Friday, September 5, 2008

ဆေးလိပ်နှင့်ကင်ဆာ




၁၉၉၉ခု နှစ်မှ၂၀၀၄ ခုနှစ် အတွင်းအမေ ရိကန်နိုင်ငံသား(၂.၄)သန်းကျော် ဟာဆေးလိပ်သောက် သုံးခြင်းနဲ့

ဆက်စပ်နေတဲ့ကင်ဆာရောဂါတွေကို ခံစားခဲ့ရတယ်လို့ဗဟိုရောဂါထိန်ချုပ်ရေးဌာနက၂၀၀၈ခုနှစ် စက်တင်

ဘာလ၄ရက်နေ့မှာကြေငြာ လိုက်ပါတယ်။အဆိုပါ စစ်တမ်းဟာဆေးလိပ်သောက်သူများကို အခြေခံ ပြီးပြု စု

ထားတာဖြစ်ပါတယ်။ဝေဒနာရှင်(၂)သန်းကျော်ရဲ့ထက်ဝက်ခန့်ဟာအဆုတ်ကင်ဆာရောဂါကိုခံစားနေကြရ

ပါတယ်။ 

"ဆေးလိပ်သောက်ခြင်းဟာ ကင်ဆာဖြစ်စေ နိုင် တဲ့အဓိက အကြောင်း အရင်း ဖြစ်ပြီးဆေးလိပ် ဖြတ်ခြင်းဖြင့်

ရာဂါဖြစ်ပွားမှုနှုန်းနှင့်အရွယ် မတိုင်မှီသေဆုံးမှုနှုန်းတို့ကိုသိသိသာသာ ကျဆင်းစေပါတယ်။ အမေရိကန်မှာ

ဖြစ်ပွားတဲ့ကင်ဆာရောဂါတွေရဲ့သုံးပုံတစ်ပုံခန့်ဟာဆေးလိပ်သောက်သုံးမှုနှင့်ဆက်စပ်နေပါတယ်"

လို့အ ဆိုပါရော ဂါထိန်းချုပ်ရေးဌာန မှဒါရိုက် တာMatthew McKenna ကဆိုပါတယ်။ အဆို ပါစစ် တမ်း ဟာ

အဆုပ်ကင်ဆာ၊ခံတွင်း ကင်ဆာ၊ဆီး အိမ်ကင်ဆာ၊သွေးကင်ဆာ၊ လည်ချောင်းကင်ဆာ၊အစာရေမျို ကင်ဆာ၊

အစာအိမ်ကင်ဆာ၊သားအိမ်ခေါင်းကင်ဆာ၊ မုန့်ချိုအိပ်(ပန်ကရိယ)ကင်ဆာ၊ကျောက်ကပ် ကင်ဆာဖြစ်ပွား မှု

တို့ကို အခြေပြု ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ အသက်အရွယ်ကြီးရင့်သူ အမျိုးသားများမှာ ပိုမိုဖြစ်ပွား တတ်

တွေ့ရပါတယ်။

အဆိုပါစစ်တမ်းမှာ ကန့်သတ်ချက် များရှိနေပေမယ့်ဆေးလိပ်သောက်ခြင်းဟာဖော်ပြပါ ကင်ဆာေ ရာဂါများ

နဲ့ဆက်စပ်နေတယ်ဆိုတဲ့အချက်ကိုတော့အများကလက်ခံထားကြပါတယ်။ From Web MD

No comments: