Showing posts with label ADHD. Show all posts
Showing posts with label ADHD. Show all posts

Monday, September 22, 2008

ATTENTION DEFICIT HYPERACTIVITY DISORDER(3)

ကုသနည်းများ

ဝေဒနာရှင် ကလေးတွေရဲ့ မိဘတိုင်း သိချင် နေတဲ့ မေးခွန်းလေး ပါပဲ။ ဒီ ကလေးလေး တွေကို ပြုစု ကုသဖို့ ပြီးပြည့်စုံတဲ့ တစ်ခု တည်း သော နည်းလမ်း ဆိုတာ မရှိပါဘူး။ ရောဂါ လက္ခဏာတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူတတ်လို့ ကုသတဲ့ အပိုင်း မှာလည်း မတူ တတ် ပါဘူး။ ဒါအပြင် တွဲပြီး တွေ့ရ တတ်တဲ့ ရောဂါတွေ ကိုလည်း ကုသ ရပါမယ်။

ဆေးဝါးဖြင့် ကုသနည်း (Medication)
ဒါက တော့ မိဘ အုပ်ထိန်းသူ တွေ စိုးရိမ် နေတဲ့ ပြဿနာ တစ်ရပ်ပါ။

ADHD ကို ကုသဖို့ အတွက် အာရုံ နိုးကြွ စေသော လှုံ့ဆော် ဆေး Stimulant Drugs တွေကို သုံးနေရ လို့ ပါပဲ။ သူတို့ ကလေးလေး တွေကို ဆေးစွဲ သွားမှာ စိုးရိမ် ကြပါတယ်။ သက်ဆိုင်တဲ့ နယ်ပယ် က တတ်ကျွမ်းတဲ့ ဆရာဝန်ကြီး တွေ စနစ်တကျ ပေးမယ် ဆိုရင်တော့ ဒီဆေး တွေက စိတ်ချ ရပါတယ်။ ယခု အချိန် အထိတော့ ADHD မှာ အသုံးပြုတဲ့ Stimulant ဆေး တွေမှာ ဆေးစွဲ စေတတ်တယ် ဆိုတဲ့ အချက် အလက် ခိုင်ခိုင် လုံလုံ မတွေ့ရ သေးပါဘူး။ ဆရာဝန် ဆီကိုတော့ ချိန်းဆို မှု အတိုင်း မှန်မှန် ပြန်လာ ပြခြင်း follow up လုပ်ဖို့ လိုပါတယ်။ ဆေး အချိန်အဆ တိုးခြင်း၊ ဆေး ပြောင်းခြင်း စတာ တွေကို ဆရာဝန် ကိုယ်တိုင် လူနာရဲ့ တိုးတက် ပြောင်းလဲမှု ကို လေ့လာပြီး မှ ဆုံးဖြတ် ပါလိမ့်မယ်။ ဆေးဝါး တွေက ADHD ရဲ့ လက္ခဏာ တွေကို ထိန်းချုပ် ပေးရုံ သက်သက်ပါ။ လုံးဝ ပျောက်ကင်းအောင် မကုသ နိုင်ပါဘူး။ လူနာရဲ့ အသက် အရွယ် ဟာလည်း အရေးကြီး ပါတယ်။ အသက်အရွယ် အလိုက် သုံးစွဲရတဲ့ ဆေးဝါး တွေ ကလည်း မတူနိုင် ပါဘူး။

အောက်မှာ ဖော်ပြ ထားတဲ့ ဆေးဝါး တွေ ကတော့ FDA က အသိအမှတ် ပြုထားတဲ့ အာရုံ နိုးကြွ စေသော ပစ္စည်း Stimulant တွေ ဖြစ်ပါတယ်။
Adderall(amphetamine) 3years and older
Concerta(methylphenidate)6years and older
Cylert(pemoline )6 years and older
Dexedrine(dextroamphetamine) 3 year and older
Dextrostat(dextroamphetamine)3 year and older
Focalin( dexmethylphenidate) 6 years and older
Metadate ER(methylphenidate) 6 year and older
Metadata CD (methylphenidate) 6 year and older
Ritalin(methylphenidate) 6 years and older

FDA က နေပြီး stimulant မဟုတ်တဲ့ ဆေးဝါး တစ်မျိုး ကို မကြာခင် ကပဲ အသိအမှတ်ပြု သုံးစွဲခွင့် ပေးထား ပါတယ်။ Strattera လို့ ခေါ်တဲ့ အဆိုပါ ဆေးဝါးဖြင့် ကုသတဲ့ ကလေး ၇၅% ဟာ ရောဂါ လက္ခဏာ တွေ သက်သာ ပျောက်ကင်း ကြောင်း တွေ့ရှိ ရပါတယ်။

ဆေးဝါးဖြင့်ကုသခြင်း၏ ဆိုးကျိုးများ
ကြီးကြီးမာမား အန္တရာယ် ဖြစ်စေတဲ့ ဘေးထွက် ဆိုးကျိုး မရှိပါဘူး။ ယျေဘူယျ တွေ့နိုင်တဲ့ ဘေးထွက် ဆိုးကျိုး တွေ ကတော့ အစား အသောက် ပျက်ခြင်း၊ နှစ်ခြိုက်စွာ အိပ် မပျော်ခြင်း၊ စိတ်တို စိတ်ဆတ်ခြင်း၊ ခေါင်းကိုက်ခြင်း တို့ ဖြစ်ပါတယ်။

Behavior modification
ဆေးဝါးတွေက ကလေးရဲ့ နေ့စဉ် performance တွေကို အထိုက် အလျောက် တိုးတက်အောင် စွမ်းဆောင် နိုင်ပေမယ့် နေ့စဉ် ကြုံတွေ့ နေနိုင်တဲ့ လူမှုရေး ပြဿနာ တွေကို ဖြေရှင်း နိုင်ဖို့၊ ကလေးရဲ့ အမူအကျင့် ဆိုင်ရာ ပြဿနာ behavior problem တွေ အတွက် နည်းလမ်း ရှာနိုင်ဖို့ စိတ် ကျန်းမာရေး ပညာရှင် mental health professional နဲ့ တွေ့ဆုံ ဆွေးနွေး သင့်ပါတယ်။ ဝေဒနာရှင် ကလေး ကိုယ်တိုင် သာမက မိသားစုဝင် တွေ ကိုပါ တွေ့ဆုံ ဆွေးနွေး အကြံပေး ရပါမယ်။

Social skill training
ကလေးကို လူမှု ပတ်ဝန်းကျင် မှာ လိုက်နာ ရမယ့် စည်းကမ်း လေးတွေကို သင်ပေး ရပါမယ်။ ဥပမာ ... တန်းစီပြီး ကိုယ်အလှည့် ရောက် အောင် စောင့်ခိုင်း ခြင်း၊ ဘောလုံး၊ အရုပ် စတာ တွေကို မျှဝေ ကစားခြင်း၊ တဘက်လူရဲ့ မျက်နှာရိပ်၊ မျက်နှာကဲ နှင့် အသံ အနေ အထား အပေါ် မူတည်ပြီး တုန့်ပြန် ပြုမူ တတ်အောင် သင်ကြား ပေးခြင်း စတာတွေကို အထူး လေ့ကျင့်ထားတဲ့ Social health worker လူမှု ကျန်းမာရေး လုပ်သား တွေနဲ့ သင်ကြား ပေးရပါမယ်။ မိဘတွေ အနေနဲ့ ကလည်း ဘ၀တူ မိဘတွေကို ရှာဖွေပြီး အတွေ့အကြုံ ဖလှယ် နိုင်ပါတယ်။ အကြံဉာဏ်များ ရယူ နိုင်ကြ ပါတယ်။ တစ်ချို့ ကလေးတွေ အရွယ်ရောက် လာတဲ့ အချိန်မှာ ရောဂါ လက္ခဏာ ကင်းစင် ပပျောက် သွားပေမယ့် ၃၀% မှ ၇၀% အထိ ကတော့ လူကြီးပိုင်း အထိ လက္ခဏာ တွေ ရှိနေ တတ်ပါတယ် …

ADHD Diet အစားအစာများ

ADHD ကလေးတွေ အတွက် အစားအစာ ဆိုပေမယ့် ထူးထူး ခြားခြား ကြီး ပြင်ဆင် ချက်ပြုတ် စရာတော့ မလို ပါဘူး။ မိသားစု အတွင်း နေ့စဉ် စားသောက် နေတာကို အနည်းငယ် ပြင်ဆင် စားသောက်လျှင် ရနိုင်ပါတယ်။

ပရိုတင်းဓါတ် (အသားဓါတ်) ပြည့်ဝအောင် စားပါ။
နံနက်စာ အတွက် ပရိုတင်းဓါတ် အဓိက ပါဝင်အောင် ပြင်ဆင် သင့်ပါတယ်။ သာမန် နံနက်စာမှာ ကာဗိုလ် ဟိုက်ဒြိုတ်ဓါတ် (ကစီဓါတ် (သို့) သကြားဓါတ်) များစွာ ပါဝင် နေတတ် ပါတယ်။ ပရိုတင်းဓါတ် (၇၀%) ကာဗို ဟိုက်ဒြိုတ် (၃၀%) ဖြစ်အောင် ပြင်ဆင် စားသုံး သင့်ပါတယ်။

ရေများများ သောက်ပါ။
တစ်နေ့ကို ၁လီတာ ခွဲ (ရေသန့်ဗူး တစ်ဗူး ခွဲ)ခန့် အနည်းဆုံး သောက်သုံး သင့်ပါတယ်။

Omega 3 fatty acid
နေ့စဉ် အစား အသောက်မှာ ပင်လယ် ငါး တစ်မျိုး မှ ရသော ငါးကြီးဆီ သန့် တစ်မျိုး omega 3 fatty acid ပါဝင်အောင် စားသောက်ခြင်း က ADHD ဝေဒနာ တွေကို သက်သာ စေတယ် လို့ ဆိုပါတယ်။ ယောင်္ကျား လေးတွေမှာ Omega 3 fatty acid ပမာဏ ပိုပြီး လိုအပ် ပါတယ်။ asprin နှင့် warfarin ကဲ့သို့ သွေးကျဲ စေသော ဆေးများကို သောက်သုံး နေလျှင်တော့ omega 3 သောက်သင့် မသောက် သင့် ဆရာဝန်နှင့် တိုင်ပင် သင့်ပါတယ်။

ရှောင်ကျဉ် သင့်သည့် အစားအစာများ
ကိုယ်ခန္ဓာ ၏ လွန်ကဲ တုန့်ပြန်မှု လက္ခဏာ Hyperactivity symptom တွေဟာ food allergy အစားအသောက် ဓါတ်မတဲ့ မှု နဲ့ ဆက်နွယ်မှုရှိတာကြောင့် မိမိနဲ့ မတည့်သော အစားအစာ များကို ဂရုစိုက် ရှောင်ကျဉ် သင့်ပါတယ်။
ဥပမာ -
နို့နှင့် နို့ထွက် ပစ္စည်းများ
အချိုရည် ဘူးများ
ချောကလက်
ဆီ နှင့် ကြော် ထားသော အစားအစာ များ (Fried foods)
အရောင်တင် ထားသော အစားအစာများ
သကြားဓါတ် များသော အစားအစာများ


ကျန်းမာ ရွှင်လန်း ကြပါစေ ...

Wednesday, September 17, 2008

ATTENSION DEFICIT HYPERACTIVITY DISORDER (2)

ADHD ဝေဒနာရှင်မိဘအများစုက ရောဂါဘာကြောင့်ဖြစ်ရတယ်ဆိုတာမသိကြပါဘူး။သူတို့ကလေးကို ပဲ့ပြင်ဆုံးမတာလိုအပ်လို့ပဲထင်နေကြပါတယ်သူတို့မှာအပြစ်ရှိတယ်
လို့ပဲထင်မှတ်နေကြပါတယ်။တကယ်တော့ ADHD ဟာ ကလေးကိုမဆုံးမတတ်လို့ရတဲ့ရောဂါမဟုတ်ပါဘူး။ADHD ဖြစ်ပွားရတဲ့ အကြောင်းအရင်းတွေကို နှစ်ပေါင်းများစွာရှာဖွေ ခဲ့ရာမှာအောက်ပါအချက်အချို့ကိုတွေ့ရှိခဲ့ပါတယ်။
Environmental Agents
သုတေသန စမ်းသပ်မှုတွေအရ ADHD ဟာ ပွဲတိုင်းကျော် ဆေးလိပ်၊အရက်တွေနဲ့ဆက်စပ်နေပါသတဲ့။ကိုယ်ဝန်ဆောင်နေစဉ်အတွ
ဆေးလိပ်အရက်သောက်သုံးတဲ့မိခင်တွေသတိထားဖို့လိုပါတယ်။မြန်မာမိခင်အများစုကတော့ ဆေးလိပ်၊အရက်သောက်လေ့မရှိပါဘူး။ဒါပေမယ့် ကိုယ်ဝန်ဆောင်ဇနီးသည်အနားမှာဆေးလိပ်မသောက်ကြဖို့ အမျိုးသားများကို အကြံပေးလိုပါတယ်။Environmental agents တွေထဲမှာ နောက်သတိထားရမှာ တစ်ခုက Lead (ခဲ) ပါ။ မြန်မာပြည်မှာတော့ ဘက်ထရီအိုးလုပ်ငန်းတွေမှာ ခဲဆိပ်သင့်ဖို့အခွင့်အလမ်းများပါတယ်။အခြားလုပ်ငန်းခွင်တွေလည်းရှိမယ်ထင်ပါတယ်။ဟိုးအရင်က နံရံဆေးရေးပန်းချီ တွေမှာ ခဲတွေပါဝင်တယ်လို့ဆိုပါတယ်။ အခုခေတ်မှာတော့ ခဲပါဝင်မှုကိုထိန်းချုပ်လိုက်ပါပြီ။ ပတ်ဝန်းကျင်မှာရှိတဲ့ ခဲပမာဏကို မိဘတွေက သတိပြုရပါမယ်။ADHD သာမက အခြား ရောဂါတွေလည်းဖြစ်နိုင်သေးလို့ပါ။ကျွန်တော်အချိန်ရရင် ခဲဆိပ်သင့်တဲ့အကြောင်းကိုရေး ပေးပါ့မယ်။
Brain Injury
ဦးနှောက်ကိုမတော်တဆထိခိုက်မိတဲ့ကလေးတွေမှာ ADHD ရောဂါလက္ခဏာတွေတွေ့ရတတ်ပါတယ်။
Food Additives and Sugar
အစားအသောက်တွေမှာ မှာ အသုံးပြုတဲ့ Food additive နဲ့ သကြားပမာဏ ဟာလည်း ADHD နဲ့သက်ဆိုင်နေတယ်လို့ဆို
ပါတယ်။Food allergy ရှိတဲ့ကလေးတွေမှာ သကြားပမာဏကိုထိန်းချုပ်လိုက်ခြင်းဖြင့်၅ရာခိုင်နှုန်းသောကလေးတွေမှာရောဂါလက္ခ
ဏာတွေ လျော့ပါးသွားတယ်လို့ ဆိုပါတယ်။
Genetic
ADHD ရောဂါ ရောဂါသည်ကလေးရဲ့ First degree relative တွေမှာလည်း ADHD လက္ခဏာတွေတွေ့နိုင်ပါတယ်။တစ်ချို့ သုတေသနတွေမှာဆိုလျှင် first degree relative ရဲ့ ၂၅ %မှာတွေ့နိုင်ပါတယ်။ အမွှာကလေးတွေမှာ အတူတူဖြစ်
တတ်ကြလို့မျိုးရိုးလိုက်တယ်ဆိုတဲ့ အချက်က ပိုထင်ရှားလာတယ်လို့ဆိုပါတယ်။ADHD ဖြစ်စေတဲ့ Genes ကိုတော့ရှာဖွေဆဲပါ။
နောက်ဆုံးလေ့လာတွေရှိချက် ကတော့ ADHD ရောဂါဝေဒနာရှင်လေးတွေ မှာသာမာန်ကလေးတွေနဲ့စာရင် ဦးနှောက် အစိတ်အပိုင်း အားလုံးရဲ့ ပမာဏ ၃-၄ ရာခိုင်နှုန်းခန့် သေးငယ်နေတာတွေ့ရပါတယ်တဲ့။fMRI,PET,SPET စတဲ့ ပုံရိပ်ဖော်စက်တွေနဲ့ စမ်းသပ်ပြီး
ရလာတဲ့ တွေ့ရှိချက်တွေပါ။
ADHD ဝေဒနာရှင်လေးတွေမှာအောက်ပါ ရောဂါ လက္ခဏာလေးတွေ တွဲပြီးတွေ့ရတတ်ပါတယ်။
Learning Disabilities
အပိုင်းတစ် မှာ ဖော်ပြခဲ့တဲ့ ဂဏာမငြိမ်လို့၊ အာရုံးစူးစိုက်နိုင်မှု အားနည်းလို့ စာသင်ခန်းမှာအခက်အခဲဖြစ်သလို၊သူတိုလေးတွေ
ကိုယ်တိုင်က တစ်ချို့စာလုံးတွေ၊အသံတွေကို နာလည်ဖို့ခက်ခဲပါသတဲ့။အထူးသဖြင့် dyslexia လို့ခေါ်တဲ့ reading disorder ကို မူလတန်းအရွယ် ဝေဒနာရှင်ကလေး ၈ ရာခိုင်နှုန်းခန့်မှာတွေ့ရပါသတဲ့။
Tourette Syndrome
ADHD ကလေးအချို့မှာဒီ syndrome လေးတွဲပြီးရှိနေတတ်ပါတယ်။မျက်တောင် ခဏခဏ ခတ်တတ်တာ၊မျက်နှာကို ခဏခဏ မဲတတ်တာ၊ မလိုအပ်ဘဲလည်ချောင်းကို ခဏခဏရှင်းတတ်တာ စတာတွေဟာ ဒီsyndrome ရဲ့ လက္ခဏာတွေပါပဲ။တစ်ချို့ကလည်း လုပ်ရင်းလုပ်ရင်းအကျင့်ပါသွားတာလို့ဆိုပါတယ်။ကုသရင်ပျောက်ကင်းနိုင်ပါတယ်။
Oppositional Defiant Disorder
ADHD ဝေဒနာရှင် ကလေးတွေရဲ့ ၃ ပုံတစ်ပုံ ကနေ တစ်ဝက်ခန့်မှာတွဲပြီးတွေ့ရတတ်ပါတယ်။ ခေါင်းမာပြီးပြောစကားနာမထောင်
တတ်ပါဘူး။ယောင်္ကျားလေးတွေမှာပိုတွေ့ရတတ်ပါသတဲ့။
Conduct Disorder
ဒါကတော့ပိုပြီးဆိုးဝါးတဲ့ လူမူရေး ပြသနာတွေကိုဖြစ်စေတတ်ပါတယ်။၄၀% သော ADHD ကလေးတွေဟာ ဒီပြသနာနဲ့တွဲနေ
တတ်ပါတယ်။Conduct Disorder နဲ့တွဲလာရင်တော့ ဒီကလေးလေးတွေဟာ လိမ်ပြောတတ်လာမယ်၊သူများပစ္စည်းခိုးတတ်
လာမယ်၊သူများကိုအနိုင်ကျင့်တတ်လာမယ်။လူမူရေးပြသနာတွေကမသေးလှပါဘူး။
Anxiety and Depression
တချို့ ADHD ဝေဒနာရှင်လေးတွေမှာတော့ Anxiety and depression တွဲပြီးတွေ့ရတတ်ပါတယ်။ADHD ကို ကုသလိုက်ရင် Anxiety and depression လက္ခဏာတွေလည်းသက်သာပျောက်ကင်းသွားတယ်လို့ ဆိုပါတယ်။
Bipolar Disorder
ADHD ဝေဒနာရှင် ကလေးတွေမှာ Bipolar Disorder ကိုတွဲပြီးတွေ့ရတတ်ပေမယ့် ရာခိုင်နှုန်းဘယ်လောက်မှာ Bipolar disorder ဖြစ်တတ်တယ်ဆိုတာတိကျတဲ့ သုတေသနစာတမ်းတော့မရှိသေးပါဘူး။
Bipolar Disorder အကြောင်းကိုဆရာမ ရဲ့ ဘလော့မှာ အကျယ်တ၀င့် ရှင်းလင်းထားပါတယ်။
ကုသပုံ ကုသနည်းများအကြောင်းကိုတော့ အပိုင်း ၃ အနေနဲ့ တင်ပြပါ့မယ်။
ကျန်းမာရွှင်လန်းကြပါစေ။

Sunday, September 14, 2008

ATTENSION DEFICIT HYPERACTIVITY DISORDER (1)

ADHD လို့ လူသိများတဲ့ ဒီရောဂါကို ကလေးနဲ့ လူငယ် ၂ - ၅ ရာခိုင်နှုန်းခန့် ခံစား နေရ ပါတယ်။ ဒီကလေး တွေဟာ အာရုံစူးစိုက်မှု့ နည်း ပါးပြီးလူမှု ဆက် ဆံရေး နယ်ပယ်မှာ အဆင်မပြေမှု လေးတွေ ကြုံတွေ့ ရတတ် ပါတယ်။ အမေရိကန် နိုင်ငံ မှာတော့ ကလေး ဦးရေ (၂) သန်း ခန့်မှာ ဒီရောဂါ လက္ခဏာတွေ တွေ့ရပါတယ်။

ADHD ရောဂါကို ၁၈၄၅ ခုနှစ်မှာ ဒေါက်တာ Heinrich Hoffman ကပထမဆုံး ဖော်ထုတ် နိုင်ခဲ့ပါ တယ်။ ဒေါက်တာ Hoffman ဟာ စိတ်ကျန်းမာရေး စာအုပ်တွေ ရေးသားခဲ့ပြီး ကဗျာဆရာ တစ်ဦးလည်း ဖြစ်ပါတယ်။ သူရဲ့(၃) နှစ်သား အရွယ် သားငယ်ကို ဖတ်ပြဖို့ စိတ်ကြိုက် စာအုပ် မတွေ့တဲ့ အခါ ကိုယ် တိုင် ရုပ်ပြ ကဗျာ စာအုပ် ရေးသားရာမှ ဒီ ရောဂါကို သတိ ထားမိ သွားပါတယ်။ သူ့ကဗျာ မှာ ကလေး အမျိုးမျိုးးရဲ့ ပုံလေး တွေနဲ့ သူတို့ရဲ့ အမူအကျင့် လေးတွေကို သရုပ်ဖော် ထားပါတယ်။ The story of Fidgety Philip ဆိုတဲ့ ကဗျာ လေးဟာ ADHD ဝေဒနာရှင် လေး တစ်ယောက်ကို အ တိအကျ ပုံဖော် ထားတဲ့ ကဗျာလေး ဖြစ် ပါတယ်။ အဲဒီ ကဗျာလေး ကို ဒီနေရာ မှာ ဖတ်ရှု နိုင်ပါတယ်။

ADHD ရောဂါ ဟာ အသက် (၇)နှစ်အောက် ကလေးငယ်တွေမှာ အဖြစ်များပြီး အရွယ်ရောက် လာရင် တော့ (၄၀- ၉၀) ရာခိုင်နှုန်း ဟာသက်သာ ပျောက်ကင်း သွားတတ် ပါတယ်။ သူတို့ လေးတွေ ပုံမှန် ကလေး တွေလို ကြီးပြင်း နိုင်ဖို့၊ ပတ်ဝန်းကျင် မှာ ၀င်ဆန့် နိုင်ဖို့ မိဘ ဆွေမျိုး တွေ၊ ဆရာ၊ ဆရာမတွေနဲ့ သူငယ်ချင်း အပေါင်းအသင်း တွေရဲ့ နားလည် စာနာတတ်မှုလိုအပ်ပြီး ဂရုဏာ နှင့် ယှဉ်ပြီး ကူညီ ဖေးမ ပေးသင့် ပါတယ်။

ရောဂါလက္ခဏာများ

အဓိက ရောဂါ လက္ခဏာတွေ ကတော့
(၁) အာရုံ စူးစိုက်နိုင်မှု မရှိခြင်း( Inattention)
(၂) ဂနာမငြိမ်ဘဲ အမြဲတမ်း လှုပ်ရွနေခြင်း ( Hyperactivity)
(၃) လှုံ့ဆော်မှုများ ကြောင့် အာရုံ ပြောင်းတတ်ခြင်း( impulsivity)


ရောဂါလက္ခဏာတွေအပေါ်မူတည်ပြီး ADHD ကို အောက်ပါအတိုင်း(၃)မျိုးခွဲခြားနိုင်ပါတယ်။
(၁) hyperactive-impulsive type
(၂) Inattentive type
(၃) Combined type


(၁) Hyperactive type

ဒီကလေးတွေ ကတော့ အမြဲတမ်း တက်ကြွ နေတတ်ပြီး အငြိမ် မနေ ပါဘူး။ မျက်စိ ရှေ့မှာ ရှိသမျှ ပစ္စည်း တွေနဲ့ ကစား တတ်ပါတယ်။ မိသားစုနဲ့ အတူ ညစာ ပြီးအောင် စားဖို့၊ စာသင် ခန်းထဲမှာအချိန် ပြည့်အောင် ထိုင်ဖို့ ဆိုတာ တွေဟာ သူတို့ လေးတွေ အတွက် အလွန်ခက်ခဲတဲ့ တာဝန်တွေ ဖြစ်ပါတယ်။ ခုံ တွေကို အကြောင်းမဲ့ လှုပ်နေ တတ်ပြီး၊ အခန်း ထဲမှာ ဟိုပြေး ဒီပြေး ပတ် ပြေး နေတတ် ပါတယ်။ ကြမ်းပြင်ကို တဒုန်းဒုန်း မြည်အောင် ပြေးရတာ နှစ်သက်ပြီး၊ တွေ့သမျှ ပစ္စည်း လက်ဆော့တတ် ပါတယ်။ စာသင်ခုံကို ခဲတံ နဲ့ တဒေါက်ဒေါက် ခေါက်ရတာ ကို အရသာတွေ့ တတ်ပါတယ်။ ဆယ်ကျော်သက် တွေမှာတော့ ပုံစံက တစ် မျိုးပါ။ သူတို့ကို ကြည့် လိုက်ရင် အမြဲ ဂနာမငြိမ်တဲ့ အမူအရာတွေ တွေ့ရ တတ်ပြီး အလုပ် ပေါင်း များစွာကို တစ်ပြိုင်တည်း လုပ်နေ တတ်ပါတယ်။ တစ်ခု မှလည်း မပြီးပါဘူး။

(၂) Impulsive type

ခြေမြန် လက်မြန် ရှိလှပါတယ်။ ဦးနှောက်က မစဉ်းစားခင် လက်က လုပ်ပြီး နေပါပြီ။ ပါးစပ်က ပြောပြီးနေ ပါပြီ။ နောက်ဖြစ်လာမယ့် အကျိုးဆက် တွေကို မစဉ်းစားမိ တတ်ကြပါဘူး။ စာသင်ခန်း ထဲမှာ ဆိုလျှင်လည်း မေးခွန်း မဆုံးခင် အ ဖြေ ထ အော်တတ် ပါတယ်။ မှန်သလားမှား သလား သူ ဂရုမ စိုက်ပါဘူး။ အလှည့်နဲ့ လုပ်ရတဲ့၊ စောင့်ရတဲ့ အလုပ်တွေ မှာလည်း စိတ်မရှည် ကြပါဘူး။ အဲလို စရိုက်မျိုး Mr.Bean ဇာတ်လမ်း တိုလေး ရှိပါတယ်။ ဆေးခန်းမှာ တန်းစီ စောင့်ရမယ့် ဟာ မစောင့် ချင်တော့ လူလည် ကျတဲ့ ဇာတ်လမ်း လေးပါ။ ဒီလို ကလေး လေး တွေကတော့ စိတ်မရှည် တတ်ကြပါဘူး။ ထစ်ခနဲ ဆို ရန်ဖြစ်တတ် ကြပါတယ်။

(၃) Inattentive type

ဒီလို ကလေးတွေ က တော့ စိတ်ကို တစ်နေရာ တည်းမှာ အာရုံ စူးစိုက် နိုင်ဖို့ ခဲယဉ်း ပါတယ် ။ အလုပ် တစ်ခုကို မိနစ် အနည်းငယ် ခန့် လုပ်ပြီး ရင် ငြီးငွေ့ လာတတ် ပါတယ်။ အလုပ် တစ်ခု မပြီးခင် တစ်ခြား တစ်ခု ပြောင်းတတ် ကြပါတယ်။ အိမ်စာတွေ ပြီးအောင် မလုပ် တတ်ပါ ဘူး။ စာအုပ်၊ ဘောလ်ပင်၊ ခဲတံတွေ ခဏခဏ ပျောက်ရှ တတ်ပါတယ်။ စာသင်ဖို့ ခက်ခဲ တတ်ပြီး ပညာရေး မှာ မထူးချွန် တတ်ကြ ပါဘူး။ သူတို့ လေးတွေရဲ့ လေ့ကျင်ခန်း စာအုပ် တွေမှာ ကြက်ခြေခတ် တွေ နဲ့ ခြစ်ရာ၊ ဖျက်ရာ တွေက အရုပ်ဆိုး အကျည်း တန်စွာ နေရာယူ ထားတတ် ကြပါတယ်။

အထက်ပါ ရောဂါ လက္ခဏာ တွေကို သာမန် ကလေးတွေ မှာလည်း တွေ့ရှိ ရတတ်လို့ တတ်ကျွမ်း တဲ့ ဆရာဝန် တွေနဲ့ ပြသပြီး မှသာ ADHD ရောဂါ ဟုတ်မဟုတ် ပြောနိုင် ပါလိမ့်မယ်။ သာမန် ကလေးတွေ မှာတော့ ဒီလို လက္ခဏာ တွေ အမြဲ မရှိတတ် ပါဘူး။ လနဲ့ ချီပြီး ကြာလာပြီ ဆိုရင်တော့ သာမန် မဟုတ်ဘဲ ADHD ဖြစ်နိုင်ခြေ ကို ထည့်သွင်း စဉ်းစားသင့် ပါတယ်။

ADHD နဲ့ ရောဂါ လက္ခဏာတူတဲ့ အခြား ပြဿနာ တွေကတော့ -
(၁) ကလေးဘ၀ မှာ ကြီးမားတဲ့ ပြောင်းလဲမှု ဖြစ်ပွားခြင်း (မိဘများ အိမ်ထောင် ကွဲခြင်း)
(၂) သတိ မထားမိတဲ့ ၀က်ရူးပြန် ရောဂါအမျိုးအစားjavascript:void(0)
(၃) နား အတွင်း ရောဂါပိုး ၀င်ပြီး အကြား အာရုံချို့တဲ့ခြင်း
(၄) ဦးနှောက်ကို ထိခိုက်သော အခြား ကျန်းမာရေး ပြဿနာများ
(၅) စိတ်ကျရောဂါ
တို့ ဖြစ်ပြီး၊ စနစ်တကျ စမ်းသပ် ရှာဖွေ ရပါမယ်။
ADHD TV