Thursday, August 21, 2008

က ကလေးငယ်ချစ်စဖွယ်...

ဒီတစ်ခါတော့ကျွန်တော် ရဲ့သူငယ်ချင်း ဘလော့ ပရိတ်သတ်များကို သားငယ်သမီးငယ်လေးတွေရဲ့ ကိုယ်ခန္ဒာနဲ့ ဦးနှောက်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု အဆင့်ဆင့်ကို သိသလောက်ကလေးပြောပြချင်ပါတယ်။အသက် ၂ လ အရွယ် ကစပြီး သားသားမီးမီးလေးတွေဟာ ပြုံးတတ်ရယ်တတ်နေပါပြီ။ကိုယ်က အသံလေးပြု လို့ဖြစ်ဖြစ်၊အရုပ်ကလေးပြလို့ဖြစ်ဖြစ် မြူရင် သူတို့ပြုံးတတ်နေပြီ။အဖေ၊အမေ၊အဖိုး၊အဖွားတွေအတွက် ပျော်စရာအချိန်လေးတွေပေါ့။

အသက် လေးလအရယ်ဆိုရင်တော့သူတို့လေးတွေ တခစ်ခစ်ရယ်တတ်နေကြပြီလေ...ပါးစပ်ကလေးတွေပြဲပြီး ဟက်ဟက်ပက်ပက်ရယ်နေတဲ့သူတို့လေးတွေက အဖေအမေတို့အမောပြေလေးတွေပေါ့...
မွေးကင်စကလေးလေးတွေက ညဘက်ဆို တစ်ညလုံးမအိပ်ကြဘူးတဲ့။ဒါကြောင့်ကလေးငိုသံတွေဆူညံနေတာပေါ့။အသက်လေးလ ကနေ ခြောက်လ အရွယ်ရောက်မှာ တစ်ည လုံးအိပ်စက်ကြပါသတဲ့.။မေမေတို့ အိပ်ရေးမပျက်တော့ဘူးပေါ့...
အသက် ၅-၆ လာမှာဆိုရင်တော့ကလေးလေးတွေက အမှီအခို တစ်ခုခုနဲ့ ထိုင်တတ်နေပါပြီ..ခေါင်းအုံးလေးကိုမှီပြီးဖြစ်ဖြစ်ပေါ့...ရ လ ကနေ ၉လအရွယ်ရောက်ရင်တော့ အမှီအခိုကင်းကင်းနဲ့ထိုင်တတ်နေပါပြီ....ကျွန်တော်ပုံလေးတွေလှတယ်မလား
၈ လနဲ့ ၉ လ အရွယ်ကလေးလေးတွေကတော့ လေးဘက်တွားသွားတတ်နေပါပြီ...ဖေဖေနဲ့မေမေ မောအောင်ထိန်းရတဲ့အရွယ်ပေါ့။
ဖေဖေမေမေ အလုပ်သွားရင် လက်ကလေး ဝှေ့ရမ်းပြီးနှုတ်ဆက်တတ်ကြတဲ့သားသားမီးမီးလေးတွေ က အရမ်းချစ်စရာကောင်းပါတယ်...(၉) လ အရွယ်ဆို စကားမပြောတတ်ပေမယ့် ချစ်စဖွယ်အမူအရာလေးနဲ့နှုတ်ဆက်တတ်နေပါပြီ...
အသက် (၉) လနဲ့ (၁)နှစ်အရွယ်ကလေးတွေကတော့အစားအသောက်တွေကိုလက်နဲ့စားတတ်နေပါပြီ။သတိထားရမှာက သူတို့လေတွေက အစားအသောက်တင်မက တွေ့တာအကုန်ပါးစပ်ထဲထည့်တတ်ကြတာပါပဲ..ဖေဖေမေမေတို့သတိပြုရမယ့်အရွယ်ပေါ့...
(၁)နှစ်အရွယ်မှာတော့သူတို့လေးတွေ မတ်မတ်ရပ်နိုင်ကြပါပြီတဲ့... ကိုင်စရာလေးရှိရင်လမ်းပါလျှောက်တတ်ပါသတဲ့...ချိုမိုင်မိုင် ချိုမိုင်မိုင် ဆိုပြီးဖေဖေမေမေတို့ပျော်မဆုံးတဲ့အချိန်ပေါ့..

တစ်လှမ်းနှစ်လှမ်း သုံးလေးလှမ်း ....သူတို့လေးတွေ ၁နှစ် ကနေ ၁နှစ်ခွဲ အတွင်းလျှောက်တတ်နေကြပါပြီ...
ကိုယ်ရင်သွေးလေးက ကိုယ်ကို ဖေဖေမေမေစခေါ်တာလောက်ဘယ်အသံကမှ မချိုမြိန်၊မသာယာလှပါဘူး။ဒါကြောင်ပဲ သူတို့လေးတွေကို ဆည်းလည်းလေးတွေလို့ပြောကြတာပေါ့...ဖေဖေမေမေ ဆိုပြီးအသံစာစာလေးတွေထွက်တတ်တာ သူတို့လေးတွေ (၁)နှစ်အရွယ်မှာပါ....

ချစ်စရာရင်သွေးငယ်လေးများကိုပိုင်ဆိုင်ပြီးပျော်ရွှင်တဲ့မိသားစုဘ၀လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ..
ငွေဇင်သူ

No comments: