Showing posts with label health question. Show all posts
Showing posts with label health question. Show all posts

Wednesday, September 10, 2008

ကျန်းမာရေးအမေးအဖြေများ(၃)

ကျွန်တော် အဖေက အသက် (၅၇) နှစ်ရှိပါပြီ။နှလုံးသွေးကြောပိတ်ရောဂါရတာ(၂) ကြိမ်ရှိပါပြီ။ ကျွန်တော် အသက်ကတော့ (၃၄) နှစ်ပါ။ ကျွန်တော်နှလုံးသွေးကြောရောဂါ ရနိုင်လားဆရာ။ဘာတွေလုပ်ဖို့ လိုပါသလဲဘယ် လို စမ်းသပ်စစ်ဆေးမှုတွေ လုပ်သင့် ပါသလဲဆရာ။

ဖြေ။ မိဘတွေမှာ နှလုံးသွေး ကြောကျဉ်း ရောဂါ ရှိနေရင် တော့သင်လည်းဒီရောဂါရနိုင်ခြေရှိပါတယ်။မိဘတွေကအသက်
(၆၀)အောက်မှာ ဆိုရင်တော့ပိုပြီးတောရနိုင်ခြေရှိပါ တယ်။ အ သက်(၃၄)နှစ်ရှိပြီဖြစ်တဲ့ခင်ဗျားအနေနဲ့Healthy life styleနဲ့နေထိုင်ဖို့အရေးကြီး ပါ တယ်။ သွေးဖိအားပုံမှန် တိုင်းတာခြင်း၊သွေးတွင်းသကြားဓါတ်၊ကိုယ်လက်စထ ရောဓါတ်များ တစ်နှစ် တစ်ခါစစ်ဆေးခြင်းတို့ ဆောင်ရွက် ရပါမယ်။ရလဒ်တွေက မကောင်း ဘူးဆို ရင်တော့ ဆရာ ၀န်ညွန်ကြားသည့် အတိုင်း မကြာခဏ စစ်ဆေးဖို့ လိုပါ တယ်။ကိုယ်ကာယလေ့ကျင့်ခန်း မှန်မှန်လုပ်ဖို့လိုသလိုအဆီနှင့်အငန်ဓါတ်တွေကိုလည်းနေ့စဉ် အစားအစာတွေ မှာလျော့ချဖို့၊ လိုအပ်ရင်ရှောင် ဖို့လိုပါတယ်။ ဆေးလိပ်သောက်သုံး ခြင်း၊ တဆင့်ခံဆေးလိပ်သောက်သုံးခြင်း စတာတွေကိုသ တိထား ရှောင်ကျဉ်ရပါမယ်။အဓိကသိထားရမှာက မိဘတွေမှာ ရောဂါရှိပေမယ့်သင့်အနေနဲ့ ကျန်းမာရေးသတိ ရှိရှိ နေထိုင်စားသောက်သွား မယ်ဆိုလျှင် ရောဂါရနိုင်တဲ့ အခွင့်အလမ်းကိုလျော့ချနိုင်ပါတယ်။

မေး။ဆရာရေ။ကျွန်တော်ကတော့ နှလုံးရောဂါနဲ့ အကိုက်ခဲပျောက် ဆေးအက်စပရင်ဘယ်လို ဆက်စပ်မှုရှိတယ်ဆိုတာနာမလည်းဘူး
ဗျ။သတင်းစာမှာတော့အက်စပရင်သာက်ရင် နှလုံးကျန်းမာရေးအတွက်ကောင်းဆိုပဲ။ နားလည်အောင်ရှင်းပြပေးပါအုံးဆရာ။

ဖြေ။အက်စပရင် နေ့စဉ် သောက်တယ် ဆိုတာနှလုံးသွေးကြောပိတ်ဘူးသူတွေ၊လေဖြတ်လေငန်း ရောဂါ ဖြစ်ဘူးသူတွေ ပြန်မဖြစ်အောင် ကာကွယ်ဖို့ပါ။သွေး မတိတ်သူတွေ၊ အစာအိမ် အနာရှိသူတွေကလွဲရင်ကျန်တဲ့ သူတွေ အားလုံးသုံးစွဲ သင့်ပါတယ်။အက်စ ပရင် ကို အလွယ်တကူ ရရှိနိုင်ပေမယ့် ဆရာဝန် မညွှန် ကြားဘဲ နဲ့တော့ မသုံးစွဲ သင့်ပါ ဘူး။ အက်စပရင် ကို နေ့စဉ်သောက် သုံးလျှင်ရလာနိုင်တဲ့ကောင်းကျိုးဆိုးကျိုးတွေကဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။

Monday, September 8, 2008

ကျန်းမာရေးအမေးအဖြေများ(၂)




(၄)မေး။ကျွန်တော်ကညအိပ်ရင်ဟောက်တတ်ပါတယ်ဆရာ။ဟောက်တဲ့သူတွေမှာနှလုံးရောဂါဖြစ်တတ်တတ်တယ်တဲ့။အဲဒါဟုတ်ပါသလားဆရာ။

ဖြေ။ဟောက်တာသက်သက်ကတော့ပြသနာမရှိတတ်ပါဘူး။ဒါပေမယ့် >ဟောက်တယ်ဆိုတာတစ်ခါ>တစ်လေ Obstructive Sleep Apnea ရဲ့လက္ခဏာတွေဖြစ်တတ်ပါတယ်။Obstructive Sleep Apnea  ဆိုတာအိပ်နေစဉ်အသက်ရှူရပ်သွားတတ်တာမျိုးပါ။အဲဒီရော ဂါဟာသွေးတိုးခြင်း၊နှလုံးခုန် မူမမှန်ခြင်း၊နှလုံးသွေးကြောကျဉ်းခြင်းစတဲ့ရောဂါဝေဒနာတွေရရှိဖို့အခွင့်အလမ်းပိုမှားပါသတဲ့။


(၅)ကျွန်မကတော့ဆရာ၊ရှိသင့်တဲ့အလေးချိန်ထက်ပေါင်(၅၀)လောက်ပိုနေပါတယ်ဆရာ။လေ့ကျင့်ခန်းလည်းပုံမှန်လုပ်ပါတယ်ဆရာ။တစ်ရက်ကိုမိနစ်(၃၀)၊တစ်ပတ်ကို(၃)ရက်လုပ်ပါတယ်ဆရာ။ အစားအသောက်ကိုဂရုစိုက်ပြီးစားပါတယ်။အသီအနှံကိုပဲအလေးပေးပြီးစားပါတယ်ဆရာ။ဒါပေမယ့်ကိုယ်အလေးချိန်မကျဘူးဖြစ်နေလို့နှလုံးကျန်းမာရေးအတွက်စိုးရိမ်ရသေးလားဆရာ။


ဖြေ။စိုးရိမ်ရပါတယ်။အ၀လွန်ခြင်းဟာနှလုံးရောဂါဖြစ်စေတဲ့ အဓိကအကြောင်းအရင်း တစ်ခုဖြစ်ပါတယ်။အလွန်ခြင်းကြောင့်သွေး တွင်း ကိုယ်လက်စထရော တက်ခြင်း၊သွေးပေါင် တက်ခြင်း နှင့်ဆီးချိုရောဂါများဖြစ်ပွားနိုင်ပါတယ်။ထိုမှတဆင့်နှလုံးသွေးကြောကျဉ်းရောဂါရရှိခံစားရပါလိမ့်မယ်။ခါးမှာအဆီတွေစုနေတဲ့သူတွေဟာအခြား Risk Factor တွေမရှိသည်ပင်လျှင်နှလုံးသွေးကြော ကျဉ်းရောဂါနှင့်လေဖြတ်၊လေငန်းရောဂါတွေရရှိနိုင်ဖို့အခွင့် အလမ်းပိုများပါတယ်။ကိုယ်အလေးချိန်(၁၀)ပေါင်ခန့်လျှော့ ချနိုင်ရုံနဲ့သိ သိသာ သာအကျိုးရှိ လာနိုင်ပါတယ်။ ယခုလုပ်နေတဲ့ကိုယ် လက်လေ့ကျင့်ခန်းတွေကိုအချိန်အနည်းငယ်တိုးပြီးလုပ်ပါလို့တိုက်လိုပါတယ်။

Saturday, September 6, 2008

ကျန်းမာရေးအမေးအဖြေများ


ဒီတစ်ခါတော့ စာဖတ်ပရိတ်သတ်တွေအတွက် နှလုံးကျန်းမာရေးနဲ့ပက်သက်တဲ့စိတ် ၀င်စားဖွယ်အမေး
ဖြေတွေကိုတင်ပြသွားပါမယ်။ 

(၁)မေးကျွန်မကမီးယပ်သွေးဆုံးပြီးသား အမျိုးသမီဖြစ်ပြီး တက်တက်ကြွကြွနဲ့ကိုယ်လက် လှုပ်ရှားအားက
စားကိုပုံမှန်လုပ်ပါတယ်။ ပုံမှန်ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ရာမှာ ကျန်းမာရေးအတွက်ကောင်းတယ်ဆို
တဲ့ HDL ကိုလက်စထရောပမာဏများနေပါတယ်။ ထို့အတူပဲ Total ကိုလက်စထရော ပမာဏဟာလည်း
250 mg/dl ရှိလို့များနေပါတယ်။ဆိုးရိမ်ရပါသလားဒေါက်တာ။

ဖြေ။အမေရိကန် နှလုံးရောဂါအထူးကု အဖွဲ့ရဲ့အဆိုအရ သင့်ရဲ့ Total ကိုလက်စ ထရောပမာဏ ဟာ200 
mg/dl အောက်မှာပဲရှိသင့်ု ပါတယ်ဒီထက် များရင်တော့နှလုံးရောဂါလေဖြတ်လေငန်းရောဂါတွေ ခံစားရ
ဖို့အခွင့်အလမ်းပိုများပါတယ်။Total  ကိုလက်စထရော ပမာဏ 250 mg/dl ရှိတဲ့သူတစ်ယောက်အနေနဲ့
 LDL ကိုလက်စထရော ပမာဏ ဘယ်လောက်ရှိ တယ်ဆိုတာကိုသိဖို့အရေးကြီးပါတယ်။LDL ကိုလက် စ
ထရော ပမာဏဟာ 100mg/dl ထက်မပို သင့်ပါဘူး။ ကိုယ်ကာယေ လ့ကျင်ခန်းကိုမှန်မှန် ဆက် လုပ်ပြီး
အသီးအရွက်၊ပဲနဲ့ဟင်းသီးဟင်းရွက်အဆီစတဲ့ ကျန်းမာရေးကိုအထောက်အကူပြုတဲ့အစားအသောက်တွေ
ကိုစားသုံးဖို့အကြံပြုလိုပါတယ်။ဒါနဲ့မှမလုံလောက်ဘူးဆိုရင်တော့ statin ခေါ်ဆေးဝါးများကိုသုံးစွဲရပါမယ်။

(၂)မေး။ကျွန်တော်အသက်က ၅၀ ပါဆရာ။ ကျန်းမာရေးက လည်းဒေါင်ဒေါင်မြည်ပါပဲ။ အရပ်က ၅ပေ၁၀
လက် မရှိပြီး  ၁၈၅ပေါင် ရှိပါတယ်။ ကိုယ်ကာယေ လ့ကျင် ခန်းလည်းတစ်ပတ် ကို ၄ ၇က်လုပ် ပါ တယ်။
တစ်ခါလုပ်ရင်တော့ နာရီဝက်ခန့် ကြာပါတယ်ဆရာ။အစား အသောက်ကို လည်းကျန်းမာရေးနဲ့ ညီညွတ်
အောင်စားပါတယ်။ဒါပေမယ့်ကျွန်တော် ကိုလက် စထရောပမာဏက 240 mg/dl ရှိနေတယ်ဆရာ။   မိ
သားစုဆရာဝန်ကတော့ဆေးသောက်ခိုင်းနေတယ်။ဆေးမသောက်လို့ရတဲ့နည်းလေးရှိရင်ပြောပြပါခင်ဗျာ။

ဖြေ။ေ လ့ကျင့်ခန်းပုံမှန်လုပ်တယ်။ ကျန်းမာရေးနဲ့ညီညွတ်အောင်စားတယ် ဆိုကတည်းကမှန်ကန်တဲ့လမ်း
ကြောင်းပေါ်ရောက်နေပါပြီ။ဒီအတိုင်းဆက်ထိန်းထားပါ။မကောင်းတာ တစ်ခုက ကိုယ်အလေးချိန် အနည်း
ငယ်တက်နေပါတယ်။ BMI ၂၆.၅ ဆိုတာများ ပါတယ်။ပုံမှန်က ၂၅ အောက်မှာရှိ သင့်ပါတယ် ။(BMI  ကို
ဒီနေရာ မှာတွက်ချက်နိုင်ပါတယ်။)ကိုလက်စထရောပမာဏကျဖို့ဆိုရင်အစားအသောက်ကို လည်းဂရုပြုဖို့
လိုပါတယ်။အသီးအရွက် များများစားပြီး အဆီ အဆိမ့်၊အချိုနဲ့  အရက်သေစာသောက်စားတာကိုေ လျှာ့ချ
သင့်ပါတယ်။ဒါတွေကိုလိုက်နာပြီးရင်တော့သင့်ရဲ့ကိုလက်စထရော ပမာဏကိုပြန်စစ်ကြည့်ပါ။ လက် ခံနိုင် 
လာက်တဲ့ပမာဏအထိကျဆင်းသွားတာတွေ့ပါလလိမ့်မယ်။

(၃)မေး။ကျွန်တော့်အသက် ၄၅နှစ်ပါဆရာ။ ကျွန်တော်ကို ဆရာဝန်က Lipitor သောက်ခိုင်း ပါတယ်။ အ
ကြာကြီးသောက်ရရင် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရနိုင်သလဲဆရာ၊

ဖြေ။ ခင်ဗျားဒီလိုစိုးရိမ် တတ်တာေ ကာင်းပါတယ် တစ်ကယ်တော့လူနာတိုင်း ကိုယ်သော က်မဲ့ဆေးနဲ့ပက်
သက်ပြီးဘာ ကြောင့်ေ သာက်ရတယ်၊ဘာ ဆိုးကျိုးတွေရှိ တယ်ဆိုတာကို သိဖို့လိုပါတယ်။အခုလို ကိုလက်
စထရော ကျဆေးတွေ ကိုဆေး မသောက် ဘဲ မဖြစ်နိုင် ဘူးဆို သေချာမှသုံးစွဲ သင့်ပါတယ်။ သာမန် အား
ဖြင့်Lipitor မှာေ ဘးထွက်ဆိုးကျိုး ကြီးကြီးမားမား မရှိပါဘူး။အသည်းအင် ဇိုင်းပမာဏ အနည်း ငယ် တက်
တတ်ပြီး၊ကြွက်သားတွေနာကျင်ကိုက်ခဲတတ်ပါတယ်။ဆေးပမာဏလျော့ပြီးဖြစ်စေ၊အခြားဆေးတစ်မျိုးမျိုး
ကိုပြောင်းပြီးဖြစ်စေသုံးစွဲသင့်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)