Showing posts with label general. Show all posts
Showing posts with label general. Show all posts
Thursday, August 21, 2008
အမှတ်တရအလွဲများ
တစ်နေ့မြို့လယ်က ဟိုတယ်ကြီးတစ်ခုမှ အမေရိကန် နှလုံးအထူးကု သမားတော်အဖွဲ့ က echocardiography နဲ့ ပက်သက်တဲ့ ဟောပြောပွဲ ကို သူငယ်ချင်းမတစ်ယောက်နဲ့အတူသွားနားထောင်ကြတယ်..အသွားရထားပေါ်မှာ မေရီ က" ငွေဇင်သူ...ဒီနေ့ကွန်ဖရင့်မှာ ဘူဖေးအလကားကျွေးမယ်" တဲ့..ကျွန်တော်လည်းကောင်းတာပေါ့...မနက်ပိုင်း ၂ ချိန်ပြီးရင် သွားစားကြမယ်လို့ပြောလိုက်တယ်။ဒီလိုနဲ့ မနက်ပိုင်မှာ အာဘောင်အာရင်းသန်သန်နဲ့ ပြောပြနေတဲ့ပါမောက္ခကြီးရဲ့ စကားတွေနားထောင်းပြီးသကာလ ဟိုတယ်ပထမထပ်ကို နှစ်ယောက်သားမတိုင်ပင်ပဲ ပြေးဆင်းလာကြတာပေါ့..ဘူဖေးက ပထမထပ်မှာကျွေးတာကိုး.....ပထမထပ်ရောက်တော့ မေရီက ဆေးကုမ္ပဏီတွေကပြထားတဲ့ ပြခန်းတွေကိုငေးနေတုန်း ကျွန်တော်toilet ကို ပြေးတာပေါ့။toilet ကထွက်လာတော့ မေရီက ..where is it? တဲ့..ကျွန်တော်လည်း toilet ကို လက်ညှိုးထိုးပြလိုက်တော့ ကျေးဇူးရှင်မလည်းအပြေးတစ်ပိုင်းသွားတာပေါ့။ ခဏနေတော့ မျက်နှာတော်မဲ့ပြီးပြန်ထွက်လာတယ်။..ပြီးတော့ စူပုတ်ပုတ်မျက်နှာထားနဲ့ " ငါက ဘူဖေးကိုမေးတာတဲ့"
Subscribe to:
Posts (Atom)