Showing posts with label blood. Show all posts
Showing posts with label blood. Show all posts

Tuesday, September 2, 2008

Treatment of leukemia

သွေးကင်ဆာ ကုသခြင်း

ဒီတစ်ခါ မှာတော့ သွေးကင်ဆာ ကို ကုသနိုင် တဲ့ နည်းလမ်း လေးတွေ ကို ပြောပြ ပါမယ်။ ယျေဘူယျ အားဖြင့် သွေးကင်ဆာ ဝေဒနာရှင် တွေကို -
(၁) Chemotherapy
(၂) Interferon therapy
(၃) Radiation therapy
(၄) Stem cell transplantation
(၅) Surgery
ဆိုပြီး ကုသနည်း အမျိုးမျိုး ရှိပါတယ်။ များသော အားဖြင့် ကင်ဆာ ရောဂါ ပါရဂူတွေဟာ ကုသပုံ ၁မျိုး ထည်း မဟုတ်ဘဲ ပေါင်းစပ် ကုသ တတ်ကြ ပါတယ်။ ကုသနည်း တိုင်းမှာ ကောင်းကျိုး ဆိုးကျိုး တွေ ဒွန်တွဲ နေတတ် ပါတယ်။ stem cell transplant ဆိုလျှင် ကုန်ကျ စရိတ် အလွန်ကြီးမားပြီး ဆေးရုံ မှာလည်း ကြာရှည်စွာ နေရ တတ်ပါတယ်။ ရောဂါ အမျိုးအစား ပေါ် မူတည်ပြီး ကုသပုံ ကုသနည်း လည်း ကွာခြား တတ်ပါတယ်။


Chemotherapy

ကင်ဆာ ဆဲလ်တွေကို ဖျက်ဆီးဖို့ အာနိသင် ပြင်းတဲ့ ဆေးဝါးများကို သုံးစွဲခြင်း ဖြစ်ပါတယ်။ leukemia အမျိုးအစား ပေါ် မူတည်ပြီး ဆေးဝါး ရွေးချယ်ရာမှာ မတူညီ တတ်ပါဘူး။ အဆိုပါ ဆေးများဟာ လျှင်မြန်စွာ တိုးပွား လာတဲ့ ကင်ဆာ ဆဲလ်တွေကို ဖျက်ဆီး ပစ်ပါတယ်။ ဆိုးကျိုး က ခန္ဓာကိုယ်မှာ ရှိတဲ့ သွေးဖြူဥ၊ သွေးမွှား ၊အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရှိတဲ့ လျင်မြန်စွာ တိုးပွား တဲ့ ပုံမှန် ဆဲလ် တွေကိုပါ ထိခိုက် တတ်ပါတယ်။

ဒါကြောင့် အဆိုပါ ဆေးဝါးများနဲ့ ကုသ နေချိန်မှာ
(၁) ဆံပင်ကျွတ်ခြင်း
(၂) ပါးစပ်မှာ အနာ ပေါက်ခြင်း
(၃) သွေးအားနည်း ရောဂါ ခံစား ရခြင်း
(၄) သွေးဖြူဥ အရေအတွက် ကျဆင်းပြီး ကူးစက် ရောဂါ ခဏခဏ ၀င်တတ်ခြင်း
(၅) အစာအိမ်နှင့် အူ လမ်းကြောင်း ဆိုင်ရာ ဝေဒနာများ (အန်ခြင်း၊ ပျို့ခြင်း၊ ၀မ်းလျှောခြင်း - စသည်)
ခံစား ရတတ် ပါတယ်။

ကုသရာမှာ အဓိက သုံးစွဲတဲ့ ဆေးဝါး တွေကတော့ daunorubicin, doxorubicin, cytarabine, hydroxyurea, busulfan, prednisone, vincristine sulfate, cyclophosphamide, chlorambucil, fludarabine phosphate, pentostatin, cladribine တို့ ဖြစ်ပါတယ်။

Interferon

ဗိုင်းရပ် ပိုးဝင် ထားတဲ့ ဆဲလ်တွေက ထုတ်ပေးတဲ့ ပရိုတိန်း (အသားဓါတ်) တစ်မျိုး ဖြစ်တဲ့ အင်တာဖာရွန် Interferon ဟာ leukemia ဆဲလ် များ မပွားနိုင် အောင် တားဆီး ပေးပါတယ်။ ယေဘူယျ အားဖြင့် stem cell transplant လုပ်ရန် မသင့်လျှော်တဲ့ လူနာ အသစ် တွေမှာ အသုံးပြု လေ့ရှိပါတယ်။ ဆိုးဆိုး ၀ါးဝါး ဘေးထွက် ဆိုးကျိုး မရှိ ပေမယ့် ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင် ကိုက်ခဲခြင်း၊ အရိုး အဆစ်များ နာကျင် ကိုက်ခဲခြင်း၊ ကိုယ်ပူချိန် တက်ခြင်း၊ ချမ်းတုံခြင်း စတဲ့ ဝေဒနာ တွေကို ခံစား ရတတ် ပါတယ်။

stem cell transplantation

မူလ ဗီဇ ဆဲလ်များ အစားထိုး ထည့်သွင်းခြင်း မလုပ်ခင်မှာ leukemia cell တွေကို chemotherapy ၊ radiotherapy စတာ တွေနဲ့ ချေဖျက် ပစ်ရ ပါတယ်။ ဒီနောက် မှာတော့ stem cell များ သွင်းပေးပြီး ရိုးတွင်း ချဉ်ဆီ ကနေ သွေးဆဲလ် အသစ်များ ထုတ်ပေး ပါတယ်။ အဲဒီလို လုပ်ရာမှာ Autologous နဲ့ Allogeneic ဆိုပြီး (၂) မျိုးရှိပါတယ်။Autologous ဆိုတာက တော့လူနာရဲ့ Stem cell ကို ပြန်သုံး တာပါ။ စိတ်မချ ရလို့ ဒီနည်းကို အသုံးနည်း ပါတယ်။ Allgoneic ဆိုတာ ကတော့ တစ်ခြား သူရဲ့ stem cell ကို သုံးတာပါ။ ဒီနည်းလမ်း ကို အသုံးပြု ရင်တော့ လူနာရဲ့ ခုခံအား စနစ်ကို ဖိနှိပ် ထားဖို့ ဆေးဝါး တွေ သုံးရ ပါတယ်။ ဒါမှသာ ခန္ဒာကိုယ်ထဲ ၀င်ရောက် လာတဲ့ တစ်ပါး သူရဲ့ ဆဲလ်တွေကို reject မလုပ်မှာ ဖြစ်ပါတယ်။ Transplant လုပ်ပြီး ရင်တော့ လူနာရဲ့ သွေးဖြူဥ အရေ အတွက် ၅၀၀ ကျော်တဲ့ အထိ သီးသန့်ခန်း မှာ ထားရ ပါမယ်။ ၂-၃ ပတ် ကြာရင်တော့ သွေးဖြူဥတွေ စပြီး ထုတ်ပေး ပါလိမ့်မယ်။ နောက် သွေးမွှား နဲ့ သွေးနီ ဥတွေ ထုတ်ပေး ပါလိမ့်မယ်။ သွေးဖြူဥ အရေအတွက် ၁၀၀၀ ကျော် ရင်တော့ ဆေးရုံ က ဆင်းနိုင် ပါပြီ။ stem cell transplant ဟာ အမေရိကန် ဒေါ်လာ ၁သိန်းနှင့် အထက် ကုန်ကျ နိုင်ပြီး၊ လူနာရှူ သွင်းတဲ့ လေကို ပါ စစ်ထုတ် သန့်စင်ခြင်း လုပ်ပေး ရတဲ့ အတွက် အရည် အသွေး မြင့်တဲ့ ကျန်းမာရေး ၀န်ဆောင်မှု တွေ လိုအပ် ပါတယ်။

Surgery

ခွဲစိပ် ကုသခြင်း ကတော့ သိပ်ပြီး အသုံး မရှိလှ ပါဘူး။ ဘေလုံး ကြီးလာ ရင်တော့ ဘေလုံးကို ခွဲစိတ် ဖယ်ရှား ပေးပါတယ်။

ကျန်းမာ ရွှင်လန်း ကြပါစေ ...

Saturday, August 30, 2008

သွေးကင်ဆာအကြောင်းသိကောင်းစရာ

သွေးကင်ဆာ အကြောင်း သိကောင်းစရာ (၁)

Leukemia ဆိုတဲ့ သွေးကင်ဆာအကြောင်း ကို မရေးခင် ကျွန်တော်ဟာ ကင်ဆာ ရောဂါ အထူးကု မဟုတ်သလို သွေးရောဂါ ဆိုင်ရာ ပါရဂူလည်း မဟုတ်ပါဘူး ဆိုတာ ကြိုတင် ပြောကြား လိုပါတယ်။ အရမ်းကျယ်ပြန်တဲ့ ခေါင်းစဉ်ထဲကနေ သိသင့် သိထိုက် တာလေးတွေ ထုတ်နှုတ်ပြီး တင်ပြ လိုပါတယ်။

သွေးကင်ဆာ အကြောင်း မပြောခင် ပုံမှန် သွေးဆဲလ်တွေ အကြောင်း ပြောပြ လိုပါတယ်။ bone marrow လို့ ခေါ်တဲ့ ရိုးတွင်း ချဉ်ဆီ ကနေ ပြီးတော့ သွေးနီဥ၊ သွေးဖြူဥ၊ နဲ့ platelet ဆိုတဲ့ သွေးမွှားဆဲလ် (၃) မျိုးကို ထုတ်လုပ် ပေးပါတယ်။ သူတို့ (၃) မျိုး မှာ ကိုယ်စီ တာဝန်တွေ ရှိပါတယ်။ သွေးနီဥတွေက အောက်ဆီဂျင်ကို သယ်ဆောင် ပေးပြီး သွေးနီဥ နည်းရင်တော့ သွေးအားနည်း ရောဂါ (anemia) ဖြစ်တတ် ပါတယ်။ သွေးဖြူဥရဲ့ တာဝန် ကတော့ ခန္ဓာကိုယ် အတွင်း ၀င်ရောက် လာတဲ့ ရောဂါ ပိုးမွှား တွေကို တိုက်ခိုက် ပေးပါတယ်။ သွေးဖြူဥတွေ ပုံမှန် မဟုတ်ရင်တော့ ရောဂါ ပိုးမွှားတွေကို တိုက်ဖျက် နိုင်စွမ်း၊ ကာကွယ်နိုင်စွမ်း ကျဆင်းပြီး ရောဂါ ဝေဒနာ ထူပြော တတ်ပါတယ်။ platelet (သွေးမွှား) ကတော့ သွေးခဲရာမှာ တာဝန်ယူပြီး သွေးအလွန်အကျွံ မထွက်အောင် ကာကွယ် ပေးပါတယ်။


leukemia ရောဂါမှာတော့ရိုးတွင်းချဉ်ဆီ ကနေ ပုံမှန် မဟုတ်တဲ့ သွေးဖြူဥ တွေ ထုတ်ပေး ပါတယ်။ အစ ပထမတော့ အဲဒီ သွေးဖြူဥ တွေဟာ ပုံမှန် သွေးဖြူဥ တွေနဲ့ မခြား အလုပ် ကောင်းကောင်း လုပ်ကြ ပါသေး တယ်။ အချိန်ကြာလာ တာနဲ့ အမျှ ဖောက်ပြန် လာသလို သွေးနီဥနဲ့ platelet တို့ရဲ့ မူလ တာဝန် တွေကိုပါ ထိခိုက် လာတဲ့ အတွက် ရောဂါ လက္ခဏာတွေ ပြလာ ပါတော့ တယ်။

leukemia ဘယ်နှစ်မျိုးရှိပါသလဲ ?
အဓိက အားဖြင့် ရောဂါလက္ခဏာ မြန်မြန် ပြသလား။နှေးနှေး ပြသလား ဆိုတာကို အခြေခံပြီး -
(၁) chronic leukemia
(၂) acute leukemia
ဆိုပြီး (၂)မျိုး ခွဲခြားနိုင် ပါတယ်။

Chronic leukemia မှာဆိုလျှင် မူမမှန်တဲ့ သွေးဖြူဥ တွေက ပုံမှန် အလုပ်တွေ လုပ်နေကြလို့ အစပိုင်းမှာ ရောဂါ လက္ခဏာတွေ မပြတတ်ပါဘူး။ အချိန် ကြာလာတာနဲ့အမျှ မူမမှန် ဆဲလ် အရေအတွက် များလာပြီ ဆိုမှသာ ရောဂါ လက္ခဏာ ပြတတ် ပါတယ်။

Acute leukemia မှာတော့ မူမမှန် ဆဲလ်တွေဟာ အလျှင်အမြန် တိုးပွား လာရုံမက ပုံမှန် အလုပ် တွေကို လုံးဝ မလုပ်နိုင် တဲ့အတွက် ရောဂါ လက္ခဏာတွေ ချက်ချင်း ပြတတ်ပါတယ်။

သွေးဖြူဥ အမျိုးအစား ပေါ် မူတည်ပြီးလည်း အမျိုးအစား ထပ်ခွဲ နိုင်ပါသေးတယ်။
lymphoid cell မှာ ဖြစ်ရင် lymphocytic leukemia ၊ myeloid cell မှာ ဖြစ်ရင်တော့ myeloid leukemia လို့ ထပ်ခွဲ နိုင်ပါတယ်။

Chronic Lymphocytic leukemia ။ အသက် (၅၅) နှစ် အထက်မှာ ဖြစ်တတ် ပါတယ်။ ကလေးတွေမှာ မဖြစ်သလောက် ပါပဲ။
Chronic Myeloid Leukemia။ အရွယ်ရောက်ပြီး သူတွေမှာ အဓိက ဖြစ်တတ် ပါတယ်။
Acute Lymphocytic Leukemia ကလေးငယ် တွေမှာ အဓိက ဖြစ်ပွား တတ်ပြီး လူရွယ် တွေမှာ လည်း ဖြစ်ပွား တတ်ပါတယ်။
Acute myeloid leukemia ဒီအမျိုးအစား ကတော့ လူကြီး လူငယ် မရွေး ဖြစ်ပွား တတ်ပါတယ်။

ဘယ်လို လူမျိုးတွေမှာ ဖြစ်နိုင်သလဲ ?
ဘာကြောင့် leukemia ဖြစ်ရတယ် ဆိုတာ ဘယ်သူမှ အတိအကျ မသိကြပါဘူး။ သုတေသန စာတမ်းတွေ အရတော့ ဖြစ်နိုင်ခြေ risks များတဲ့ အနေအထား တွေကို သတ်မှတ် နိုင်ခဲ့ ပါတယ်။

ဓါတ်ရောင်ခြည် သင့်မှု ။ ဒုတိယ ကမ္ဘာစစ် အတွင်းက ဂျပန်ကို ကျဲချခဲ့တဲ့ အနုမြူဗုံး ဒဏ်မှ အသင်ရှင် ကျန်ရစ် သူတွေနဲ့ သူတို့ရဲ့ ဆွေစဉ် မျိုးဆက် တွေမှာ leukemia ရောဂါ ဝေဒနာ ပိုမို ဖြစ်ပွားတာ တွေ့ရပါတယ်။ ဆေး ပညာ မှာလည်း ဓါတ်ရောင်ခြည်ကို သုံးပြီး ကုသ ရတာ ရှိပါတယ်။ ဒါဟာလည်း သာမန် လူတွေထက် စာလျှင် သွေးကင်ဆာ ဖြစ်ဖို့ အလား အလာ ပိုများပါတယ်။

ဓာတုဗေဒ ပစ္စည်းများ ။ အလုပ်ခွင်မှာ ဘင်ဇင်း(Benzene) ၊ ဖော်မယ်ဒီဟိုက် (Formaldehyde) စတဲ့ ဓာတုဗေဒ ပစ္စည်း တွေကို ကိုင်တွယ် ထိတွေ့ နေရ သူတွေဟာ သွေးကင်ဆာ ဖြစ်နိုင်ခြေ များပါတယ်။

ဆေးဝါးများ ။ အချို့သော ကင်ဆာ ရောဂါ ကုသ ဆေးဝါးများကို ကြာရှည် သုံးစွဲလျှင် သွေးကင်ဆာ ဖြစ်ဖို့ အလားအလာ များပါတယ်။

Down syndrome ။ မွေးရာပါ ရောဂါ တစ်ခုဖြစ်ပြီး အဆိုပါ ရောဂါ ဝေဒနာရှင် များဟာ သွေးကင်ဆာ ဖြစ်ပွား နိုင်ခြေ ပိုများ ပါတယ်။

Human T-cell leukemia virus-I ။ အဆိုပါ ဗိုင်းရပ်စ် ပိုးကြောင့် human T-cell leukemia ဆိုတဲ့ ရှားပါး သွေးကင်ဆာ တစ်မျိုး ဖြစ်ပွား တတ်ပါတယ်။ Myelodysplastic syndrome acute myeloid leukemia ဖြစ်နိုင်ခြေ ပိုများ ပါတယ်။

မျိုးရိုးဗီဇ ။ အခြား ကင်ဆာ ရောဂါများ ကဲ့သို့ သွေးကင်ဆာ ဟာလည်း မျိုးရိုး လိုက်တတ်ပါတယ်။

ရောဂါ လက္ခဏာများ
မူမမှန် သွေးဆဲလ် အရေအတွက် အနည်း အများ ပေါ် မူတည်ပြီး ရောဂါ လက္ခဏာတွေ ပြပုံလည်း မတူတတ် ပါဘူး။ အဓိက ရောဂါ လက္ခဏာ တွေကတော့ ...
(၁) နာတာရှည် အဖျားတက်ခြင်း၊ ညဘက် ချွေးထွက်ခြင်း
(၂) ကူးစက်ရောဂါ မကြာခဏ ၀င်တတ်ခြင်း
(၃) ပင်ပန်း နွမ်းနယ်ခြင်း
(၄) ခေါင်းခဏခဏ ကိုက်ခြင်း
(၅) သွေး မတိတ်ခြင်း
(၆) အရိုးနဲ့ အဆစ်များ နာကျင်ကိုက်ခဲခြင်း
(၇) အကျိတ် များထွက်ခြင်း
(၈) ဘေလုံး ကြီးခြင်း


အထက် ဖော်ပြပါ လက္ခဏာ တွေဟာ အခြားရောဂါ မြောက်မြားစွာ မှာလည်း ဖြစ်တတ် ပါတယ်။ မိမိမှာ အဆိုပါ လက္ခဏာ တွေ ခံစား နေရပြီ ဆိုရင်တော့ ဆရာဝန်နဲ့ တွေ့ပြီး ရောဂါ ပြသ သင့်ပါတယ်။