Conception -အမျိုးသားရဲ့ spermတစ်ကောင်ဟာ အမျိုးသမီးရဲ့ သားဥ Ovum ကိုထိုးဖောက်ဝင်ရောက်ပြီးတယ်ဆိုရင်ပဲ Conception ကပြီးမြောက်သွားပါပြီ။အဲဒီအချိန်ခဏလေးမှာပဲသားလေးလား၊သမီးလေးလားဆိုတာ မျိုးရိုးဗီဇအရဆုံးဖြတ်ပြီးပါပြီ။(၃)ရက်အတွင်းပဲ မျိုးအောင်တဲ့သားဥဟာConceptionဖြစ်တည်ရာ ပြွန်(fallopian tube)ကနေသားအိမ်ထဲကိုချီတက်လာပါတော့တယ်။သားအိမ်ထဲရောက်တော့သင်တော်တဲ့နေရာတစ်ခုရွေးပြီးစခန်းချဖို့ပြင်ဆင်တော့တာပေါ့။လိုအပ်တဲ့အဟာရထောက်ပံ့မှုတွေရဖို့ အချင်း(placenta)ဆိုတာလည်းဖြစ်လာတယ်။

လေးပတ်အကြာ -လေးပတ်အကြာမှာတော့ မျက်နှာနဲ့လည်ပင်းဟာတော်တော်လေးဖွံဖြိုလို့နေပါပြီ။ရုပ်ချောလားမချောလားအဲလောက်ဆိုသိပြီ။နှလုံးနဲ့သွေးကြေတွေကတော့တစ်စတစ်စဖွံဖြိုးလာဆဲပါ။အဆုပ်၊အစာအိမ်နဲ့အသဲကခုမှစပြီးဖွံဖြိုးတာပါ။ကိုယ်ဝန်ရှိမရှိစမ်းသပ်လို့ရနေပါပြီ။တစ်လပေါ့
၂လအကြာ- ဒီအချိန်မှာဘေဘီလေးရဲ့အရွယ်အစားက ဂရိတ်ဖရုအရွယ်လောက်ကြီးနေပါပြီ။မျက်လုံးနဲ့မျက်စိကကောင်ကောင်ပုံပေါ်နေပါပြီ။နှာခေါင်လေးကိုတောင်မြင်ရပြီဆိုပဲ။ခြေလက်စုံပြီ။လက်ချောင်လေးတွေကပိုရှည်ပြီးထင်ရှားလာတယ်တဲ့။





Ultra sound ရိုက်လို့ရပြီ။သားလေးလား၊မီးလေးလားသိပြီ။နှလုံးခုန်တာ။ခြေလက်လှုပ်တာမြင်နေရပြီ။ဆရာဝန်ကတော့ပြောလိမ့်မယ်။အားလုံး အိုကေလို့။




(၈၀လနောက်ပိုင်းဒီအချိန်မှာတော့ကလေးရဲ့အလေးချိန်ဟာတစ်ယောက်နဲ့တစ်ယောက်မတူတော့ပါဘူးတဲ့။ပျမ်းမျှအားဖြင့်တော့ ၁၂.၅ လက်မနဲ့ ၅.၅ ပေါင်လောက်ရှိပါတယ်။ဦးနှောက်ကလျှင်မြန်စွာဖွံဖြိုးလာပါပြီ။အဆုပ်လည်းကောင်းကောင်းဖွံ့ဖြိုးနေပါပြီ။များသောအားဖြင့်ကလေးရဲ့ခေါင်းဟာအမေရဲ့ညှပ်ရိုးကွင်းဘက်ကိုဦးတည်နေပြီးအခြေအနေပေးရင်ထွက်ဖို့ချောင်နေပါပြီ။(၃၇)ပတ်ကျော်ရင်တော့နေစေ့လစေ့မွေးတယ်လို့ပြောလိုရပါပြီ။

အူဝဲ...အူဝဲ ..အူဝဲ ...ရက်သတ္တပတ် (၄၀)ပြည့်တဲ့နေ့ဟာ Due date ပါပဲ။ပုံမှန်အားဖြင် (၃၈) weeks နဲ့ (၄၂)ကြားမှာဖွားတတ်ကြပါတယ်။ဒီမှာတင်ပဲ သားအိမ်တွင်းဇာတ်လမ်းနိဂုံးချုပ်ပါပြီ။

အပြင်ရောတာနဲ့ငိုလေရဲ့။
2 comments:
ဟေ..ဟေ့.. ကျွန်တော်ကတော့လူပျိုကြီးတစ်ချိန်ကျရင် တော့... ကြိုသိချင်လို့ဖတ်သွားတယ် .. :P
ပျော်ရွှင်ကြပါစေ...
ဆရာရေ ... ဒီပို့စ် လေးပါ ပြည်သူ့ ကျန်းမာရေး ဘလော့ မှာ တင်ပေးပါ ... ကျွန်တော် စာပြန် စီပါ့ မယ် :P
Post a Comment