Showing posts with label smoking. Show all posts
Showing posts with label smoking. Show all posts

Monday, September 29, 2008

Smoking and Heart

ဆေးလိပ်နှင့် နှလုံးရောဂါ
ဆေးလိပ်မကောင်းကြောင်းရေး လွန်းလို့ဆေးလိပ် ကုမ္ပဏီတွေက အမြင်ကပ်နေလောက်ပြီ ထင်ပါတယ်။နှစ်စဉ် စက်တင်ဘာလ ၂၈ရက်နေ့က ကမ္ဘာ့နှလုံး များနေ့ဖြစ် ပါတယ်။ကမ္ဘာ့ နှလုံးစောင့်ရှောက်ရေး အဖွဲ့ကြီးမှ ဦးစီးပြီှး နှစ်စဉ် ကျင်းပနေတဲ့ ဒီနေ့မှာ တစ်ခုခုရေး ချင်တာနဲ့ ဆေးလိပ်မ ကောင်းကြောင်း ကိုပဲရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဒီနှစ်ကမ္ဘာ့နှလုံး များနေ့ရဲ့ ဆောင်ပုဒ်ကလည်း နှလုံးအန္တရာယ် သိရှိကာကွယ်(Do you know your risk?) ဆိုတော့ စာဖတ်သူတွေထဲ မှာမသိ တဲ့သူသိအောင်သိပြီးသားသူပိုပြီး သတိထား မိအောင် ဒီခေါင်းစဉ်လေး ကိုရွေးချယ်လိုက် ပါတယ်။

သိပြီးသားသူဆို တဲ့ထဲ မှာဆရာဝန်တွေက ထိပ်ဆုံးကပါ။ကျွန်တော်အခု စာသင်နေတဲ့ဆေးရုံ က နှလုံးအထူး ကုဆေးရုံကြီးတစ်ခုပါ။Ward တစ်ခုထဲ မှာ အတူတူ အလုပ်လုပ် နေတဲ့ လက်ထောက် ဆရာဝန်(၁၅) ယောက်ခန့် ရှိပါတယ်။သူတို့ရဲ့ DUTY COAT ထဲမှာဆေးလိပ် ဘူးကိုယ်စီ ရှိကြပါတယ်။မနက်ပိုင်း လူနာကြည့်ချိန်ပြီးတာနဲ့ smoking zone(ဆေးလိပ်သောက် ရန် သတ်မှတ် ထားသောနေရာ) ကိုပြေးကြ တာပါပဲ။သူတို့အတွက် လူနာကြည့်ချိန် (၁)နာရီလောက်ကို ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့ ရပုံပါပဲ။နောက် ပါမောက္ခကြီး။ သူကတော့နေ့လည်းပိုင်း စာသင်ခန်းမှာ (၄၅)မိနစ်စာသင်ပြီး တာနဲ့ ဆေးလိပ်သောက် နားချိန်ပေး ပါတယ်။ ဆေးလိပ်တစ်လိပ်ကုန်မှ စာသင်ခန်း ကိုပြန်လာပါတယ်။ဆရာဝန်တွေ ကိုယ်တိုင်နစ်ကိုတင်း ရဲ့သားကောင်တွေ ဖြစ်နေကြပါတယ်။

သာမန်စာဖတ် သူတွေကတော့ ဆေးလိပ်နဲ့ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါတွေ ဆက်နွယ်နေ တယ်ဆိုတဲ့အကြောင်းသိပြီးကြမှာပါ။ နှလုံးကျန်းမာရေးနဲ့ ပက်သက်ရင်တော့ သိတဲ့သူနည်းပါလိမ့်မယ်ငယ်ငယ်ကမြန်မာရုပ်မြင်သံကြား မှာပညာပေးဇာတ်လမ်းတိုလေးကြည့်ဖူးပါတယ်။ ကျန်းမာရေးဝန်ကြီး ဌာနကတော့နည်းမျိုးစုံနဲ့ တတ်နိုင်သမျှ ပညာပေးနေတာပါပဲ။

နှလုံးရောဂါ တွေဖြစ်စေနိုင်တဲ့ အခြေခံအကြောင်း အရင်းတွေထဲ မှာ ဆေးလိပ်သောက်ခြင်းက အဓိက အချက်တစ်ချက်ဖြစ်ပါတယ်။နေ့စဉ်ဆေးလိပ် ဘယ်နှစ်လိပ်သောက်တယ် ဆိုတဲ့အချက် က နှလုံးရောဂါဖြစ်ပွား မှု အပေါ်မှာတိုက်ရိုက်အကျိုးသက်ရောက်ပါတယ်။များများသောက်လေ ဖြစ်ဖို့ အလားအလာပိုများလေပါပဲ။နေ့စဉ်ဆေးလိပ် တစ်ဘူးကုန်အောင် သောက်တဲ့ သူဟာ ဆေးလိပ်လုံးဝ မသောက်တဲ့ သူနဲ့စာရင် နှလုံးရောဂါ ဖြစ်နိုင်ခြေ (၂)ဆပိုများပါတယ်ဆေးလိပ်လည်းသောက်တယ်သန္တေတားဆေးတွေလည်းသုံးစွဲ
တယ်ဆိုတဲ့အမျိုးသမီးတွေအတွက်တော့ ဖြစ်နိုင်ခြေပို များပါတယ်။

ဆေးလိပ်သောက်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တဆင့်ခံဆေးလိပ်သောက်ခြင်း (secondhand smoke) လည်းပါဝင်ပါတယ်။ နှစ်စဉ် နှလုံးရောဂါကြောင့် သေဆုံးသူ ၃၅၀၀၀ ခန့်ဟာ ဒီလို တဆင့်ခံဆေးလိပ်သောက်ခြင်း နှင့်တိုက်ရိုက်ဆက်စပ်နေတယ်လို့ဆိုပါတယ်။

ဆေးလိပ်နှင့်နှလုံးရောဂါ ဘယ်လိုဆက်စပ်နေသလဲ
ဆေးလိပ်မှာ အဓိကပါဝင်တဲ့ နီကိုတင်းဓါတ်က
(၁) နှလုံးအတွက်လိုအပ်တဲ့ အောက်ဆီဂျင် ရရှိမှု ကိုနည်းပါးစေ ပါတယ်။
(၂) သွေးဖိအားကို များစေပြီး နှလုံးခုံနှုန်းကို မြန်စေပါတယ်။
(၃) သွေးခဲအောင် အားပေးပါတယ်။
(၄) နှလုံးသွေးကြော အပါအ၀င် သွေးကြောအားလုံးဧ။် နံရံမှဆဲလ်များကိုထိခိုက်ပျက်ဆီးစေပါတယ်။

ဆေးလိပ်ဖြတ်ခြင်းဧ။် အကျိုးကျေးဇူးများ
(၁) အသက်ကို ရှည်စေပါတယ်
(၂)နှလုံးရောဂါ၊ သွေးတိုးရောဂါ နှင့် ကင်ဆာရောဂါ များဖြစ်ပွားနိုင်ခြေ ကို လျော့နည်းစေပါတယ်။
(၃)ချောင်းဆိုးခြင်း၊ လည်ချောင်နာခြင်းများ ကင်ဝေးပြီး အမောအပန်းခံနိုင်လာပါတယ်။
(၄)အသားအရေတွန့်ခြင်း၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်ကို ကာကွယ်ပေးပြီး နုပျိုစေပါတယ်။
(၅)အရသာခံ ခြင်း အနံ့ခံခြင်းစတဲ့ အာရုံများကိုတိုးတက်စေပါတယ်။
(၆)ငွေကြေးအကုန်အကျသက်သာပါတယ်။
(၇)ဆေးလိပ်ငွေ့ကင်းစင်တဲ့ ပျော်စရာမိသားစုလေး ကိုပိုင်ဆိုင်နိုင်ပါတယ်။

ဆေးလိပ် ဘယ်လိုဖြတ်ကြမလဲ
ဆေးလိပ်မကောင်းကြောင်း လည်းပြောပြီးပြီ။ ဆေးလိပ်မသောက်ရင် ဘာတွေကောင်းမယ် ဆိုတာလည်း ပြောပြီးပြီ။ဆေးလိပ်ဘယ်လို ဖြတ်ရမလဲ ဆိုတဲ့ မေးခွန်းတွေကို ခဏခဏ အမေးခံရဖူးပါတယ်။ဆေးလိပ်ဖြတ်တယ်ဆိုတာ ဆရာပြောသလောက်မလွယ်ပါဘူး ဆိုတဲ့ သူတွေလည်းကြုံဖူးပါတယ်။မလွယ်ဘူးဆိုတာ ကိုယ်တိုင်မသောက်ပေမယ့် ရိပ်စားမိပါတယ်။ သို့ပေမယ့်လည်း မိမိကောင်းကျိုး၊ မိသားစုကောင်းကျိုး ရှေ့ရှူပြီး ကြိုးစားသင့်ပါတယ်။

ဆေးလိပ်ဖြတ်မယ် လို့ဆုံးဖြတ်တဲ့ အခါမှာ မိမိကိုယ်တိုင် ကပြတ်သားဖို့ လိုပါတယ်။ လိုလိုချင်ချင် ရှိရပါမယ်။ရည်းစားကဖြတ်ခိုင်းလို့ဆိုတာထက်မိမိကိုယ်တိုင် မသောက်သင့်တော့ဘူး၊ ဖြတ်ကို ဖြတ်ရမယ်ဆိုတာမျိုး ဖြစ်သင့်ပါတယ်။ပထမဆုံးလုပ်ရမှာ က ဆေးလိပ်ဖြတ်မယ့်နေ့ကိ ရွေးရပါမယ်။ဒီနေ့ဖြတ်ရမယ်လို့ မဆိုလိုပါဘူး။ဥပမာ အောက်တိုဘာ ၁၅ ရက်နေ့ ဆေးလိပ်ဖြတ်မည်ဆိုတာမျိုးပေါ့။ရက်ရွေးပြီးရင် တိတိကျကျ လုပ်ရပါမယ်။ ဘာအကြောင်းနဲ့ မှရက်နောက်ဆုတ်သွားတာမျိုးမဖြစ်သင့် ပါဘူး။

  1. ဘာကြောင့်ဆေးလိပ်ဖြတ်ဖို့ ရွေးချယ်ခဲ့တယ်ဆိုတာ ရေးသားပြီး နေ့စဉ် ပြန်ပြန်ဖတ်ပါ။ဥပမာ ဆေးလိပ်ရဲ့ ဆိုးကျိုးတွေကို ရေးချပြီး နေ့စဉ် ပြန်သတိရအောင် ဖတ်ပါ။


  2. ဘာလိုအချိန်တွေ မှာဆေးလိပ် သောက်တယ်၊ဘာကြောင့်ဆေး လိပ်သောက်တယ်၊ ဆေးလိပ် သောက်တဲ့ အချိန်တွေမှာ ဘာတွေလုပ်နေတယ် ဆိုတာကို စာရွက်နဲ့ ရေးချပြီး မိမိဆေးလိပ်သောက်ရ ခြင်း အကြောင်းအရင်းကို ဆန်းစစ်ပါ။


  3. လုံးဝ အပြီးအပိုင် မဖြတ်ခင် သောက်နေကျ အချိန်တွေမှာ မသောက်ဘဲ နေကြည့်ပါ။ ဥပမာ အလုပ်နားချိန်၊ ညစာ စားပြီချိန်။


  4. ဆေးလိပ်သောက်ချင် စိတ်ပေးလာရင် တစ်ခုခုလုပ်ဖို့ စာရင်ပြုစုထားပါ၊ ဥပမာ ပီကေ၀ါးမယ်။ရေကူးမယ်။


  5. Chantix and Wellbutrin ကဲ့သို့ဆေးလိပ်ဖြတ်ဆေးများ၊ နစ်ကိုတင်း Gumများကိုလည်းသုံးစွဲနိုင်ပါတယ် နီးစပ်ရာဆရာဝန် နှင့်တိုင်ပင်သုံးစွဲ ရပါမယ်။

အနောက်နိုင်ငံတွေ မှာတော့ ဆေးလိပ်ဖြတ်သူတွေ စုစည်းထားတဲ့ အသင်းအဖွဲ့တွေရှိပါတယ်။အတွေ့အကြုံ ဖလှယ်ခြင်းအကြံဥာဏ်ရယူခြင်းများ ဖြင့် အကျိုးရှိစေပါတယ်။

ဆေးလိပ်ဖြတ်ပြီဆိုတာနဲ့ နောက်အရေး ကြီးတဲ့အချက် က ပြန်မသောက်ဖြစ်အောင် ထိန်းနိုင်ဖို့လိုပါတယ်။ဒီအတွက် အောက်ပါအချက်လေးများကို ဂရုစိုက်ပြီးလိုက်နာသင့်ပါတယ်။

  1. ဆေးလိပ်၊မီးခြစ်၊ဆေးလိပ်ပြာခွက်စတာတွေကို လုံးဝစွန့်ပစ်လိုက်ပါ။

  2. အနီးပတ်ဝန်းကျင်မှာ ဆေးလိပ်မသောက်ဖို့ သူငယ်ချင်းတွေ ကို ပြောပါ။တားမြစ်ပါ။

  3. ဆေးလိပ်ကို သတိရတိုင်း မိမိကျန်မာရေးကောင်းမွန်လာမှာကို တွေးပြီးဖြေသိမ့်ပါ။

  4. ဆေးလိပ်သောက်ချင်စိတ်ဖြစ် လာတဲ့အခါ အသက်ပြင်းပြင်းရှူပြီး(၁၀)စက္ကန့်ခန့်အောင့်ထားပါ။ဖြေးညှင်းစွာ ရှူထုတ်ပါ။ဆေးလိပ်သောက်ချင်စိတ်ပျောက်တဲ့ အထိ အကြိမ်ကြိမ် ပြန်လုပ်ပါ။

  5. လက်ကို မအားအောင်တစ်ခုခုလုပ်နေပါ။ ဥပမာ …ခဲတံဖြင့် ကစားနေပါ။

  6. ဆေးလိပ်နဲ့ ပက်သက်နေတဲ့ မိမိရဲ့ လူနေမှု ပုံစံကိုပြင်ပါ။ လမ်းလျှောက်၊ရေကူး လေ့ကျင့်ခန်းများ လုပ်ပါ။

  7. ပီကယ် ၀ါးပါ။ဆေးလိပ်အစားထိုး အစားအစာကို သတိထားရွေးချယ်ပါ။သကြားဓါတ်မများပါစေနှင့်

  8. ရေများများသောက်ပါ။အရက်နှင့် ကဖင်းဓါတ်ပါသောအချိုရည်မှားကိုရှောင်ပါ။


ဆေးလိပ်ဖြတ်လက္ခဏာများ
ဆေးလိပ်မှာပါတဲ နစ်ကိုတင်းဓါတ်ကြောင့် ဆေးလိပ်ဖြတ်စမှာ ခန္ဓာကိုယ် က ဆေးလိပ်တောင်းတတ်ပါတယ်။ဂဏာမငြိမ်ခြင်း၊စိတ်တိုလွယ်ခြင်း၊ ဗိုက်ဆာာခြင်း၊ ခေါင်းကိုက်ခြင်း၊ ချွေးစေးများထွက်ခြင်း၊ အိပ်မပျော်ခြင်း စတဲ့ဝေဒနာတွေ ကိုခံစားရနိုင်ပါတယ်။ဒီကာလမှာ တောင့်ခံနိုင်အောင်ကြိုးစားရပါမယ်။မိသားစုဝင်တွေ ကလည်းစာနာဖေးမ ပြီးကူညီပေးရပါမယ်။ဒီလက္ခဏာတွေ ဟာသာမန်အားဖြင့် (၂)ပတ်အတွင်း ပျောက်ကင်း သွားနိုင်ပါတယ်ဆေးလိပ်ဖြတ်တာ (၁၅) နှစ်ကြာပြီဆို ရင်တော့ နှလုံးရောဂါရ နိုင်ခြေ ဟာ သာမန်လူတွေနဲ့ အတူတူပြန်ဖြစ်သွားပါမယ်။ သင်ကိုယ်တိုင်နှင့် သင့်မိသားစုဝင် တွေ ဆေးလိပ် အန္တရာယ်မှ ကင်းဝေးနိုင်ကြပါစေ။

Sunday, September 28, 2008

Quit Smoking

Friday, September 5, 2008

ဆေးလိပ်နှင့်ကင်ဆာ




၁၉၉၉ခု နှစ်မှ၂၀၀၄ ခုနှစ် အတွင်းအမေ ရိကန်နိုင်ငံသား(၂.၄)သန်းကျော် ဟာဆေးလိပ်သောက် သုံးခြင်းနဲ့

ဆက်စပ်နေတဲ့ကင်ဆာရောဂါတွေကို ခံစားခဲ့ရတယ်လို့ဗဟိုရောဂါထိန်ချုပ်ရေးဌာနက၂၀၀၈ခုနှစ် စက်တင်

ဘာလ၄ရက်နေ့မှာကြေငြာ လိုက်ပါတယ်။အဆိုပါ စစ်တမ်းဟာဆေးလိပ်သောက်သူများကို အခြေခံ ပြီးပြု စု

ထားတာဖြစ်ပါတယ်။ဝေဒနာရှင်(၂)သန်းကျော်ရဲ့ထက်ဝက်ခန့်ဟာအဆုတ်ကင်ဆာရောဂါကိုခံစားနေကြရ

ပါတယ်။ 

"ဆေးလိပ်သောက်ခြင်းဟာ ကင်ဆာဖြစ်စေ နိုင် တဲ့အဓိက အကြောင်း အရင်း ဖြစ်ပြီးဆေးလိပ် ဖြတ်ခြင်းဖြင့်

ရာဂါဖြစ်ပွားမှုနှုန်းနှင့်အရွယ် မတိုင်မှီသေဆုံးမှုနှုန်းတို့ကိုသိသိသာသာ ကျဆင်းစေပါတယ်။ အမေရိကန်မှာ

ဖြစ်ပွားတဲ့ကင်ဆာရောဂါတွေရဲ့သုံးပုံတစ်ပုံခန့်ဟာဆေးလိပ်သောက်သုံးမှုနှင့်ဆက်စပ်နေပါတယ်"

လို့အ ဆိုပါရော ဂါထိန်းချုပ်ရေးဌာန မှဒါရိုက် တာMatthew McKenna ကဆိုပါတယ်။ အဆို ပါစစ် တမ်း ဟာ

အဆုပ်ကင်ဆာ၊ခံတွင်း ကင်ဆာ၊ဆီး အိမ်ကင်ဆာ၊သွေးကင်ဆာ၊ လည်ချောင်းကင်ဆာ၊အစာရေမျို ကင်ဆာ၊

အစာအိမ်ကင်ဆာ၊သားအိမ်ခေါင်းကင်ဆာ၊ မုန့်ချိုအိပ်(ပန်ကရိယ)ကင်ဆာ၊ကျောက်ကပ် ကင်ဆာဖြစ်ပွား မှု

တို့ကို အခြေပြု ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ အသက်အရွယ်ကြီးရင့်သူ အမျိုးသားများမှာ ပိုမိုဖြစ်ပွား တတ်

တွေ့ရပါတယ်။

အဆိုပါစစ်တမ်းမှာ ကန့်သတ်ချက် များရှိနေပေမယ့်ဆေးလိပ်သောက်ခြင်းဟာဖော်ပြပါ ကင်ဆာေ ရာဂါများ

နဲ့ဆက်စပ်နေတယ်ဆိုတဲ့အချက်ကိုတော့အများကလက်ခံထားကြပါတယ်။ From Web MD

Thursday, September 4, 2008

ဆေးလိပ်သောက်ခြင်းနှင့်အဆုတ်ကင်ဆာ

" ဆေးလိပ် သောက်ခြင်း သည် ကျန်းမာရေး ကို ထိခိုက် နိုင်ပါသည် "

ဆိုတဲ့ ဆိုင်းဘုတ် စာတမ်း ကလေး ကို လူတိုင်း တွေ့ဖူး မြင်ဖူး ကြမှာပါ။ ကမ္ဘာနဲ့ အ၀ှမ်း ဘာသာ စကား ပေါင်းစုံနဲ့ ရေးသားပြီး ရေဒီယို၊ ရုပ်မြင် သံကြား၊ သတင်းစာ၊ တွေက အစ၊ လူမြင်ကွင်း ဈေး၊ ဘူတာတွေ အလယ်၊ ဆေးလိပ် ဘူးခွံ အဆုံး ရေးသား ဖော်ပြပြီး သတိပေး နေပါတယ်။ ဒါပေမယ့် လူတွေ ဆေးလိပ် သောက်တာ လျော့သွား လား ဆိုတော့ မလျော့ ပါဘူး။ တစ်ချို့က ဆင်ခြေ ပေးတတ် ပါ သေးတယ်။ ဒီ ဆေးလိပ် က အငွေ့ စစ်တဲ့ အထူး အစီခံ filter ပါတယ် ဆိုပဲ။


အငွေ့ စစ်တဲ့ အထူး အစီခံ Filter ပါတယ် ဆိုတာ ရောင်း ကောင်းအောင် ကြော်ငြာတဲ့ လုပ်ကွက် တစ်ခုပါ။ ဆေးလိပ် သောက်ခြင်း မဖြတ်နိုင်တဲ့ သူတွေကို လည်း အပြစ် မဆိုသာ ပါဘူး။ မကောင်းမှန်း သိလျှက်နဲ့ ဆက်လုပ် နေမှတော့ မဖြတ်နိုင် လို့ပေါ့။ ဆေးလိပ်မှာ ဓာတုဗေဒ ပစ္စည်း ပေါင်း ၄၀၀၀ ကျော်ပါ ပါတယ်။ အဲဒီ ပစ္စည်းတွေ ဟာ ဆေးလိပ် သောက်သူ သာမက လေထဲကို ပြန့်နေတဲ့ ဆေးလိပ် ငွေ့ တွေက တဆင့် ဘေး ပတ်ဝန်းကျင် က လူတွေကိုပါ ထိခိုက် တတ်ပါတယ်။ ဒီနေရာမှာ ကြုံကြိုက်လို့ တစ်ခု ပြောပါရစေ။ အနောက် နိုင်ငံ တော်တော် များများ မှာ ယောင်္ကျား၊ မိန်းမ မရွေး ဆေးလိပ် တော်တော် သောက်ကြ ပါတယ်။ ဒါပေမယ့် စည်းကမ်း ရှိပါတယ်။ အနား မှာ လူရှိနေရင် ခွင့်တောင်း ကြပါတယ်။ အိမ်ခန်းထဲမှာ မသောက်ကြ ပါဘူး။ လှေကားလို နေရာမျိုးမှာ ထွက်သောက်ပြီး မီးငြိမ်းမှ အခန်းထဲ ပြန်လာ ကြပါတယ်။ အများ ပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာ တွေမှာ လုံးဝ ဆေးလိပ် မသောက်ကြ ပါဘူး။ အတိအကျ လိုက်နာ ကြပါတယ်။ မြန်မာတွေ ကတော့ ဒီအချက်တွေ အားနည်း တယ် လို့ ရိုးသားစွာ မြင်မိပါတယ်။

ဆေးလိပ်ငွေ့တွေ ကို ရှူရှိုက်မိတဲ့ သူဟာ ဆေးလိပ် သောက်သူနဲ့ မခြား ရောဂါ ဝေဒနာတွေ ရတတ် ပါတယ်။ သင့် ကလေးတွေကို ဆေးလိပ်ငွေ့ တွေထဲမှာ မွန်း မနေပါ စေနဲ့။ ဆေးလိပ်ကြောင့် နှလုံး သွေးကြောကျဉ်း ရောဂါ၊ သွေးတိုး ရောဂါ၊ လေဖြတ် လေငန်း ရောဂါ၊ အဆုတ် ကင်ဆာ ရောဂါ အပါအ၀င် ရောဂါပေါင်းစုံ ဖြစ်ပွား စေပါတယ်။ ဆေးလိပ် သောက်တဲ့ မိခင်တွေ ဆိုရင် ကိုယ်လက် အင်္ဂါ မစုံတဲ့ ရင်သွေးတွေ တောင် မွေးတတ် ပါသတဲ့။ အဆုတ် ကင်ဆာ ရောဂါ ကတော့ အဆိုးဝါးဆုံး ပါ။ ကုသရန် ခက်ခဲပြီး သေဆုံးနှုန်း မြင့်မား ပါတယ်။ ယောင်္ကျား တွေမှာ ဒုတိယ အဖြစ် အများဆုံး ကင်ဆာ ရောဂါ ဖြစ်ပါတယ်။ အမျိုးသမီး တွေမှာ တော့ တတိယ အဖြစ် အများဆုံး ကင်ဆာ ရောဂါပါ။ များသော အားဖြင့် အသက် ၄၅ နှစ် ကနေ ၇၀ အတွင်း မှာ ဖြစ်ပွား တတ်ပါတယ်။

ဖြစ်ပွားရတဲ့ အကြောင်းအရင်း

(၁) ဆေးလိပ် သောက်သုံးခြင်း
(၂) တဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်ခြင်း
(၃) ဓါတ်ရောင်ခြည် သင့်ခြင်း
(၄) ဓာတု ပစ္စည်းများ နှင့် ကြာရှည်စွာ ထိတွေ့ခြင်း (ကျောက်ဂွမ်း asbestos , arsenic, chromates, nickel, chloromethyl ethers, mustard (poison war) gas, and coke oven emissions.


ရောဂါ လက္ခဏာများ

(၁) ကာလ ကြာရှည်စွာ ချောင်းဆိုးခြင်း
(၂) ချောင်းဆိုးလျှင် သွေးပါခြင်း
(၃) ကိုယ်အလေးချိန် ကျဆင်းခြင်း
(၄) အစားအသောက် ပျက်ခြင်း
(၅) ရင်ဘတ် အောင့်ခြင်း
(၆) အကျိတ်များ ထွက်ခြင်း
(၇) မောပန်း နွမ်းနယ်ခြင်း

ကင်ဆာ ဖြစ်ပွားတဲ့ နေရာနဲ့ ရောဂါ အနု အရင့် ပေါ် မူတည်ပြီး လက္ခဏာတွေ ကွဲပြား တတ်ပါတယ်။

အဆုတ် ကင်ဆာ ကို အောက်ပါ အတိုင်း အမျိုးအစား ခွဲခြား နိုင်ပါတယ်။

(၁) Squamous cell carcinoma
(၂) Adenocarcinoa
(၃) Small Cell Carcinoma
(၄) Large Cell carcinoma


ကင်ဆာ အမျိုး အစား ပေါ် မူတည်ပြီး ကုသပုံ ကုသနည်း ကွာခြား ပါတယ်။

Small cell carcinoma ကိုတော့ အဓိက အားဖြင့် chemotherapy ခေါ် ကင်ဆာ ဆေးဝါးများ ပေးပြီး ကုသ ပါတယ်။ ဒီ အမျိုးအစား က ရောဂါ ရှာဖွေ တွေ့ရှိချိန်မှာ ခန္ဓာကိုယ် အနှံ့ကို ပြန့်နံ့ နေပြီး ဖြစ်တတ်လို့ ခွဲစိတ် ကုသဖို့ ခက်ခဲ ပါတယ်။ Non small Cell carcinoma လို့ ခေါ်တဲ့ အခြား အုပ်စု ကိုတော့ ခွဲစိတ် ကုသ နိုင်ပါတယ်။ ဓါတ်ရောင်ခြည်ဖြင့် ကုသနည်း ကိုလည်း တွဲဖက် အသုံးပြု နိုင်ပါတယ်။

အသက် ရှင်နိုင်တဲ့ အခွင့်အလမ်း

အဆုတ် ကင်ဆာ ရောဂါ ဖြစ်ပွား နေကြောင်း စောစောစီးစီး ရှာဖွေ တွေ့ရှိလျှင် တော့ အသက်ရှင် နိုင်တဲ့ အခွင့် အလမ်း ၅၀% ကျော် ရှိပါတယ်။ ၅ နှစ် အထိ အသက်ရှင် နိုင်တဲ့ အခွင့်အလမ်း ကတော့ ၁၀-၁၅% ပဲ ရှိပါတယ်။

ကဲ ... ... သင်နဲ့ သင့် မိသားစု ထိတွေ့ နေရတဲ့ ဆေးလိပ်ငွေ့ တွေရဲ့ အန္တရာယ်ကို သတိပြု နိုင်ပါစေ။