Showing posts with label heart health. Show all posts
Showing posts with label heart health. Show all posts

Monday, September 29, 2008

Smoking and Heart

ဆေးလိပ်နှင့် နှလုံးရောဂါ
ဆေးလိပ်မကောင်းကြောင်းရေး လွန်းလို့ဆေးလိပ် ကုမ္ပဏီတွေက အမြင်ကပ်နေလောက်ပြီ ထင်ပါတယ်။နှစ်စဉ် စက်တင်ဘာလ ၂၈ရက်နေ့က ကမ္ဘာ့နှလုံး များနေ့ဖြစ် ပါတယ်။ကမ္ဘာ့ နှလုံးစောင့်ရှောက်ရေး အဖွဲ့ကြီးမှ ဦးစီးပြီှး နှစ်စဉ် ကျင်းပနေတဲ့ ဒီနေ့မှာ တစ်ခုခုရေး ချင်တာနဲ့ ဆေးလိပ်မ ကောင်းကြောင်း ကိုပဲရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဒီနှစ်ကမ္ဘာ့နှလုံး များနေ့ရဲ့ ဆောင်ပုဒ်ကလည်း နှလုံးအန္တရာယ် သိရှိကာကွယ်(Do you know your risk?) ဆိုတော့ စာဖတ်သူတွေထဲ မှာမသိ တဲ့သူသိအောင်သိပြီးသားသူပိုပြီး သတိထား မိအောင် ဒီခေါင်းစဉ်လေး ကိုရွေးချယ်လိုက် ပါတယ်။

သိပြီးသားသူဆို တဲ့ထဲ မှာဆရာဝန်တွေက ထိပ်ဆုံးကပါ။ကျွန်တော်အခု စာသင်နေတဲ့ဆေးရုံ က နှလုံးအထူး ကုဆေးရုံကြီးတစ်ခုပါ။Ward တစ်ခုထဲ မှာ အတူတူ အလုပ်လုပ် နေတဲ့ လက်ထောက် ဆရာဝန်(၁၅) ယောက်ခန့် ရှိပါတယ်။သူတို့ရဲ့ DUTY COAT ထဲမှာဆေးလိပ် ဘူးကိုယ်စီ ရှိကြပါတယ်။မနက်ပိုင်း လူနာကြည့်ချိန်ပြီးတာနဲ့ smoking zone(ဆေးလိပ်သောက် ရန် သတ်မှတ် ထားသောနေရာ) ကိုပြေးကြ တာပါပဲ။သူတို့အတွက် လူနာကြည့်ချိန် (၁)နာရီလောက်ကို ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့ ရပုံပါပဲ။နောက် ပါမောက္ခကြီး။ သူကတော့နေ့လည်းပိုင်း စာသင်ခန်းမှာ (၄၅)မိနစ်စာသင်ပြီး တာနဲ့ ဆေးလိပ်သောက် နားချိန်ပေး ပါတယ်။ ဆေးလိပ်တစ်လိပ်ကုန်မှ စာသင်ခန်း ကိုပြန်လာပါတယ်။ဆရာဝန်တွေ ကိုယ်တိုင်နစ်ကိုတင်း ရဲ့သားကောင်တွေ ဖြစ်နေကြပါတယ်။

သာမန်စာဖတ် သူတွေကတော့ ဆေးလိပ်နဲ့ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါတွေ ဆက်နွယ်နေ တယ်ဆိုတဲ့အကြောင်းသိပြီးကြမှာပါ။ နှလုံးကျန်းမာရေးနဲ့ ပက်သက်ရင်တော့ သိတဲ့သူနည်းပါလိမ့်မယ်ငယ်ငယ်ကမြန်မာရုပ်မြင်သံကြား မှာပညာပေးဇာတ်လမ်းတိုလေးကြည့်ဖူးပါတယ်။ ကျန်းမာရေးဝန်ကြီး ဌာနကတော့နည်းမျိုးစုံနဲ့ တတ်နိုင်သမျှ ပညာပေးနေတာပါပဲ။

နှလုံးရောဂါ တွေဖြစ်စေနိုင်တဲ့ အခြေခံအကြောင်း အရင်းတွေထဲ မှာ ဆေးလိပ်သောက်ခြင်းက အဓိက အချက်တစ်ချက်ဖြစ်ပါတယ်။နေ့စဉ်ဆေးလိပ် ဘယ်နှစ်လိပ်သောက်တယ် ဆိုတဲ့အချက် က နှလုံးရောဂါဖြစ်ပွား မှု အပေါ်မှာတိုက်ရိုက်အကျိုးသက်ရောက်ပါတယ်။များများသောက်လေ ဖြစ်ဖို့ အလားအလာပိုများလေပါပဲ။နေ့စဉ်ဆေးလိပ် တစ်ဘူးကုန်အောင် သောက်တဲ့ သူဟာ ဆေးလိပ်လုံးဝ မသောက်တဲ့ သူနဲ့စာရင် နှလုံးရောဂါ ဖြစ်နိုင်ခြေ (၂)ဆပိုများပါတယ်ဆေးလိပ်လည်းသောက်တယ်သန္တေတားဆေးတွေလည်းသုံးစွဲ
တယ်ဆိုတဲ့အမျိုးသမီးတွေအတွက်တော့ ဖြစ်နိုင်ခြေပို များပါတယ်။

ဆေးလိပ်သောက်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တဆင့်ခံဆေးလိပ်သောက်ခြင်း (secondhand smoke) လည်းပါဝင်ပါတယ်။ နှစ်စဉ် နှလုံးရောဂါကြောင့် သေဆုံးသူ ၃၅၀၀၀ ခန့်ဟာ ဒီလို တဆင့်ခံဆေးလိပ်သောက်ခြင်း နှင့်တိုက်ရိုက်ဆက်စပ်နေတယ်လို့ဆိုပါတယ်။

ဆေးလိပ်နှင့်နှလုံးရောဂါ ဘယ်လိုဆက်စပ်နေသလဲ
ဆေးလိပ်မှာ အဓိကပါဝင်တဲ့ နီကိုတင်းဓါတ်က
(၁) နှလုံးအတွက်လိုအပ်တဲ့ အောက်ဆီဂျင် ရရှိမှု ကိုနည်းပါးစေ ပါတယ်။
(၂) သွေးဖိအားကို များစေပြီး နှလုံးခုံနှုန်းကို မြန်စေပါတယ်။
(၃) သွေးခဲအောင် အားပေးပါတယ်။
(၄) နှလုံးသွေးကြော အပါအ၀င် သွေးကြောအားလုံးဧ။် နံရံမှဆဲလ်များကိုထိခိုက်ပျက်ဆီးစေပါတယ်။

ဆေးလိပ်ဖြတ်ခြင်းဧ။် အကျိုးကျေးဇူးများ
(၁) အသက်ကို ရှည်စေပါတယ်
(၂)နှလုံးရောဂါ၊ သွေးတိုးရောဂါ နှင့် ကင်ဆာရောဂါ များဖြစ်ပွားနိုင်ခြေ ကို လျော့နည်းစေပါတယ်။
(၃)ချောင်းဆိုးခြင်း၊ လည်ချောင်နာခြင်းများ ကင်ဝေးပြီး အမောအပန်းခံနိုင်လာပါတယ်။
(၄)အသားအရေတွန့်ခြင်း၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်ကို ကာကွယ်ပေးပြီး နုပျိုစေပါတယ်။
(၅)အရသာခံ ခြင်း အနံ့ခံခြင်းစတဲ့ အာရုံများကိုတိုးတက်စေပါတယ်။
(၆)ငွေကြေးအကုန်အကျသက်သာပါတယ်။
(၇)ဆေးလိပ်ငွေ့ကင်းစင်တဲ့ ပျော်စရာမိသားစုလေး ကိုပိုင်ဆိုင်နိုင်ပါတယ်။

ဆေးလိပ် ဘယ်လိုဖြတ်ကြမလဲ
ဆေးလိပ်မကောင်းကြောင်း လည်းပြောပြီးပြီ။ ဆေးလိပ်မသောက်ရင် ဘာတွေကောင်းမယ် ဆိုတာလည်း ပြောပြီးပြီ။ဆေးလိပ်ဘယ်လို ဖြတ်ရမလဲ ဆိုတဲ့ မေးခွန်းတွေကို ခဏခဏ အမေးခံရဖူးပါတယ်။ဆေးလိပ်ဖြတ်တယ်ဆိုတာ ဆရာပြောသလောက်မလွယ်ပါဘူး ဆိုတဲ့ သူတွေလည်းကြုံဖူးပါတယ်။မလွယ်ဘူးဆိုတာ ကိုယ်တိုင်မသောက်ပေမယ့် ရိပ်စားမိပါတယ်။ သို့ပေမယ့်လည်း မိမိကောင်းကျိုး၊ မိသားစုကောင်းကျိုး ရှေ့ရှူပြီး ကြိုးစားသင့်ပါတယ်။

ဆေးလိပ်ဖြတ်မယ် လို့ဆုံးဖြတ်တဲ့ အခါမှာ မိမိကိုယ်တိုင် ကပြတ်သားဖို့ လိုပါတယ်။ လိုလိုချင်ချင် ရှိရပါမယ်။ရည်းစားကဖြတ်ခိုင်းလို့ဆိုတာထက်မိမိကိုယ်တိုင် မသောက်သင့်တော့ဘူး၊ ဖြတ်ကို ဖြတ်ရမယ်ဆိုတာမျိုး ဖြစ်သင့်ပါတယ်။ပထမဆုံးလုပ်ရမှာ က ဆေးလိပ်ဖြတ်မယ့်နေ့ကိ ရွေးရပါမယ်။ဒီနေ့ဖြတ်ရမယ်လို့ မဆိုလိုပါဘူး။ဥပမာ အောက်တိုဘာ ၁၅ ရက်နေ့ ဆေးလိပ်ဖြတ်မည်ဆိုတာမျိုးပေါ့။ရက်ရွေးပြီးရင် တိတိကျကျ လုပ်ရပါမယ်။ ဘာအကြောင်းနဲ့ မှရက်နောက်ဆုတ်သွားတာမျိုးမဖြစ်သင့် ပါဘူး။

  1. ဘာကြောင့်ဆေးလိပ်ဖြတ်ဖို့ ရွေးချယ်ခဲ့တယ်ဆိုတာ ရေးသားပြီး နေ့စဉ် ပြန်ပြန်ဖတ်ပါ။ဥပမာ ဆေးလိပ်ရဲ့ ဆိုးကျိုးတွေကို ရေးချပြီး နေ့စဉ် ပြန်သတိရအောင် ဖတ်ပါ။


  2. ဘာလိုအချိန်တွေ မှာဆေးလိပ် သောက်တယ်၊ဘာကြောင့်ဆေး လိပ်သောက်တယ်၊ ဆေးလိပ် သောက်တဲ့ အချိန်တွေမှာ ဘာတွေလုပ်နေတယ် ဆိုတာကို စာရွက်နဲ့ ရေးချပြီး မိမိဆေးလိပ်သောက်ရ ခြင်း အကြောင်းအရင်းကို ဆန်းစစ်ပါ။


  3. လုံးဝ အပြီးအပိုင် မဖြတ်ခင် သောက်နေကျ အချိန်တွေမှာ မသောက်ဘဲ နေကြည့်ပါ။ ဥပမာ အလုပ်နားချိန်၊ ညစာ စားပြီချိန်။


  4. ဆေးလိပ်သောက်ချင် စိတ်ပေးလာရင် တစ်ခုခုလုပ်ဖို့ စာရင်ပြုစုထားပါ၊ ဥပမာ ပီကေ၀ါးမယ်။ရေကူးမယ်။


  5. Chantix and Wellbutrin ကဲ့သို့ဆေးလိပ်ဖြတ်ဆေးများ၊ နစ်ကိုတင်း Gumများကိုလည်းသုံးစွဲနိုင်ပါတယ် နီးစပ်ရာဆရာဝန် နှင့်တိုင်ပင်သုံးစွဲ ရပါမယ်။

အနောက်နိုင်ငံတွေ မှာတော့ ဆေးလိပ်ဖြတ်သူတွေ စုစည်းထားတဲ့ အသင်းအဖွဲ့တွေရှိပါတယ်။အတွေ့အကြုံ ဖလှယ်ခြင်းအကြံဥာဏ်ရယူခြင်းများ ဖြင့် အကျိုးရှိစေပါတယ်။

ဆေးလိပ်ဖြတ်ပြီဆိုတာနဲ့ နောက်အရေး ကြီးတဲ့အချက် က ပြန်မသောက်ဖြစ်အောင် ထိန်းနိုင်ဖို့လိုပါတယ်။ဒီအတွက် အောက်ပါအချက်လေးများကို ဂရုစိုက်ပြီးလိုက်နာသင့်ပါတယ်။

  1. ဆေးလိပ်၊မီးခြစ်၊ဆေးလိပ်ပြာခွက်စတာတွေကို လုံးဝစွန့်ပစ်လိုက်ပါ။

  2. အနီးပတ်ဝန်းကျင်မှာ ဆေးလိပ်မသောက်ဖို့ သူငယ်ချင်းတွေ ကို ပြောပါ။တားမြစ်ပါ။

  3. ဆေးလိပ်ကို သတိရတိုင်း မိမိကျန်မာရေးကောင်းမွန်လာမှာကို တွေးပြီးဖြေသိမ့်ပါ။

  4. ဆေးလိပ်သောက်ချင်စိတ်ဖြစ် လာတဲ့အခါ အသက်ပြင်းပြင်းရှူပြီး(၁၀)စက္ကန့်ခန့်အောင့်ထားပါ။ဖြေးညှင်းစွာ ရှူထုတ်ပါ။ဆေးလိပ်သောက်ချင်စိတ်ပျောက်တဲ့ အထိ အကြိမ်ကြိမ် ပြန်လုပ်ပါ။

  5. လက်ကို မအားအောင်တစ်ခုခုလုပ်နေပါ။ ဥပမာ …ခဲတံဖြင့် ကစားနေပါ။

  6. ဆေးလိပ်နဲ့ ပက်သက်နေတဲ့ မိမိရဲ့ လူနေမှု ပုံစံကိုပြင်ပါ။ လမ်းလျှောက်၊ရေကူး လေ့ကျင့်ခန်းများ လုပ်ပါ။

  7. ပီကယ် ၀ါးပါ။ဆေးလိပ်အစားထိုး အစားအစာကို သတိထားရွေးချယ်ပါ။သကြားဓါတ်မများပါစေနှင့်

  8. ရေများများသောက်ပါ။အရက်နှင့် ကဖင်းဓါတ်ပါသောအချိုရည်မှားကိုရှောင်ပါ။


ဆေးလိပ်ဖြတ်လက္ခဏာများ
ဆေးလိပ်မှာပါတဲ နစ်ကိုတင်းဓါတ်ကြောင့် ဆေးလိပ်ဖြတ်စမှာ ခန္ဓာကိုယ် က ဆေးလိပ်တောင်းတတ်ပါတယ်။ဂဏာမငြိမ်ခြင်း၊စိတ်တိုလွယ်ခြင်း၊ ဗိုက်ဆာာခြင်း၊ ခေါင်းကိုက်ခြင်း၊ ချွေးစေးများထွက်ခြင်း၊ အိပ်မပျော်ခြင်း စတဲ့ဝေဒနာတွေ ကိုခံစားရနိုင်ပါတယ်။ဒီကာလမှာ တောင့်ခံနိုင်အောင်ကြိုးစားရပါမယ်။မိသားစုဝင်တွေ ကလည်းစာနာဖေးမ ပြီးကူညီပေးရပါမယ်။ဒီလက္ခဏာတွေ ဟာသာမန်အားဖြင့် (၂)ပတ်အတွင်း ပျောက်ကင်း သွားနိုင်ပါတယ်ဆေးလိပ်ဖြတ်တာ (၁၅) နှစ်ကြာပြီဆို ရင်တော့ နှလုံးရောဂါရ နိုင်ခြေ ဟာ သာမန်လူတွေနဲ့ အတူတူပြန်ဖြစ်သွားပါမယ်။ သင်ကိုယ်တိုင်နှင့် သင့်မိသားစုဝင် တွေ ဆေးလိပ် အန္တရာယ်မှ ကင်းဝေးနိုင်ကြပါစေ။

Monday, September 15, 2008

Heart Disease Calculator


ပြောင်းလဲလာတဲ့လူနေမူစနစ်အရနှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားမှုနှုန်းများပြားလာပါတယ်အသက်ငယ်ရွယ်သူတွေမှာလည်းအ၀လွန်ရောဂါသည်လေး တွေ များလာတာကြောင့်နှလုံးသွေးကြောကျဉ်းရောဂါကိုထည့်သွင်းစဉ်းစားလာရပါပြီ။သွေးတွင်းကိုယ်လက်စရောပမာဏများပြားခြင်းကလည်းအဓိကfactorတစ်ခုဖြစ်ပါတယ်ဒါကြောင့်သင့်မှာနှလုံးရောဂါဖြစ်ပွားနိုင်ခြေဘယ်လောက်ရှိလဲဆိုတဲ့အချက်ဟာစိတ်ဝင်စားစရာပါပဲကျွန်တော်ဖော်ပြပေးမယ့်Widgetလေးမှာတွက်ချက်လို့ရပါတယ်သွေးပေါင်ချိန်နှင့်သွေးတွင်းကိုယ်လက်စထရောပမာဏကိုတော့ တိုင်းတာထားရပါမယ်။ကဲ..ကြည့်ရအောင်.

Saturday, September 6, 2008

ဗိုက်တာမင်နှင့်နှလုံးကျန်းမာရေး


ဗိုက်တာမင်ဆိုတဲ့ စကားလုံးဟာ လူတိုင်းနဲ့ရင်းနှီးပါ တယ်။ငယ်ငယ်က တည်ကဗိုက်တာမင် ရဲ့အကျိုးကျေးဇူးတွေ၊ဗိုက်တာမင်ပါဝင်တဲ့အစားအစာတွေ၊ဗိုက်တာမင်ချို့ တဲ့ရောဂါတွေ အကြောင်းကို သိဘူးကြားဘူးကြပါလိမ့်မယ်။ ဗိုက်တာမင်တွေဘယ်လောက် အရေးကြီးသလဲဆိုရင်သူတို့မရှိရင် လူသားတွေ အသက်ရှင်ရပ်တည်ဖို့ မဖြစ်နိုင်လောက်အောင် အရေးကြီးပါတယ်။် သင့်ကိုရောဂါပေါင်းမြောက်များစွာရဲ့အန္တရာယ် ကနေကာကွယ်ပေးထားပါတယ်။

နှလုံးသွေးကြောရောဂါတွေမှာလည်းဗိုက်တာမင်တွေရဲ့အခန်းကဏ္ဍက မသေးပါဘူးအထူးသဖြင့်ဗီတာမင်ဘီ အုပ်စုဝင်တွေဟာ နှလုံးကျန်းမာရေး အတွက်များစွာအထောက်အကူပြုပါတယ်။ဖောလစ်အက်စစ် လို့ခေါ်တဲ့VitB9,VitB6,VitB12စတွေဟာသွေး ထဲမှာရှိတဲ့ ဟိုမိုစစ်စ တင်းဓါတ် တွေကိုဖယ်ရှားပေးပါတယ်။ဟိုမို စစ်စတင်းဓါတ်တွများနေလျှင်သွေးကြောတွေကို ထိခိုက်စေပြီးနှ လုံးသွေးကြောကျဉ်းရောဂါ၊သွေးတိုးရောဂါ၊လေဖြတ်လေငန်းရောဂါစတာတွေခံစားရတတ်ပါတယ်။အဆိုပါဘီတာမင်အုပ်စုတွေ ကိုအသားစား သုံးခြင်းကနေအဓိကရရှိတာကြောင့် သက်သက် လွတ်စားသုံးတွေမှာဘီတာမင်ဘီချို့တဲ့ရောဂါရရှိနိုင်ပါတယ်။ဟင်းသီးဟင်းရွက်နဲ့အသား၊ ငါးတွေကိုမျှမျှတတ စားသုံးဖို့အကြံပြုလိုပါ တယ် ။

နိုင်ယာဆင် လို့ေ ခ်ါတဲ့vitB3ကတော့သွေးတွင်း ကိုယ်လက် စထရော ဓါတ်ကျဆင်းအောင်အထောက်အကူပြုပါတယ်။ဗီတာမင်E နဲ့ဗီတာမင်Cကတော့ အင်တီအောက် ဆီဒင့်ဂုဏ်သတ္တိရှိပါတယ်။အင်တီအောက် ဆီဒင့်ဆိုတဲ့လုံးကလည်းယနေ့အခါမှာလူတော်တော်
များများနဲ့ရင်းနှီးနေပါပြီ။ ခန္ဒာကိုယ်ကထွက်လာတဲ Freeradiclခေါ့်အန္တရာယ်ဖြစ်စေသောဓါတ်ပေါင်းတွေကိုဖယ်ရှားပေးပါတယ်။
Free radicalတွေက ကိုယ်ခန္ဒာရဲ့ဆဲလ်နှင်တစ်ရှူးတွေကိုထိခိုက်ပျက်စီးစေပြီးနှလုံးရောဂါ၊ကင်ဆာရောဂါ နဲ့အသက်အရွယ်အို
မင်းရင့်ရော်ခြင်းတွေကိုဖြစ်ပွားစေပါတယ်။

ဒါကြောင့်သင်နဲ့သင့်မိသားစုနေ့စဉ်စားနေတဲ့ အစားအစာတွေမှာဗိုက်တာမင် လုံ လုံလောက်လောက်ပါဝင်အောင်ဂရုတစိုက်စီမံချက်ပြုတ်သင့်ကြောင်း အကြံပြုလိုက်ပါတယ်။

Thursday, August 14, 2008

လေထုညစ်ညမ်းမှုက နှလုံးကျန်းမာရေးကိုထိခိုက်နိုင်

လေထု ညစ်ညမ်းမှု ဟာ အသက်ရှူ လမ်းကြောင်း ရောဂါများ ကို ဖြစ်စေ တတ်သလို နှလုံး ကျန်းမာရေး ကိုလည်း ထိခိုက် စေပါတယ် ... "နှလုံး ကျန်မာရေးကို ထိခိုက်စေဖို့ ဆိုရာမှာ လေထု ညစ်ညမ်းမှု ပမာဏ ကြီးမားဖို့ မလိုပါဘူး။ သာမန် လေထုထဲမှာ ပါဝင်တဲ့ အဆိပ်တောက် ပမာဏ သည်ပင်လျှင် နှလုံးနှင့် သွေးကြော ရောဂါ တွေကို ဖြစ်ပွား စေနိုင်တယ်" လို့ သိပ္ပံပညာရှင် ဒေါက်တာ Boris Z. Simkhovich က ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စု မှာတော့ လေထု အရည်အသွေးကို အောက်ပါ အချက် (၅)ချက်နဲ့ အကဲဖြတ် ကြပါတယ်။
(၁) ground-level ozone
(၂) particle pollution (including smoke from wildfires and emissions from vehicles and power plants),
(၃) carbon monoxide
(၄) sulfur dioxide,
(၅) nitrogen dioxide

အမှတ် ကတော့ ၀ မှ ၅၀၀ အထိ ဖြစ်ပြီး အမှတ် ၁၀၀ အောက်ကတော့ လက်ခံနိုင်ဖွယ် အရည်အသွေး ဖြစ်ပါတယ်။ လေထု ညစ်ညမ်းမှု နဲ့ ပက်သက်ပြီး ပထမဆုံး သုတေသန စာတမ်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ကျော် ၁၈၇၂ ခုနစ်က ထုတ်ဝေ ခဲ့တယ်လို့ ဆိုပါတယ်။ လေ့လာ တွေ့ရှိချက် တွေအရ အလွန့် အလွန် သေးငယ်တဲ့ အမှုန် လေးတွေဟာ လေထုထဲ မှနေ အသက်ရှူ လမ်းကြောင်း ထိုမှတဆင့် သွေးကြောနဲ့ နှလုံးဆီကို ရောက်ကာ ရောင်ရမ်းမှု ကို ဖြစ်ပေါ် စေတတ် ပါတယ်။ အဆိုပါ ရောင်ရမ်းမှု များဟာ နှလုံးကြွက်သားရဲ့ ညှစ်အားကို လျှော့နည်း စေပြီး၊ သွေးဖိအားကို တက်စေကာ၊ နှလုံး သွေးကြောငယ်များ အတွင်း သွေးစီးဆင်းမှု ကို ထိခိုက် စေပါတယ်။ နှလုံးခုန်တဲ့ ပုံစံ မမှန်ဘဲ နှလုံး အလုပ်လုပ် နိုင်စွမ်းကို လျှော့ကျ စေနိုင် ပါတယ်။ သွေးတိတ်တဲ့ ဖြစ်စဉ် ကိုလည်း အနှောက်အယှက် ပေးတတ် ပါတယ်။ သွေးကြော အဆီစုတဲ့ ရောဂါကိုလည်း တိုးပွား စေပါတယ်။

ကဲ...ဒါကြောင့် လေထု ညစ်ညမ်းမှု လျော့နည်း အောင် လူတစ်ဦးချင်း အနေနဲ့ သော် လည်းကောင်း၊ အဖွဲ့အစည်းလိုက် သော် လည်းကောင်း တတ်နိုင်သလောက် ကြိုးစား သွားကြပါစို့ ... ...

Tuesday, July 29, 2008

ငါးစားတဲ့ဂျပန်တွေနှလုံးရောဂါအဖြစ်နည်း



ရိုးရာအစားအစာသဖွယ်ဖြစ်နေတဲ့ငါးကိုအမျိုးမျိုးပေါပေါများများစားနေတဲ့ဂျပန်လူမျိုးတွေဟာ နှလုံးရောဂါဖြစ်ပွားမှုနှန်းနည်းပါးကြောင်းသုတေသနပညာရှင်တွေက ဇူလိုင်လ၂၈ရက်နေ့မှာပြောကြာလိုက်ပါတယ်။အသက်(၄၀)ကျော်အရွယ်အမေရိကန်နဲ့ဂျပန်လူမျိုး(၈၆၈)ယောက်ကိုသုတေသနပြုလုပ်ရာမှာဂျပန်လူမျိုးတွေမှာAtherosclerosisခေါ်သွေးကြောထဲအဆီစုသည့်ရောဂါဖြစ်ပွားနှုန်းနည်းတာတွေ့ရပါတယ်။သုတေသနပါ ဂျပန်လူမျိုးတွေဟာတစ်ခြား Risk factors တွေပိုလို့တောင်များပါသတဲ့။တစ်ချို့ဆေးလိပ်အလွန်အကျွံသောက်သလိုသွေးတိုရောဂါရှိသူတွေတောင်ပါသေးတယ်တဲ့။အမေရိကန်လူမျိုးတွေနဲ့မတူတဲ့အဓိကအချက်ကအိုမီဂါ၃ဖက်တီးအက်ဆစ်ပမာဏများနေတာပါပဲ။ဂျပန်တွေအဓိကစားတဲ့တူနာငါး၊ဆာဒင်းငါးတွေဟာအိုမီဂါ၃ဖက်တီးအက်ဆစ်ကြွှယ်ဝပါတယ်။ဒါကြောင့်ငါးစားများတဲ့ဂျပန်တွေနှလုံးရောဂါအဖြစ်နည်းရတယ်လို့အမေရိကန်နှလုံးရောဂါဆေးပညာဂျာနယ်မှာဖော်ပြထားပါတယ်။Dr. Akira Sekikawa (the University of Pittsburgh) က"နှလုံးသွေးကြောကျဉ်းရောဂါကြောင့်သေဆုံးနှုံန်းဟာဂျပန်တွေမှာအံသြစရာကောင်းလောက်အောင်နည်းနေပါတယ်။မျိုးရိုးဗီဇကြောင့်လို့မထင်ပါဘူး။အဓိကအချက်ကတောငါးပါပဲ။ငါးအစားများလို့ပါ"လို့ဆိုပါတယ်။တစ်ချို့ကလည်းပြောကြတယ်။ဂျပန်တွေကငါးစားရုံတင်မကဘူး။သူတို့အစားအစာတွေမှာလူကိုဒုက္ခပေးတဲ့အဆီဓါတ်နည်းလို့ပါတဲ့။ဘာပဲပြောပြောငါးမှာပါတဲ့အိုမီဂါ၃ ကတော့ကောင်းပါတယ်။ကဲ...ငါးပေါတဲ့မြန်မာတွေလည်းတတ်နိုင်သလောက်များများစားကြပေါ့......

Saturday, July 26, 2008

အိပ်လျှင်ဟောက်တတ်သူများအတွက်









အိပ်ရင်ဟောက်တတ်တဲ့ပြသနာက မိမိရဲ့ကျန်းမားရေးကိုသာမက ပတ်ဝန်းကျင်ကိုပါအသံနဲ့ဒုက္ခပေးတတ်လို့အတော်လေးဆိုးပါတယ်။ဒါကြောင့်ဟောက်တတ်သူတွေအတွက်ကျန်းမာရေးဗဟုသုတလေးတွေကိုသိသလောက်ဖြန့်ဝေလိုက်ပါတယ်။ကျွန်တော်တို့တွေညဘက်နှစ်ခြိုက်စွာအိပ်ပျော်သွားတဲ့အခါ အသက်ရှူလမ်းကြောင်းဝန်းကျင်မှာရှိတဲ့ ကြွက်သားလေးတွေပျော့ပြောင်းသွားပါတယ်။အသက်ရှူလမ်းကြောင်းထဲကိုလေ၀င်တဲ့အခါအဲဒီကြွက်သားလေးတွေတုံခါရာကနေ ဟောက်သံထွက်ပေါ်လာရပါတယ်။လမ်းကြောင်းပိုကျဉ်းလေ အသံပိုကျယ်လေပါပဲ။ဟောက်တာအကျင့်တစ်ခုဖြစ်သွားရင်တော့ ခုနကပြောသလိုလူမှုရေးပြသနာတွေပေါ်ပေါက်တတ်ပါတယ်။ကဲ....ဟောက်တာကိုဘယ်လို ကာကွယ်နိုင်လဲ၊ကုသနိုင်လဲ ဆိုတာ ပြောပြပါ့မယ်။
နံပါတ်(၁)အနေနဲ့ကတော့တခြားအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေရှိရင်ကုသရပါမယ်။ဥပမာ ကာလကြာရှည်စွာနှာစေးပြီးနှာခေါင်းပိတ်တတ်တာမျိုး
နံပါတ်(၂)
ကတော့ အရက်နဲ့မူးယစ်ဆေးဝါးသုံးစွဲခြင်းကိုရှောင်ကျဉ်ရပါမယ်။ကြွက်သားတွေကိုပိုမိုပျော့ပြောင်းစေပြီးရောဂါလက္ခဏာပိုဆိုးစေပါတယ်.
နံပါတ်(၃)
ဘေးတစောင်းအိပ်ခြင်းဖြင့် အနည်းငယ်သက်သာစေတယ်လို့ဆိုပါတယ်။ပက်လက်ပြန်မလန်အောင်နောက်ကျောကိုခေါင်းအုံးခုထားဖို့လိုပါတယ်။
နံပါတ်(၄)Didgeridoo ဆိုတဲ့ကရိယာလေးကိုတစ်နေ့ (၂၅)မိနစ်ကစားပေးရင်သက်သာစေတယ်လို့ဆိုပါတယ်။မြန်မာပြည်ကပလွေလိုလေမှုကိရိယာတစ်မျိုးပါပဲ။သီချင်းများများဆိုရင်လည်းသက်သာတယ်လို့ဆိုပါတယ်။ပတ်ဝန်းကျင်ကလူတွေအတွက်တော့ဒုက္ခတစ်မျိုးပေါ့။
နံပါတ်(၅) သွားဆရာဝန်ကိုပြပြီ Dental appliance ထည့်လို့ရပါတယ်။dental appliance ကိုသုံးရင်တော့ဆရာဝန်နဲ့ (၆)လတစ်ခါပြန်ပြဖို့လိုပါတယ်။



နံပါတ်(၆)ခွဲစိတ်ကုသနိုင်ပါတယ်။uvulopalatopharyngoplasty လို့ခေါ်ပါတယ်။လေဆာရောင်ခြည်နှင့်လည်းကုသနိုင်ပါတယ်။
နံပါတ်(ရ)Continuous positive airway pressure ။ ဒါကတော့ထိရောက်တဲ့ကုသနည်းပါ။သက်တောင့်သက်သာတော့မရှိဘူးပေါ့။သင်အိပ်နေတုန်းမှာ အသက်ရှူလမ်းကြောင်းထဲကိုလေ၀င်အောင်ဖိအားနဲ့ပို့တာပါ။တစ်ညလုံးMask နဲ့အိပ်ရတော့နဲနဲတော့ဒုက္ခရောက်တာအမှန်ပါ။
ကဲ.......အားလုံးနှစ်ခြိုက်စွာအိပ်စက်နိုင်ကြပါစေ။

Friday, July 25, 2008

ဟောက်တတ်သူများသတိပြုဖွယ်


အမေရိကန်ပြည်ထောင်စုနှလုံးအထူးကုဆေးပညာကောလိပ်ကနေပြီး ထုတ်ပြန်တဲ့သုတေသနစာတမ်းတစ်ခုမှာညဘက်နှလုံးသွေးကြောပိတ်ပြီးInfarctဖြစ်တဲ့လူနာအများစုဟာအိပ်နေစဉ်အသက်ရှူလမ်းကြောင်းကျဉ်းပြီးအောက်ဆီဂျင်ကောင်းစွာမရတဲ့ sleep apnea ရောဂါနဲ့ဆက်စပ်နေတယ်လို့ဆိုပါတယ်။ခန္ဒာကိုယ်အတွက်လုံလောက်တဲ့ အောက်ဆီဂျင်မရတဲ့အခါ နှလုံးခုန်နှုန်းမြန်လာပြီးသွေးဖိအားတက်လာပါတယ်။အဲဒီကမှတဆင့်သွေးကြောတွင်းစုပုံနေတဲ့အဆီနှင့်သွေးခဲလေးများကိုပြုတ်ထွက်စေကာနှလုံးသွေးကြောပိတ်ခြင်း၊ဦးနှောက်သွေးကြောပိတ်ခြင်းစတဲ့ရောဂါဝေဒနာများခံစားရပါတော့တယ်။ဒါကြောင့်ဆရာဝန်တွေအနေဖြင့်လည်း Myocardial Infarction နဲ့ ဆေးကုသမှုခံယူနေတဲ့လူနာတွေမှာsleep apnea ရှိမရှိဖော်ထုတ်စစ်ဆေးပြီးထိထိရောက်ရောက်ကုသပေးဖို့လိုအပ်ကြောင်းတင်ပြလိုပါတယ်။...