Monday, January 5, 2009

Understanding MRSA (Methicillin resistant Staphylococcus aureus)

MRSA ဆိုတဲ့ အသုံး အနှုံးကို ဆေးလောက အသိုင်းအ ၀ိုင်းမှာတော့ ကြားဘူးကြ ပါလိမ့်မယ်။ သာမန် အရပ်သူ အရပ်သားတွေ ကတော့ သိသူရှား ပါလိမ့်မယ်။ဒါကြောင့် ဆေးပညာဗဟု သုတရအောင် မနဲ့မောင် ဘလော့မှ တဆင့်တင်ပြ လိုက်ပါတယ်။

MRSA ဆိုတာဘာလဲဘက်တီးရီးယား ပိုးတစ်မျိုးရဲ နာမည် ဖြစ်ပြီး ခန္ဓာကိုယ် အနှံ့အပြား မှာပြည်တည်နာများဖြစ်ပွားစေ ပါတယ်။အခြား ဘက်တီးရီးယား ပိုးတွေနဲ့ မတူတာက MRSA ဟာပဋိဇီဝ ဆေးတော်တော်များများ ကို ခံနိုင်ရည် ရှိတာကြောင့် အရပ် အခေါ် ဆေးမတိုးဘူး လို့ ပြောလို့ရပါတယ်။ ရောဂါ လက္ခဏာ တွေက တော့ ဖြစ်ပွားတဲ့ နေရာ ပေါ်မူပြီး မတူညီနိုင် ပါဘူး။များသောအားဖြင့် အရေပြားပေါ် ပေါ်မှာ ပြည်တည်နာ များဖြစ်ပွားတတ်ပါတယ်။ အများစု ဟာ ရောဂါ လက္ခဏာ မပြင်းထန်ဘဲ တစ်ခါ တစ်ရံ မှာတော့ သွေးဆိပ် တက်ခြင်းကဲ့ သို့ ပြင်းထန်တဲ့ ဝေဒနာ ခံစားရကာာ အသက် အန္တရာယ် ထိခိုက် စေနိုင်ပါတယ်။အဆုတ်မှာပြည်တည်နာဖြစ်လျှင်တော့ပြင်းထန်တဲ့ နမိုးနီးယား ရောဂါ ခံစားရတတ်ပါတယ်။ကျွန်တော်တို့ ဆေးလောက မှာ အသုံးများတဲ့ amoxicillin, penicillin, oxacillin ,methicillin စတဲ့ ပဋိဇီဝ ဆေးများကို ခံနိုင်ရည်ရှိတာ တွေ့ရတဲ့ အတွက် MRSA ကို ကုသရန် ဆေးဝါးရွေးချယ် ရာမှာကန့်သတ်ချက် တွေ များလှပါတယ်။

ဘယ်လို ကူးစက်တတ်သလဲ
MRSA ပိုးဟာ တစ်ယောက်နဲ့ တစ်ယောက်အရေပြားခြင်း ထိတွေ့ရာမှ ကူးစက်တတ်ပါတယ်။ဆေးရုံ ဆေးခန်းတွေ မှာ ကူးစက်နှုန်းမြင့်မားပါတယ်။ခန္ဓာကိုယ် ခုခံအားစနစ် ကျဆင်းနေသူတွေ မှာ ကူးစက်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ ခွဲစိတ် ခန်း သုံး ပစ္စည်းများ၊ဆီးပိုက်နှင့် အခြား drainage tubes များ၊ အထူးကြပ်မတ် ကုသဆောင်သုံး ပစ္စည်းများ မှ ကူးစက်နှုန်းဟာ အရမ်းမြင့်မားလှတဲ့ အတွက် ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့ အထူးသတိထား ဖို့လိုအပ်သလို outbreak ဖြစ်လာလျှင် ကြိုတင်လုပ်ဆောင်ရန် စီမံချက်များ ရှိဖို့လိုပါတယ်။

Community- Associated MRSA
CA-MRSA ဆိုတာ ကတော့ သာမန်ကျန်းမာတဲ့ သူတွေ မှာ ရှိတဲ့ MRSA ပိုးကို ခေါ်ပါတယ်။သူတို့ ဟာ ဆေးရုံတက် ကုသမှုမယူကြ ပါဘူး။ သာမန် သူတွေ လိုပဲ ဘာမှ မဖြစ်သလို နေနေကြပါတယ်။ CA- MRSA ဟာ အားကစား Camp များကဲ့ သို့ လူအများ တစ်နေရာ တည်းမှာ စုဝေးနေထိုင် တတ်တဲ့ ပတ်ဝန်းကျင်မှာ တွေ့ရတတ်ပါတယ်။CA-MRSA ဖြစ်ပွား နှုန်းဟာ ဖွံ့ဖြိုးပြီး နိုင်ငံ တွေမှာတောင် တစ်နေ့ တခြား တိုးတက်လျှက် ရှိပါတယ်။

ရောဂါ လက္ခဏာများ
ဖြစ်ပွားတဲ့ နေရာ ပေါ်မူတည်ပြီး ရောဂါ လက္ခဏာ တွေ မတူကွဲပြာတတ်ပါတယ်။အရေပြားပေါ်မှာ အဖြစ်များပြီး ပြည်တည်နာ အနေနဲ့ တွေ့ရတတ်ပါတယ်။တစ်ချို့ လူနာတွေက MRSA ကို သတိမထားမိဘဲ ပင့်ကူ ကိုက်၊ကင်းထိုး တယ်လို့ ပြောတတ်ပါတယ်။ရောဂါ ပိုးဝင်တဲ့ အရေပြားဟာ အနည်းငယ်ပူပြီး နီကာ နာကျင်တတ်တော့ ပင့်ကူကိုက်တယ်ထင်စရာပါပဲ။အဆုပ်မှာ ကူးစက်ပြီး နမိုးနီးယား ဖြစ်ပွားလျှင်တော့ ချောင်းဆိုးခြင်း၊ အဖျားတက်ခြင်း၊ ချမ်းတုန် တတ်ခြင်း၊ အသက်ရှူ မ၀ခြင်းစတဲ့ ဝေဒနာများခံစားရတတ်ပါတယ်။ဆီးလမ်းကြောင်းနဲ့ သွေးကြောထဲ ကို ကူးစက်တတ်တာကြောင့် ဆီးပူ၊ဆီးကျင် ခြင်း၊သွေးဆိပ် တက်ခြင်း စတဲ့ ရောဂါ ဝေဒနာ များလည်းရရှိခံစားရတတ်ပါတယ်။

အရေပြားပေါ် မှာ ပြည်တည်နာ ပေါက်လို့ ပဋိဇီဝ ဆေးသောက်တာ(၃)ရက် ပြည့်ပေမယ့် အနာ က မသက်သာတဲ့ အပြင် ပိုလည်းဆိုးလာ၊အဖျားတက်လာတယ်ဆိုရင်တော့ နီးစပ်ရာဆေးခန်းမှာ သွားရောက် ကုသမှု ခံယူရပါမယ်။

No comments: