(၁)ခြေထောက်အနံ့မထွက်အောင်
ခြောက်သွေတဲ့ခြေထောက်တွေဟာအနံ့အသက်ကင်းပါတယ်။ဒါကြောင့်ခြေအိပ်ကိုရွေးချယ်ရာမှာ စုပ်ယူမှုကောင်းတဲ့ ချည်သားနဲ့ယက်ထားတဲ့ခြေအိပ်တွေကိုရွေးချယ်သင့်ပါတယ်။ရှူးဖိနပ်စီးလျှင်လည်းသားရေ၊ကင်းဘတ်ကဲ့သို့ရှူးဖိနပ်များကိုရွေးချယ်စီးသင့်ပါတယ်။တစ်ပတ်ကို (၃)ကြိမ်ခန့်ခြေထောက်ကိုရေနွေးနဲ့ (၁၀)မိနစ်ခန့်စိမ်သင့်ပါတယ်။လက်ဖက်ခြောက်ထည့်ပြီးညအိပ်ရာမ၀င်ခင်ပြုလုပ်ရပါမယ်။
(၂)သွားပုံမှန်တိုက်ပေမယ့်ပါးစပ်အနံ့မပျောက်သူများအတွက်
သွားပုံမှန်တိုက်ပေမယ့်အနံ့အသက်မပျောက်ရင်တော့ပြသနာက သွားမဟုတ်ဘဲ လျှာနဲ့ခံတွင်းဖြစ်နိုင်ပါတယ်။သင့်ရဲ့ခံတွင်းမှာရှိနေတဲ့ဘက်တီးရီးယားပိုးကောင်လေးတွေအောက်ဆီဂျင်မရတော့ဘူးဆိုရင်တော့ အလွန်ကိုခံရခက်တဲ့အနံ့ဆိုးတွေထွက်လာတတ်ပါတယ်။ဘက်တီးရီးယားလေးတွေ ဟာ alcohol ပါတဲ့ ခံတွင်းသန့်ဆေးတွေသုံးရင်၊စိတ်ကျရောဂါကုသတဲ့ဆေးသောက်သုံလျှင်၊သွေးပေါင်တက်လျှင်၊ပါးစပ်ကိုအချိန်အကြာကြီးပိတ်ထားလျှင် အောက်ဆီဂျင်ပြတ်ပြီး အနံ့ဆိုးထွက်တတ်ပါတယ်။ကြက်သွန်ဖြူ၊နီစားလျှင်လည်းအနံ့စွဲကျန်နေတတ်ပါတယ်။ဒါကြောင်အနံဆိုးကင်းအောင်လျှာကိုခြစ်နေရုံနဲ့မပြီးပါဘူး။အောက်ဆီဂျင်များများရအောင် သင်ခံတွင်းမခြောက်သွေ့အောင် ရေကို များများသောက်ပေးရပါမယ်။ခံတွင်းသန့်ဆေးရည်ကိုလည်းalcohol မပါတာကိုရွေးချယ်သုံးစွဲသင့်ပါတယ်။
(၃)ချွေးထွက်များသူ
ပုံမှန်အားဖြင့်ရောဂါမဟုတ်ပါဘူး။လူတော်တော်များများဖြစ်တတ်ကြပါတယ်။သို့ပေမယ့်ဆရာဝန်နဲ့ပြပြီးမိမိမှာ သိုင်းရွိက်ရောဂါရှိမရှိစစ်ဆေးလိုက်မယ်ဆိုရင်တော့ အကျိုးမယုတ်ပါဘူး။အိပ်ယာမ၀င်ခင်ချွေနံပျောက်ဆေးအပြင်းစားကိုသုံးသင့်ပါတယ်။သာမန်ချွေးနံ့ပျောက်ဆေးထက် အလူမီနီယမ်ကလိုရိုက်ပိုမိုပါဝင်တာကိုရွေးချယ်သုံးစွဲသင်ပါတယ်။ဒါကိုမှ မကျေနပ်သေးရင်တော့ botox ထိုးဆေးကိုအသုံးပြုနိုင်ပါတယ်။ချွေးဂလင်းတွေကို ၆လမှ ၁နှစ်ကြာအောင် paralyze လုပ်ထားနိုင်ပါတယ်။ဒေါ်လာ ၈၀၀ မှ ၁၅၀၀ ခန့်ကုန်ကျနိုင်ပါတယ်။
(၄)ခြေသည်းမှိုစွဲခြင်း
အားကစားသမားတွေမှာခြေအိပ်နဲ့ဖိနပ်တွေ share လုပ်ပြီး ၀တ်လျှင်ဖြစ်တတ်ပါတယ်။ရေချိုးစီးဖိနပ်တွေကို ကိုယ်ပိုင်ထားသုံးစွဲသင့်ပါတယ်။antifungal ဆေးများဖြင့်ပျောက်ကင်းအောင်ဂရုတစိုက်ကုသသင့်ပါတယ်။
(၅)သွားတွေအရောင်စွဲခြင်း
ဆေးလိပ်သောက်ခြင်း၊ကော်ဖီ၊ကိုလာစတဲ့အဖျော်ရမကာများကိုအလွန်အကျွံသောက်သုံးခြင်းစတာတွေက သွားတွေကိုအရောင်စွဲစေပါတယ်။ကြာလေဖျက်ရခက်လေပါပဲ။carbamide peroxide ပါဝင်တဲ့သွားတိုက်ဆေးများကိုသုံးစွဲသင့်ပါတယ်။ပိုပြီးဖြူချင်လျှင်တော့ သွားဆရာဝန်က လုပ်ပေးနိုင်ပါတယ်။ဒေါ်လာ ၁၀၀၀ သန်းကျင်ခန့်ကုန်ကျနိုင်ပါတယ်။
Showing posts with label health. Show all posts

Friday, August 29, 2008
Thursday, July 24, 2008
အစားအသောက်နှင့်ကျန်းမာရေး
အသက်အရွယ်အိုမင်းရင့်ရော်ခြင်း။ လူတိုင်း။လူတိုင်း အနိစ္စတရား အရ အိုမင်းမစွမ်းဖြစ်ကြရမှာမလွဲဧကန်ပင်။သို့ပေမယ့်လည်းတစ်ချို့တစ်ချို့မှာ တော့အသက်အရွယ်နှင့်မလိုက်အောင်နုပျို လှပနေတာတွေ့ဖူးကြပါလိမ့်မယ်။ဘာကြောင့်ပါလဲ။အာဟာရဓါတ်မျှတမှန်ကန်စွာစာသုံးခြင်းဟာသက်ရှည်ကျန်းမာခြင်ရဲ့သော့ချက်လား......
အသက်အရွယ်ကြီးရင့်ခြင်းဟာယျေဘူယျအားဖြင့်နာတာရှည်ရောဂါတစ်ခုနဲ့ဒွန်တွဲနေတတ်ပါတယ်။နှလုံးသွေးကြောကျဉ်းရောဂါ၊လေဖြတ်လေငန်းရောဂါ၊ဆီးချိုသွေးချိုရောဂါ၊ကင်ဆာရောဂါ စတာတွေဟာအများအားဖြင့်အသက်ကြီးလာတာနဲ့အမျှဖြစ်ဖို့ရာနှုန်းများလာပါတယ်။သို့ပေမယ့်လူတိုင်တော့မဖြစ်ကြပါဘူး။ကိုယ်လက်လှုပ်ရှားလေ့ကျင်းခန်းနည်းပါခြင်း၊ဆေးလိပ်သောက်ခြင်း၊အဟာရမျှတစွာမစားသုံးခြင်းနှင့်မျိုးရိုှးဗီဇစတဲ့အချက်တွေကသာရောဂါဖြစ်စေတဲ့အဓိကကြောင်းအရင်တွေဖြစ်ပါတယ်
အရွယ်တင်နုပျိုဖို့ အစားအသောက်ကိုမျှမျှတတမှန်မှန်ကန်ကန်စားသုံးဖို့လိုအပ်ပါတယ်။အဆစ်အမြစ်နာကျင်ကိုခဲခြင်း၊မှတ်ညဏ်ချိုးယွင်းအားနည်းလာခြင်း၊အမြင်အာရုံမှုန်ဝါးလာခြင်းစတာတွေကိုအတတ်နိုင်ဆုံးကာကွယ်တားဆီးထားနိုင်ဖို့မှန်ကန်တဲ့စားသောက်မှုပုံစံက ဘာလဲ....ဟာဝိုင်ယီတက္ကသိုလ် သက်ကြီးဆေးပညာ ပါမောက္ခ ဒေါက်တာ ဘရက်ဒလေ၀ီးလ်ကောက်စ်က "ကယ်လိုရီနည်းပြီးအာဟာရဓါတ်ပြည်စုံတဲ့ လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်၊သစ်သီးသစ်ဥ၊ပဲအမျိုးမျိုးစတာတွေဟာအမှန်တကယ်အကျိုးဖြစ်ထွန်းစေတဲ့အစားအသောက်တွေဖြစ်ပါတယ်"လို့ဆိုပါတယ်
အသီးအနှံများသစ်ဥသစ်ဖုများမှာပေါများစွာတွေ့ရတဲ့ Antioxidant လို့ခေါ်တဲ့ ဓါတ်ပစ္စည်းတွေဟာ အသက်အရွယ်အိုမင်းရင့်ရော်မှုကိုအထိုက်လျှောက်အချိန်ဆွဲဟန့်တားထားနိုင်တယ်လို့ဆိုပါတယ်။ယနေ့အခါမှာအဆိုပါAntioxidants များဟာဆေးဝါးအဖြစ်နဲ့ဈေးကွက်မှာနေရာတော်တော်ရနေပါပြီ။အဆိုပါ Antioxidants များဟာ ခန္ဒာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကြောင့်ထွက်ပေါ်လာတဲ့ Free radicals များကိုတိုက်ထုတ်ရာမှာအရေးပါလှပါတယ်။အဆိုပါ Free radicals များဟယကိုယ်ခန္ဒာ ဆဲလ်များရဲ့ ပုံမှန် Function့ုထိခိုက်စေပါတယ်။ဆေးလိပ်သောက်ခြင်း၊တဆင့်ခံဆေးလိပ်ငွေ့များကိုရှူရှိက်ခြင်း၊ခရမ်းလွန်ရောင်ခြည်များနဲ့ထိတွေ့ခြင်းကြောင့် ခန္ဒာကိုယ်မှ free radicals အမြောက်အများထွက်လာတတ်ပါတယ်။
Free radicals တွေခန္ဒာကိုယ်ထဲ မှာ စုပုံလာခြင်းဖြင့် ကင်ဆာရောဂါ၊နှလုံးသွေးကြောကျဉ်းရောဂါ၊အဆစ်အမြစ်ရောင်ရောဂါစတဲ့နာတာရှည်ရောဂါများဖြစ်ပေါ်လာဖို့တွန်းအားပေးပါတယ်။ကျန်မာရေးကိုအလွန်အမင်းထိခိုက်စေပါတယ်။ဒါအပြင် အသက်အရွယ်ကြီးရင်မှု့ဟာFree Radical များကိုပိုမိုထွက်ရှိစေတာကြောင့် အသက်ကြီးလာတာနဲ့အမျှ ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့၊သင့်တော်တဲ့ အစားအသောက်တွေကိုရွေးချယ်စားသောက်ဖို့ပိုမိုလိုအပ်လာပါတယ်။
ကျန်းမာသက်ရှည်နေနိုင်ရေးအတွက် ပရိုတိန်းဓါတ်၊ဗိုက်တာမင်ဒီဓါတ်၊ကယ်ဆီယမ်ဓါတ်နှင့်အခြားသော အဟာရဓါတ်တို့ကိုစုံလင်မျှတအောင်စားဖို့လိုအပ်သလို အမဲဆီ၊၀က်ဆီစတဲ့ အဆီအနှစ်များကို အလွန်အမင်းစားသုံးခြင်းမှရှောင်ကျဉ်ကြဖို့အထူးလိုအပ်ပါတယ်။
အခွံမာစေ့များ(Nuts)
ဗီတာမင်အီးပေါများစွာပါဝင်ပြီးကိုယ်လက်စထရောဓါတ် နည်းပါးတဲ့ပရိုတိန်းအရင်းအမြစ်ဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စု ကျန်းမာရေးနှင့်အာဟာရဂျာနယ်မှာထုတ်ပြန်တဲ့ သုတေသနစစ်တမ်းတစ်ခုမှာ အမျိုးသမီး ၃၅၀၀၀ ပါဝင်ပြီး အခွံမာစေ့အပါအ၀င်ဗိုက်တာမင် အီးဓါတ်ပါဝင်တဲ့အစားအသောက်များကိုပုံမှန်စားသုံးသူများမှာလေဖြတ်လေငန်းရောဂါဖြစ်ပွားမှုနည်းပါးတာကို တွေ့ရပါတယ်။ဒါကြောင့်ဗီတာမင်အီးဓါတ်ပါဝင်တဲ့ ဗာဒံစေ့၊သီဟှိုစေ့နှင့်အသီးအနှံတွေကိုနံနက်စာအတွက်အဓိကစားစရာအဖြစ်စားသုံးသင့်တယ်လို့အကြံပြုထားပါတယ်။ပေါင်မုန့်နဲ့အသားညှပ်အစားပေါင့်မုန်ကိုဆလတ်ရွက်၊အခွံမာစေ့၊အဆီမပါဝင်တဲ့ဒီန်ချဉ်စတာတွေနဲ့တွဲဖက်စားသုံးသင့်တယ်လို့ဆိုပါတယ်။
ငါး(Fishes)
ကျွှန်တော်တို့မြန်မာနိုင်ငံဟာမြစ်ချောင်းအင်းအိုင်ပေါများပြီးသားငါးပုစွန်များအလျှံပယ်ထွက်ရှိပါတယ်။ငါးတွေမှာ အိုမီဂါ3ဆိုတဲ့အဆီဓါတ်တစ်မျိုးပါဝင်ပြီးကျန်မာရေးအတွက်အထူးသင့်လျှော်ပါတယ်။အိုမီဂါ 3 အဆီဓါတ်ဟာ သွေးကြောအတွင်းအဆီစုပုံခြင်းကိုကာကွယ်ပေးပြီး၊ကျန်မားရေအတွက်ထောက်အကူမပြုတဲ့ပြည့်ဝဆီတွေကိုသွေးကြောတွင်းကနေ ဖယ်ရှားပေးပါတယ်။သွေးတိုးရောဂါ၊နှလုံးသွေးကြောကျဉ်းရောဂါ၊လေဖြတ်လေငန်းရောဂါများဖြစ်ပွားမှုကိုကာကွယ်နိုင်ပြီးကျန်းမာသက်ရှည်နေနိုင်စေပါတယ်။ဒါကြောင့် နေ့စဉ်လိုအပ်တဲ့ပရိုတင်းဓါတ်အတွက် ငါးကိုရွေးချယ်စားသုံးသင့်ပါတယ်။ဆော်လမွန်ငါး၊ဆာဒင်းငါး၊တူနာငါးတွေမှာ အိုမီဂါ3 ဓါတ်ပေါကြွယ်ဝတာတွေ့ရပါတယ်။
သံလွင်ဆီ(Olive Oil)
သံလွင်ဆီဟာစားသုံးဆီတစ်မျိုးဖြစ်ပြီးမြန်မာပြည်မှာကျယ်ကျယ်ပြန့်ပြန့်စားသုံးတာမတွေ့ရပါဘူး။သံလွင်ဆီမှာကျန်းမာရေးကိုထိခိုက်စေတဲ့ပြည့်ဝအဆီဓါတ်ကင်းစင်တာတွေ့ရပါတယ်။အဆိုပါပြည့်ဝဆီများကိုထောပတ်နဲ့အလားတူစားသောက်ကုန်များမှာတွေ့ရပါတယ်။အသက်၆၅နှစ် နှင်အထက်လူများကိုအခြေခံပြီးလေ့လာထားတဲ့သုတေသနမှတ်တမ်းတစ်ခုအဆိုအရပြည်ဝဆီများကိုပိုမိုစားသုံးလေလေ မှတ်ဥာဏ်စွမ်းရည်းလျှော့နည်းလေလေဖြစ်ကြောင်းတွေ့ရှိရပါတယ်။ဒါ့အပြင်သံလွင်ဆီဟာကျန်းမာရေးကိုအထောက်အကူပြု့တဲ့ HDL ကိုလက်စထရောပမာဏကိုတိုးပွားစေပါတယ်။သံလွင်ဆီမှာပါဝင်တဲ့ oleocanthal ဆိုတဲ့ဓါတ်ပစ္စည်းဟာ ရောင်ရမ်းမှုကိုသက်သာစေတဲပအကျိုးကျေးဇူးရှိတာတွေ့ရှိရပါတယ်။
ဟင်းသီးဟင်းရွက်နှင့်အသီးအနှံများ
ဖိုက်ဘာဓါတ်။ဗီတာမင်များ၊ခန္ဒာကိုယ်ကို အကျိုးပြုတဲ့ဓါတ်ပစ္စည်းပေါင်းများစွာပါဝင်ပြီးကျန်းမာသန်စွမ်းစေကာအရွယ်တင်နုပျိုစေတယ်လို့ဆိုပါတယ်။တစ်နေ့လျှင်သစ်သီး (၁၀)လုံးနှင့်အထက်စားသုံးသူတွေရဲ့သွေးထဲမှာAntioxidants ပမာဏမြင့်မားစွာပျော်ဝင်နေပြီးအိုမင်းရင်ရော်မှုကိုနှေးကွေးစေတယ်လို့ဆိုပါတယ်။အသီးအရွက်တွေမှာပေါများစွာပါဝင်တဲ့မဂ္ဂနီဆီယမ်၊ပိုတက်ဆီယမ်၊ဗိုက်တာမင်ကေ စတဲ့ဓါတ်ပေါင်းတွေဟာအရိုးများကိုသန်မာစေပြီးအဘိုးအဘွားတွေမှာဖြစ်တတ်တဲ့အရိုးပွရောဂါကိုကာကွယ်နိုင်တယ်လို့ဆိုပါတယ်။မြန်မာရေမြေတောတောင်သဘာဝအရ ရာသီစုံသီးနှံတွေစိုက်ပျိုးဖြစ်ထွန်းပေါများစွာဝယ်ယူစားသုံးနိုင်ပါတယ်။အနောက်နိုင်ငံတွေမှာတော့လတ်ဆတ်တဲ့အသီးအနှံတွေရှားပါပြီးတန်ဖိုးပေးပြီးဝယ်ယူစားသုံးကြရပါတယ်။
ပဲအမျိုးမျိုး
မြန်မာနိုင်ငံမှာပဲမျိုးစုံစိုက်ပျိုးဖြစ်ထွန်းပြီးနိုင်ငံတကာကိုပင်တင်ပို့ရောင်းချနေပါတယ်။ကာဗိုဟိုက်ဒြိုတ်၊ဖိုက်ဘာဓါတ်၊ပရိုတိန်းဓါတ်၊ဗိုက်တာမင်များ၊Antioxidantsများစတဲ့အဖိုးတန်ဓါတ်ပစ္စည်းပေါင်များစွာပါဝင်ပြီးကျန်းမာရေးကိုအထောက်အကူပြုလှပါတယ်။ပဲအမျိုးမျိုးကို ဟင်းအဖြစ်သာမကမုန့်ပဲသရေစာအမျိုးမျိုးပြုလုပ်ပြီးစားသောက်နိုင်ပါတယ်။
ဆန်၊ဂျုံ၊ပြောင်း
လုံးတီးဆန်၊ဂျုံ၊ပြောင်းစတာတွေဟာနေ့စဉ်စားသုံးနေရတဲ့အဓိကအစားအစာတွေဖြစ်ပါတယ်။ဖိုက်ဘာဓါတ်၊ဘီတာမင်ဘီဓါတ်ပေါင်းစု၊ဘီတာမင်အီနှင့် Antioxidantsတွေပါဝင်တဲ့အဖိုးတန်အစားအစာတွေဖြစ်ပါတယ်။ဆန်လုံးညိုကိုစာသုံးခြင်း၊ထမင်းရေခန်းချက်ပြုတ်ခြင်းတို့ဟာကျန်းမာရေးနဲ့ကိုက်ညီတယ်လို့ဆိုကြပါတယ်။အထူးသဖြင့်ကိုယ်ဝင်ဆောင်နှင့်သားသည်မိခင်တို့စားသုံးပါက ရင်သွေးငယ်မှာ beri beri လို့ခေါ်တဲ့ ဗိုက်တာမင်ဘီဝမ်းချို့တဲ့ တဲ့ရောဂါဆိုးကြီးကိုကာကွယ်နိုင်မှာဖြစ်ပါတယ်။
နို့နှင်နို့ထွက်ပစ္စည်းများ
အဆီဓါတ်နည်းပါးတဲ့နို့နှင့်နို့ထွက်ပစ္စည်းတွေဟာကယ်လ်ဆီယံ နှင် ပရိုတိန်းဓါတ်များပါဝင်ကာအရိုးနှင့်ကြွက်သားများကိုသန်မာစေပြီးကိုယ်ခံစွမ်းအားကိုမြင်မားစေပါတယ်။ဗိုက်တာမင်ဒီဖြည့်စွက်ထာတဲ့နို့ကိုသောက်သုံးခြင်းဖြင့်ကယ်လ်ဆီယမ်စုပ်ယူမှုကိုအားကောင်းစေသည့်အပြင်အူမကြီးကင်ဆာ၊ဆီးကျိတ်ကင်ဆာ၊ရင်သားကင်ဆာတို့ကိုကာကွယ်နိုင်တယ်လို့ဆိုပါတယ်။
အ၀လွန်ခြင်း
အ၀လွန်ခြင်းဟာနှလုံး၊သွေးကြောများ၊အရိုးအဆစ်များကိုဝင်ပိစေပြီးရောဂါဘယထူပြောစေပါတယ်။ခန္ဒာကိုယ်အဆီဓါတ်မြင့်မာခြင်းဟာ မှတ်ဥာဏ်ချို့တဲ့ခြင်း၊အမြင်အာရုံချို့တဲ့ခြင်း၊ကင်ဆာ စတဲ့ရောဂါဝေဒနာများဖြစ်ပေါ်ခံစားရန်အခွင်အလမ်းပိုမိုများပြားတယ်လို့ဆိုပါတယ်။ဒါကြောင်အ၀လွန်သူတွေဟာနေ့စဉ်စားသုံးနေတဲ့ကယ်လိုရီပမာဏကိုလျှော့စားသင့်တယ်လို့အကြံပြုထားပါတယ်။ကယ်လိုရီကိုလျှော့စားခြင်းဖြင့် Metabolism ကိုလျော့နည်းစေကာfree radicals ထွက်ရှိမှုကိုနည်းပါးစေပါတယ်။ဒါ့အပြင်ခန္ဓာကိုယ်တွင်းအပူချိန်ကိုလျော့ကျစေကာ၊သွေးတွင်းသကြားဓါတ်ပမာဏကိုလည်းလျော့နည်းစေပါတယ်။ဒါဟာကယ်လိုရီလျှော့စားရခြင်းရဲ့အကျိုးကျေးဇူးလို့ဆိရပါမယ်။
လူတိုင်းလူတိုင်းအိုမင်ရင်ရော်ခြင်းကိုကြုံတွေ့ကြရမှာဖြစ်ပါတယ်၊သို့ပေမယ့်လူတိုင်းသက်တန်းစေ့နေနိုင်ရေဆိုတဲ့ရည်မှန်ချက်အတိုင်းအနာရောဂါကင်ရှင်းစေဖို့အစားအသောက်များကိုမှန်ကန်စွာရွေးချယ်စားသောက်ကြပါလို့အကြံပြုလိုပါတယ်။
Aging well :Eating right for longevity By Elizabeth M. Ward, MS ကိုဆီလျှော်အောင်ဘာသာပြန်ထာပါတယ်။
ဒေါက်တာငွေဇင်သူ

Subscribe to:
Posts (Atom)