Saturday, September 6, 2008

ကျန်းမာရေးအမေးအဖြေများ


ဒီတစ်ခါတော့ စာဖတ်ပရိတ်သတ်တွေအတွက် နှလုံးကျန်းမာရေးနဲ့ပက်သက်တဲ့စိတ် ၀င်စားဖွယ်အမေး
ဖြေတွေကိုတင်ပြသွားပါမယ်။ 

(၁)မေးကျွန်မကမီးယပ်သွေးဆုံးပြီးသား အမျိုးသမီဖြစ်ပြီး တက်တက်ကြွကြွနဲ့ကိုယ်လက် လှုပ်ရှားအားက
စားကိုပုံမှန်လုပ်ပါတယ်။ ပုံမှန်ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ရာမှာ ကျန်းမာရေးအတွက်ကောင်းတယ်ဆို
တဲ့ HDL ကိုလက်စထရောပမာဏများနေပါတယ်။ ထို့အတူပဲ Total ကိုလက်စထရော ပမာဏဟာလည်း
250 mg/dl ရှိလို့များနေပါတယ်။ဆိုးရိမ်ရပါသလားဒေါက်တာ။

ဖြေ။အမေရိကန် နှလုံးရောဂါအထူးကု အဖွဲ့ရဲ့အဆိုအရ သင့်ရဲ့ Total ကိုလက်စ ထရောပမာဏ ဟာ200 
mg/dl အောက်မှာပဲရှိသင့်ု ပါတယ်ဒီထက် များရင်တော့နှလုံးရောဂါလေဖြတ်လေငန်းရောဂါတွေ ခံစားရ
ဖို့အခွင့်အလမ်းပိုများပါတယ်။Total  ကိုလက်စထရော ပမာဏ 250 mg/dl ရှိတဲ့သူတစ်ယောက်အနေနဲ့
 LDL ကိုလက်စထရော ပမာဏ ဘယ်လောက်ရှိ တယ်ဆိုတာကိုသိဖို့အရေးကြီးပါတယ်။LDL ကိုလက် စ
ထရော ပမာဏဟာ 100mg/dl ထက်မပို သင့်ပါဘူး။ ကိုယ်ကာယေ လ့ကျင်ခန်းကိုမှန်မှန် ဆက် လုပ်ပြီး
အသီးအရွက်၊ပဲနဲ့ဟင်းသီးဟင်းရွက်အဆီစတဲ့ ကျန်းမာရေးကိုအထောက်အကူပြုတဲ့အစားအသောက်တွေ
ကိုစားသုံးဖို့အကြံပြုလိုပါတယ်။ဒါနဲ့မှမလုံလောက်ဘူးဆိုရင်တော့ statin ခေါ်ဆေးဝါးများကိုသုံးစွဲရပါမယ်။

(၂)မေး။ကျွန်တော်အသက်က ၅၀ ပါဆရာ။ ကျန်းမာရေးက လည်းဒေါင်ဒေါင်မြည်ပါပဲ။ အရပ်က ၅ပေ၁၀
လက် မရှိပြီး  ၁၈၅ပေါင် ရှိပါတယ်။ ကိုယ်ကာယေ လ့ကျင် ခန်းလည်းတစ်ပတ် ကို ၄ ၇က်လုပ် ပါ တယ်။
တစ်ခါလုပ်ရင်တော့ နာရီဝက်ခန့် ကြာပါတယ်ဆရာ။အစား အသောက်ကို လည်းကျန်းမာရေးနဲ့ ညီညွတ်
အောင်စားပါတယ်။ဒါပေမယ့်ကျွန်တော် ကိုလက် စထရောပမာဏက 240 mg/dl ရှိနေတယ်ဆရာ။   မိ
သားစုဆရာဝန်ကတော့ဆေးသောက်ခိုင်းနေတယ်။ဆေးမသောက်လို့ရတဲ့နည်းလေးရှိရင်ပြောပြပါခင်ဗျာ။

ဖြေ။ေ လ့ကျင့်ခန်းပုံမှန်လုပ်တယ်။ ကျန်းမာရေးနဲ့ညီညွတ်အောင်စားတယ် ဆိုကတည်းကမှန်ကန်တဲ့လမ်း
ကြောင်းပေါ်ရောက်နေပါပြီ။ဒီအတိုင်းဆက်ထိန်းထားပါ။မကောင်းတာ တစ်ခုက ကိုယ်အလေးချိန် အနည်း
ငယ်တက်နေပါတယ်။ BMI ၂၆.၅ ဆိုတာများ ပါတယ်။ပုံမှန်က ၂၅ အောက်မှာရှိ သင့်ပါတယ် ။(BMI  ကို
ဒီနေရာ မှာတွက်ချက်နိုင်ပါတယ်။)ကိုလက်စထရောပမာဏကျဖို့ဆိုရင်အစားအသောက်ကို လည်းဂရုပြုဖို့
လိုပါတယ်။အသီးအရွက် များများစားပြီး အဆီ အဆိမ့်၊အချိုနဲ့  အရက်သေစာသောက်စားတာကိုေ လျှာ့ချ
သင့်ပါတယ်။ဒါတွေကိုလိုက်နာပြီးရင်တော့သင့်ရဲ့ကိုလက်စထရော ပမာဏကိုပြန်စစ်ကြည့်ပါ။ လက် ခံနိုင် 
လာက်တဲ့ပမာဏအထိကျဆင်းသွားတာတွေ့ပါလလိမ့်မယ်။

(၃)မေး။ကျွန်တော့်အသက် ၄၅နှစ်ပါဆရာ။ ကျွန်တော်ကို ဆရာဝန်က Lipitor သောက်ခိုင်း ပါတယ်။ အ
ကြာကြီးသောက်ရရင် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရနိုင်သလဲဆရာ၊

ဖြေ။ ခင်ဗျားဒီလိုစိုးရိမ် တတ်တာေ ကာင်းပါတယ် တစ်ကယ်တော့လူနာတိုင်း ကိုယ်သော က်မဲ့ဆေးနဲ့ပက်
သက်ပြီးဘာ ကြောင့်ေ သာက်ရတယ်၊ဘာ ဆိုးကျိုးတွေရှိ တယ်ဆိုတာကို သိဖို့လိုပါတယ်။အခုလို ကိုလက်
စထရော ကျဆေးတွေ ကိုဆေး မသောက် ဘဲ မဖြစ်နိုင် ဘူးဆို သေချာမှသုံးစွဲ သင့်ပါတယ်။ သာမန် အား
ဖြင့်Lipitor မှာေ ဘးထွက်ဆိုးကျိုး ကြီးကြီးမားမား မရှိပါဘူး။အသည်းအင် ဇိုင်းပမာဏ အနည်း ငယ် တက်
တတ်ပြီး၊ကြွက်သားတွေနာကျင်ကိုက်ခဲတတ်ပါတယ်။ဆေးပမာဏလျော့ပြီးဖြစ်စေ၊အခြားဆေးတစ်မျိုးမျိုး
ကိုပြောင်းပြီးဖြစ်စေသုံးစွဲသင့်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)

No comments: