Showing posts with label BMI. Show all posts
Showing posts with label BMI. Show all posts

Thursday, September 11, 2008

BMI တိုင်းကြမယ်

BMI ဆိုတာ Body Mass index ကို အတိုကောက်ခေါ်တာပါ။ကိုယ်ခန္ဓာအလေးချိန်ကိုBMIနဲ့တွက်ချက်ကြပါတယ်။ဝရင်လှတာပေါ့လို့ပြောတဲ့ မမ တွေရယ်၊ ပိန်ပိန် ပါးပါးမော်ဒယ် Bodyဆိုပြီးဂုဏ်ယူနေတဲ့ မမ တွေ BMI အကြောင်းသိထားသင့်ပါတယ်။အ၀လွန်ရင်လည်း မကောင်းပိန်လွန်းရင်လည်းမကောင်းပါဘူး။ BMI ညွန်းကိန်းလေးတွေနဲ့ ကိုယ်ခန္ဒာအလေး ချိန်ကို ထိန်းရင်တော့ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလှတရားကို ပိုင်ဆိုင်ပါလိမ့်မယ်။
BMI ကို ဘယ်လိုတိုင်းမလဲ
အောက်မှာ ပြထားတဲ့ box လေးထဲမှာသင့်ရဲ့ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ကိုထည့်ပါ။ပြီးရင်calculate ဆိုတာလေးကို နှိပ်လိုက်ရုံပါပဲ။သင်ရဲ့ BMI ဟာ ၁၈.၅ ထက်နည်းနေရင်တော့ အစားအသောက်မှန်မှန်စားဖို့လိုပါသေးတယ်။၂၅ နဲ့ ၂၉.၉ ကြားမှာဆိုရင်တော့ Overweight လို့ခေါ်ပါတယ်။ အစားအသောက် ဆင်ခြင်ပေတော့။ ၃၀ ကျော်နေပြီဆိုရင်တော့ တော်တော်လေးကိုဝနေပါပြီ။Obesity လို့သုံးပါတယ်။ကျန်းမာရေးအတွက် တော်တော်အန္ဒရာယ်များတဲ့ ကိုယ်အလေးချိန်ပေါ့။၁၈.၅ ကနေ ၂၄.၉ ကြားမှာဆိုရင်တော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်ခန္ဒာပိုင်ရှင်ဖြစ်နေပါပြီ။ဝမ်းသာပေတော့...