Wednesday, September 10, 2008

ကျန်းမာရေးအမေးအဖြေများ(၃)

ကျွန်တော် အဖေက အသက် (၅၇) နှစ်ရှိပါပြီ။နှလုံးသွေးကြောပိတ်ရောဂါရတာ(၂) ကြိမ်ရှိပါပြီ။ ကျွန်တော် အသက်ကတော့ (၃၄) နှစ်ပါ။ ကျွန်တော်နှလုံးသွေးကြောရောဂါ ရနိုင်လားဆရာ။ဘာတွေလုပ်ဖို့ လိုပါသလဲဘယ် လို စမ်းသပ်စစ်ဆေးမှုတွေ လုပ်သင့် ပါသလဲဆရာ။

ဖြေ။ မိဘတွေမှာ နှလုံးသွေး ကြောကျဉ်း ရောဂါ ရှိနေရင် တော့သင်လည်းဒီရောဂါရနိုင်ခြေရှိပါတယ်။မိဘတွေကအသက်
(၆၀)အောက်မှာ ဆိုရင်တော့ပိုပြီးတောရနိုင်ခြေရှိပါ တယ်။ အ သက်(၃၄)နှစ်ရှိပြီဖြစ်တဲ့ခင်ဗျားအနေနဲ့Healthy life styleနဲ့နေထိုင်ဖို့အရေးကြီး ပါ တယ်။ သွေးဖိအားပုံမှန် တိုင်းတာခြင်း၊သွေးတွင်းသကြားဓါတ်၊ကိုယ်လက်စထ ရောဓါတ်များ တစ်နှစ် တစ်ခါစစ်ဆေးခြင်းတို့ ဆောင်ရွက် ရပါမယ်။ရလဒ်တွေက မကောင်း ဘူးဆို ရင်တော့ ဆရာ ၀န်ညွန်ကြားသည့် အတိုင်း မကြာခဏ စစ်ဆေးဖို့ လိုပါ တယ်။ကိုယ်ကာယလေ့ကျင့်ခန်း မှန်မှန်လုပ်ဖို့လိုသလိုအဆီနှင့်အငန်ဓါတ်တွေကိုလည်းနေ့စဉ် အစားအစာတွေ မှာလျော့ချဖို့၊ လိုအပ်ရင်ရှောင် ဖို့လိုပါတယ်။ ဆေးလိပ်သောက်သုံး ခြင်း၊ တဆင့်ခံဆေးလိပ်သောက်သုံးခြင်း စတာတွေကိုသ တိထား ရှောင်ကျဉ်ရပါမယ်။အဓိကသိထားရမှာက မိဘတွေမှာ ရောဂါရှိပေမယ့်သင့်အနေနဲ့ ကျန်းမာရေးသတိ ရှိရှိ နေထိုင်စားသောက်သွား မယ်ဆိုလျှင် ရောဂါရနိုင်တဲ့ အခွင့်အလမ်းကိုလျော့ချနိုင်ပါတယ်။

မေး။ဆရာရေ။ကျွန်တော်ကတော့ နှလုံးရောဂါနဲ့ အကိုက်ခဲပျောက် ဆေးအက်စပရင်ဘယ်လို ဆက်စပ်မှုရှိတယ်ဆိုတာနာမလည်းဘူး
ဗျ။သတင်းစာမှာတော့အက်စပရင်သာက်ရင် နှလုံးကျန်းမာရေးအတွက်ကောင်းဆိုပဲ။ နားလည်အောင်ရှင်းပြပေးပါအုံးဆရာ။

ဖြေ။အက်စပရင် နေ့စဉ် သောက်တယ် ဆိုတာနှလုံးသွေးကြောပိတ်ဘူးသူတွေ၊လေဖြတ်လေငန်း ရောဂါ ဖြစ်ဘူးသူတွေ ပြန်မဖြစ်အောင် ကာကွယ်ဖို့ပါ။သွေး မတိတ်သူတွေ၊ အစာအိမ် အနာရှိသူတွေကလွဲရင်ကျန်တဲ့ သူတွေ အားလုံးသုံးစွဲ သင့်ပါတယ်။အက်စ ပရင် ကို အလွယ်တကူ ရရှိနိုင်ပေမယ့် ဆရာဝန် မညွှန် ကြားဘဲ နဲ့တော့ မသုံးစွဲ သင့်ပါ ဘူး။ အက်စပရင် ကို နေ့စဉ်သောက် သုံးလျှင်ရလာနိုင်တဲ့ကောင်းကျိုးဆိုးကျိုးတွေကဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။

No comments: