Showing posts with label widget. Show all posts
Showing posts with label widget. Show all posts

Monday, September 15, 2008

Heart Disease Calculator


ပြောင်းလဲလာတဲ့လူနေမူစနစ်အရနှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားမှုနှုန်းများပြားလာပါတယ်အသက်ငယ်ရွယ်သူတွေမှာလည်းအ၀လွန်ရောဂါသည်လေး တွေ များလာတာကြောင့်နှလုံးသွေးကြောကျဉ်းရောဂါကိုထည့်သွင်းစဉ်းစားလာရပါပြီ။သွေးတွင်းကိုယ်လက်စရောပမာဏများပြားခြင်းကလည်းအဓိကfactorတစ်ခုဖြစ်ပါတယ်ဒါကြောင့်သင့်မှာနှလုံးရောဂါဖြစ်ပွားနိုင်ခြေဘယ်လောက်ရှိလဲဆိုတဲ့အချက်ဟာစိတ်ဝင်စားစရာပါပဲကျွန်တော်ဖော်ပြပေးမယ့်Widgetလေးမှာတွက်ချက်လို့ရပါတယ်သွေးပေါင်ချိန်နှင့်သွေးတွင်းကိုယ်လက်စထရောပမာဏကိုတော့ တိုင်းတာထားရပါမယ်။ကဲ..ကြည့်ရအောင်.

Friday, September 12, 2008

Knowledge about Vitamins

ဗီတာမင်နဲ့ပက်သက်တဲ့ ဗဟုသုတလေးတွေပါ။ဗီတာမင်အမျိုးအစား၊ပါဝင်တဲ့ အစားအစာတွေ၊ ချို့တဲ့ရင်ဖြစ်တတ်တဲ့ ရောဂါလက္ခဏာ တွေကို တစုတစည်း တည်းလေ့လာနိုင်ပါတယ်။စိတ်ဝင်စား စရာ widget လေးမလို့ မျှဝေလိုက်ပါတယ်။


Thursday, September 11, 2008

BMI တိုင်းကြမယ်

BMI ဆိုတာ Body Mass index ကို အတိုကောက်ခေါ်တာပါ။ကိုယ်ခန္ဓာအလေးချိန်ကိုBMIနဲ့တွက်ချက်ကြပါတယ်။ဝရင်လှတာပေါ့လို့ပြောတဲ့ မမ တွေရယ်၊ ပိန်ပိန် ပါးပါးမော်ဒယ် Bodyဆိုပြီးဂုဏ်ယူနေတဲ့ မမ တွေ BMI အကြောင်းသိထားသင့်ပါတယ်။အ၀လွန်ရင်လည်း မကောင်းပိန်လွန်းရင်လည်းမကောင်းပါဘူး။ BMI ညွန်းကိန်းလေးတွေနဲ့ ကိုယ်ခန္ဒာအလေး ချိန်ကို ထိန်းရင်တော့ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလှတရားကို ပိုင်ဆိုင်ပါလိမ့်မယ်။
BMI ကို ဘယ်လိုတိုင်းမလဲ
အောက်မှာ ပြထားတဲ့ box လေးထဲမှာသင့်ရဲ့ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ကိုထည့်ပါ။ပြီးရင်calculate ဆိုတာလေးကို နှိပ်လိုက်ရုံပါပဲ။သင်ရဲ့ BMI ဟာ ၁၈.၅ ထက်နည်းနေရင်တော့ အစားအသောက်မှန်မှန်စားဖို့လိုပါသေးတယ်။၂၅ နဲ့ ၂၉.၉ ကြားမှာဆိုရင်တော့ Overweight လို့ခေါ်ပါတယ်။ အစားအသောက် ဆင်ခြင်ပေတော့။ ၃၀ ကျော်နေပြီဆိုရင်တော့ တော်တော်လေးကိုဝနေပါပြီ။Obesity လို့သုံးပါတယ်။ကျန်းမာရေးအတွက် တော်တော်အန္ဒရာယ်များတဲ့ ကိုယ်အလေးချိန်ပေါ့။၁၈.၅ ကနေ ၂၄.၉ ကြားမှာဆိုရင်တော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်ခန္ဒာပိုင်ရှင်ဖြစ်နေပါပြီ။ဝမ်းသာပေတော့...