Friday, January 2, 2009

ကလေးငယ်များကျန်းမာ

(ရ)Over The Counter Drugs
အသက် (၄) နှစ်အောက်ကလေး ငယ်တွေကို over the counter ဆေးဝါးများ မပေးသင့်ဘူးလို့ အပိုင်း(၁) မှာ ဖော်ပြခဲ့ပါတယ်။လေးနှစ်အထက် သားသားမီးမီးတွေ အအေးမိ၊နှာစေးချောင်းဆိုး ရောဂါ ခံစားရတယ် ဆိုလျှင်တော့ ဆေးဆိုင်မှာ အလွယ်တကူ ရရှိနိုင်တဲ့ အအေးမိပျောက်ဆေး များကို သုံးစွဲ နိုင်ပါတယ်။တစ်ခုသတိထားရ မှာက မိမိရင်သွေးကို တိုက်တဲ့ ဆေးဟာ သူ့အသက်အရွယ် အတွက် စနစ်တကျ ဖော်စပ်ထားတဲ့ သင့်တော်တဲ့ ဆေးဝါးဖြစ်ရပါမယ်။ဆေးအညွှန်းမှာ ကလေးများ အတွက် သီးသန့်ဖော်ပြထား မှသာ အသုံးပြုရပါမယ်။ လူကြီးတွေေ
သာက်တဲ့ ဆေး ကို မိမိ ထင်သလို အပိုင်းပိုင်းပြီး တိုက်ကျွေးခြင်း မပြုလုပ်သင့်ပါဘူး။
(၈) ဆေးနှစ်မျိုးသုံးစွဲသင့်ပါသလား။
အအေးမိ၊နှာစေးချောင်းဆိုးရောဂါ ကုသဆေးတော်တော်များများမှာ ပါဝင်တဲ့ ဓာတုဗေဒပစ္စည်း တော်တော်များများ ဟာ တူညီနေ တတ်ပါတယ်။ကုမ္ပဏီ အမျိုးမျိုးက နာမည် အမျိုးမျိုးပေးထားတတ်တဲ့ တူညီတဲ့ ဆေးဝါတွေ ဖြစ်နေတတ်ပါတယ်။ဒါကြောင့် ဆေးနှစ် မျိုး ပေါင်းပေးမိလျှင် ဆေးအလွန် အကျွံဖြစ်ပြီး ဘေးထွက်ဆိုးကျိုးတွေ တွေ့ရတတ်ပါတယ်။

(၉)ဆေးပမာဏ ချိန်ဆနည်း။
ကလေးငယ်များအတွက် ဖော်စပ်ထာတဲ့ ဆေးအရည်များမှာ အမှတ်အသား လုပ်ထားတဲ့ ဇွန်းငယ်လေးများ ပါဝင်ပြီးဖြစ်ပါတယ်။ဇွန်ငယ်လေးတွေ မပါဘူးဆိုလျှင်တော့ လက်ဖက်စားဇွန်း ကို အသုံးပြုနိုင်ပါတယ်။ ဆေးတိုက်ရန် အသုံးပြုသော ဇွန်းကိုသတ်သတ် မှတ်မှတ် တစ်ခုတည်း သုံးစွဲရပါမယ်။

(၁၀)အန်လျှင်ဆေးပြန်တိုက်ရမှာလား။
မိဘ တွေက ကလေးအန်ရင် ဆေးပြန်တိုက်တတ်ကြပါတယ်။ တကယ်တော့ ကလေးရဲ့ ကိုယ်ခန္ဓာ ထဲကို ဆေးပမာဏ ဘယ်လောက်ရောက်သွားပြီ ဆိုတာ မသိတဲ့ အတွက် ထပ်မတိုက်သင့်ပါဘူး။ မလိုအပ်ဘဲ ဆေးပမာဏ များသွားရင် ဘေးထွက် ဆိုးကျိုးတွေ ရတတ်ပါတယ်။

(၁၁)ကလေးအိပ်နေလျှင် နိုးသင့်ပါသလား။
အအေးမိ၊နှာစေး ချောင်းဆိုး ကလေးငယ်တွေအတွက် အိပ်စက်ခြင်း ဟာ ထိရောက်တဲ့ ကုသမှု တစ်ခုပါ။ဆရာပြော တဲ့ ဆန်တစ်ခွဲ တစ်စိတ်နဲ့ မလဲ ဆိုသလို အချိန် အတိအကျ တိုက်စရာ မလိုပါဘူး။ အိပ်ယာနိုးမှ ဆေးတိုက်လို့ရပါတယ်။

(၁၁)အခြားသတိပြုစရာများ။
ကလေးငယ်တွေ ဆိုတာ လူကြီးလုပ်တာ ကို အတုယူတတ်ပါတယ်။ကလေးငယ်တွေ ရှေ့မှာ ဆေးသောက်ပြတာမျိုး မလုပ်သင့် ပါဘူး။စားစရာ ထင်ပြီး မလိုအပ်ဘဲ ယူစားမှာ စိုးရိမ်ရပါတယ်။ဆေးကို ချိုချဉ်ဆိုပြီး ညာတိုက်တတ်တဲ့ မိဘတွေ တွေ့ဘူးပါတယ်။ ယနေ့ခေတ်ဆေးတွေဟာ အနံ အရသာ ကောင်းအောင်စီမံထားတတ် ကြလို့ ကလေးတွေ အလွန်ခံတွင်းတွေ့တတ်ပါတယ်။သရေစာ အဖြစ် ခဏခဏ ယူသောက်မိမှာ ကို မိဘတွေ သတိပြုရပါမယ်။ ကလေးတွေ လက်လှမ်းမှီနိုင်မယ့် နေရာ မှာ မထားသင့် ပါဘူး။

ကလေးငယ်လေးတွေ နာမကျန်းဖြစ်တဲ့ အခါ အဓိက အနီးကပ် စောင့်ရှောက်ရတာ မိဘအုပ်ထိန်းသူတွေဖြစ်ပါတယ်။ ဆရာဝန်၊ဆရာမတွေ ညွှန်ကြားတဲ့ အတိုင်းအတိအကျ လိုက်နာဆောင်ရွက် ဖို့လိုပါ တယ်။ဒီလို လိုက်နာ ဆောင်ရွက် နိုင်ဖို့ဆို တာလည်း ဆေးပညာ ဗဟုသုတ အတော်အသင့်ရှိ ဖို့လိုသလို ရှိတဲ့ဗဟုသုတ ကိုလည်း နေ့စဉ် နေထိုင်စားသောက်တဲ့ အခါ အကျိုးရှိရှိ အသုံးချ သွားဖို့လိုပါတယ်။တစ်ချို့ ကလေးမိဘ တွေကတော့ ဘာလုပ်ရမယ်၊ ဘာမလုပ်ရဘူး သိကြပါတယ်။ဒါပေမယ့် လက်တွေ့မှာတော့ လိုက်နာတာနည်းကြပါတယ်။

ပျော်ရွှင်ချမ်းမြေ့ကြပါစေ….
မနဲ့မောင်

No comments: