းတဲ့ အတွက် လူသိနည်းပါတယ်။အသက် ၅ နှစ်အောက် ကလေးတွေ မှာ အဓိက ဖြစ်ပွားတတ်ပါတယ်။အမေရိကန် ပြည်ထောင်စု မှာ ကလေး ၁ သိန် ကို ၁၉ ယောက် နှုန်းဖြစ်ပွားပြီးဂျပန် နဲ့ ကိုရီးယားနိုင်ငံလို အာရှ နိုင်ငံ တွေ မှာ အဖြစ်များပါတယ်။ရောဂါ ဘာကြောင့် ဖြစ်ရတယ် ဆိုတာ တိတိကျကျ မသိသေးပေမယ့် ဗိုင်းရပ် ပိုးတစ်မျိုးကြောင့်လို့ ယူဆ ရပါတယ်။ဆောင်းရာသီ မှာအဖြစ်များလေ့ ရှိပြီး တစ်ခါ တစ်ရံ outbreak အနေနဲ့ တောင် ပြန့်ပွားတတ်ပါတယ်။
ရောဂါလက္ခဏာများ
ပထမ အဆင့်
အဓိက လက္ခဏာ က တော့ ကိုယ်အပူချိန် အလွန် အမင်းတက်ခြင်း ဖြစ်ပါတယ်။(၁၀၄) ဒီဂရီ ဖာရင်ဟိုက် အထက် တက်တတ်ပြီး(၅)ရက်နဲ့ အထက် အဖျားမကျတတ်ပါဘူး။အခြားလက္ခဏာ တွေအနေနဲ့
ဒုတိယ အဆင့်
အဖျားတက်ပြီး ၂ ပါတ် အကြာ ကို ဒုတိယ အဆင့်လို့ သတ်မှတ်ပါတယ်။ဒီကာလ မှာကလေးငယ်ဟာအဆစ်အမြစ်နာခြင်း၊အန်ခြင်း၊၀မ်းလျှောခြင်းစတာတွေကို ခံစားရနိုင်ပါတယ်။လက်ဖ၀ါး ခြေဖ၀ါးများမှ အရေပြားများ အဖတ်လိုက်ကွာကျ တတ်ပါတယ်။ဖော်ပြ ပါ လက္ခဏာ တွေ တွေ့လျှင်တော့ ဆေးခန်းကို အမြန် ပြသ သင့်ပါတယ်။
Kawasaki ရောဂါ နဲ့ ပက်သက်ပြီးကြောက်စရာကောင်းတဲ့ နောက်တစ်ချက်က heart attack လို့ခေါ်တဲ့ နှလုံးသွေးကြောကျဉ်း ရောဂါပဲ ဖြစ်ပါတယ်။kawasaki ရောဂါကို ကုသမှု မယူလျှင် နှလုံးသွေးကြောများယောင်ရမ်းစေခြင်း၊ သွေးကြောနံရံ ဖောင်းကြွခြင်း တို့ ဖြစ်စေကာ သွေးကြောကျဉ်းရောဂါရစေပါတယ်။ပထမ အဆင့် ကာလ မှာ gamma globulin နဲ့ အက်စပရင် ဆေးများသုံးပီးကုသမှု ခံယူလျှင်တော့ သက်သာပျောက်ကင်းနိုင်ပါတယ်။ သို့ပေမယ့်လည်း အသက်ကြီးတဲ့ အခါ မှာ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။Kawasaki ရောဂါ သည်ကလေးငယ်တွေကို ကုသနေစဉ် နဲ့ ကုသပြီးကာလ မှာ echocardiography ခေါ် နှလုံး ပုံဖေါ်စက်နဲ့ ကလေးရဲ့ နှလုံး အခြေအနေကို စမ်းသပ်ဖို့ လိုအပ်ပါတယ်။Kawasaki ရောဂါ ဟာ ကာကွယ်လို့ မရသေးတဲ့ အတွက်အစောပိုင်းကာလ မှာ ထိရောက်စွာ ကုသဖို့ လိုပါတယ်။ဒါကြောင့် ကလေးမိဘတွေ အနေနဲ့ အထက်မှာ ဖော်ပြခဲ့ တဲ့ လက္ခဏာ တွေ တွေ့ခဲ့ရင် နီးစပ်ရာ ဆေးခန်းကို ချက်ချင်းသွားရောက်ကုသ မှုခံယူကြဖို့ လိုပါတယ်…ကျန်းမာ ရွှင်လန်းကြပါစေ။
ရောဂါလက္ခဏာများ
ပထမ အဆင့်
အဓိက လက္ခဏာ က တော့ ကိုယ်အပူချိန် အလွန် အမင်းတက်ခြင်း ဖြစ်ပါတယ်။(၁၀၄) ဒီဂရီ ဖာရင်ဟိုက် အထက် တက်တတ်ပြီး(၅)ရက်နဲ့ အထက် အဖျားမကျတတ်ပါဘူး။အခြားလက္ခဏာ တွေအနေနဲ့
- မျက်လုံး အရမ်းနီခြင်း
- ရင်ဘတ်နဲ့ ၀မ်းဗိုက်ပေါ် မှာ အနီကွက်များ ပေါ်ခြင်း
- နှုတ်ခမ်း ခြောက်ပြီး ကွဲခြင်း
- လျှာယောင်ရမ်းပြီး ဖြူနေခြင်း
- လည်ချောင်းနာခြင်း
- လက်ဖ၀ါး၊ခြေဖ၀ါးများရောင်ရမ်းပြီး နီရဲနေခြင်း
- ပြန်ရည်ကျိတ် များယောင်ရမ်းနာကျင်ခြင်း
ဒုတိယ အဆင့်
အဖျားတက်ပြီး ၂ ပါတ် အကြာ ကို ဒုတိယ အဆင့်လို့ သတ်မှတ်ပါတယ်။ဒီကာလ မှာကလေးငယ်ဟာအဆစ်အမြစ်နာခြင်း၊အန်ခြင်း၊၀မ်းလျှောခြင်းစတာတွေကို ခံစားရနိုင်ပါတယ်။လက်ဖ၀ါး ခြေဖ၀ါးများမှ အရေပြားများ အဖတ်လိုက်ကွာကျ တတ်ပါတယ်။ဖော်ပြ ပါ လက္ခဏာ တွေ တွေ့လျှင်တော့ ဆေးခန်းကို အမြန် ပြသ သင့်ပါတယ်။
Kawasaki ရောဂါ နဲ့ ပက်သက်ပြီးကြောက်စရာကောင်းတဲ့ နောက်တစ်ချက်က heart attack လို့ခေါ်တဲ့ နှလုံးသွေးကြောကျဉ်း ရောဂါပဲ ဖြစ်ပါတယ်။kawasaki ရောဂါကို ကုသမှု မယူလျှင် နှလုံးသွေးကြောများယောင်ရမ်းစေခြင်း၊ သွေးကြောနံရံ ဖောင်းကြွခြင်း တို့ ဖြစ်စေကာ သွေးကြောကျဉ်းရောဂါရစေပါတယ်။ပထမ အဆင့် ကာလ မှာ gamma globulin နဲ့ အက်စပရင် ဆေးများသုံးပီးကုသမှု ခံယူလျှင်တော့ သက်သာပျောက်ကင်းနိုင်ပါတယ်။ သို့ပေမယ့်လည်း အသက်ကြီးတဲ့ အခါ မှာ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။Kawasaki ရောဂါ သည်ကလေးငယ်တွေကို ကုသနေစဉ် နဲ့ ကုသပြီးကာလ မှာ echocardiography ခေါ် နှလုံး ပုံဖေါ်စက်နဲ့ ကလေးရဲ့ နှလုံး အခြေအနေကို စမ်းသပ်ဖို့ လိုအပ်ပါတယ်။Kawasaki ရောဂါ ဟာ ကာကွယ်လို့ မရသေးတဲ့ အတွက်အစောပိုင်းကာလ မှာ ထိရောက်စွာ ကုသဖို့ လိုပါတယ်။ဒါကြောင့် ကလေးမိဘတွေ အနေနဲ့ အထက်မှာ ဖော်ပြခဲ့ တဲ့ လက္ခဏာ တွေ တွေ့ခဲ့ရင် နီးစပ်ရာ ဆေးခန်းကို ချက်ချင်းသွားရောက်ကုသ မှုခံယူကြဖို့ လိုပါတယ်…ကျန်းမာ ရွှင်လန်းကြပါစေ။
(ရ)Over The Counter Drugs
အသက် လေးလအရယ်ဆိုရင်တော့သူတို့လေးတွေ တခစ်ခစ်ရယ်တတ်နေကြပြီလေ...ပါးစပ်ကလေးတွေပြဲပြီး ဟက်ဟက်ပက်ပက်ရယ်နေတဲ့သူတို့လေးတွေက အဖေအမေတို့အမောပြေလေးတွေပေါ့...
မွေးကင်စကလေးလေးတွေက ညဘက်ဆို တစ်ညလုံးမအိပ်ကြဘူးတဲ့။ဒါကြောင့်ကလေးငိုသံတွေဆူညံနေတာပေါ့။အသက်လေးလ ကနေ ခြောက်လ အရွယ်ရောက်မှာ တစ်ည လုံးအိပ်စက်ကြပါသတဲ့.။မေမေတို့ အိပ်ရေးမပျက်တော့ဘူးပေါ့... 

အသက် (၉) လနဲ့ (၁)နှစ်အရွယ်ကလေးတွေကတော့အစားအသောက်တွေကိုလက်နဲ့စားတတ်နေပါပြီ။သတိထားရမှာက သူတို့လေတွေက အစားအသောက်တင်မက တွေ့တာအကုန်ပါးစပ်ထဲထည့်တတ်ကြတာပါပဲ..ဖေဖေမေမေတို့သတိပြုရမယ့်အရွယ်ပေါ့...
(၁)နှစ်အရွယ်မှာတော့သူတို့လေးတွေ မတ်မတ်ရပ်နိုင်ကြပါပြီတဲ့... ကိုင်စရာလေးရှိရင်လမ်းပါလျှောက်တတ်ပါသတဲ့...ချိုမိုင်မိုင် ချိုမိုင်မိုင် ဆိုပြီးဖေဖေမေမေတို့ပျော်မဆုံးတဲ့အချိန်ပေါ့..
ကိုယ်ရင်သွေးလေးက ကိုယ်ကို ဖေဖေမေမေစခေါ်တာလောက်ဘယ်အသံကမှ မချိုမြိန်၊မသာယာလှပါဘူး။ဒါကြောင်ပဲ သူတို့လေးတွေကို ဆည်းလည်းလေးတွေလို့ပြောကြတာပေါ့...ဖေဖေမေမေ ဆိုပြီးအသံစာစာလေးတွေထွက်တတ်တာ သူတို့လေးတွေ (၁)နှစ်အရွယ်မှာပါ....

(၆)လအကြာ- ၁.၄ပေါင်တဲ့။အပြင်ကပေးတဲ့အသံကို တုန့်ပြန်တတ်နေပြီတဲ့။လှုပ်ပြတတ်တယ်တဲ့။တစ်ခါတစ်လေနှလုံးခုန်မြန်လာတတ်တယ်တဲ့။ပိုပြီးလှုပ်လာတယ်တဲ့။အတွင်နား ကကောင်းကောင်းဖွံ့ဖြိုးလာပြီဆိုတော့သာအိမ်ထဲမှာဇောက်ထိုးဖြစ်နေလား၊တည့်တည့်နေသလားသူသိနေပြီတဲ့။
၇)လအကြာ - ၂ပေါင် ၆အောင်စ ဆိုတော့တော်တော်လေးနေပြီ။position လည်းခဏခဏပြောင်းတတ်တယ်တဲ့။ဒီအချိန်မှာမွေးခဲ့မယ်ဆိုရင်တောင်အသက်ရှင်ဖိုအခွင့်အလမ်းများလာပြီတဲ့။ 