Monday, January 5, 2009

ငှက်ဖျားရောဂါ ကာကွယ်ဆေးဆိုတာ မဝေးတော့ပါ

ငှက်ဖျားရောဂါ ဆိုတာ မြန်မာ စာဖတ်ပရိတ်သတ် တွေနဲ့ ရင်းနှီးပြီးသားပါ။ခြင်ကြောင့် ကူးစက်တတ်တဲ့ ဒီရောဂါ ကြောင့် တစ်နှစ် ကို လူတစ်သန်းခန့်အသက်ဆုံးရှုံး နေရပါတယ်။မြန်မာ အပါအ၀င် အာရှနိုင်ငံ တစ်ချို့ နဲ့ အာဖရိက နိုင်ငံ တွေဟာ ငှက်ဖျားရောဂါ ဒဏ်ကို အများဆုံး ခံစားနေရပါတယ်။ငှက်ဖျားရောဂါ ကာကွယ်ရေး အတွက် ကျန်းမာရေး ၀န်ထမ်းတွေက ကျေးလက်ဒေသ တွေမှာ အသိပညာပေး ဟောပြောပွဲ တွေ၊ ကာကွယ်ဆေးတိုက်ကျွေးခြင်း တွေ ကို အားကြိုးမာန်တက် လုပ်ဆောင်ပေးနေပါတယ်။ Rural health centre လို့ ခေါ်တဲ့ ကျေးလက်ကျန်းမာ ရေး ဌာန တွေဟာ ဒီရောဂါ ကာကွယ်ကုသရေး အတွက် ရှေးတန်းကနေတက်တက်ကြွကြွ ပါဝင် ဆောင်ရွက်ပေးနေပါတယ်။ငှက်ဖျားရောဂါ နဲ့ ပက်သက်ပြီး ကမ္ဘာကလည်း အထူးစိတ်ဝင်စားပါတယ်။ ဘီလ်ဂိတ်နဲ့ Bono လို ချမ်းသာကြွယ်ဝ သူတွေက ငွေကြေး စိုက်ထုတ်ပြီး သုတေသနလုပ်ငန်းများ၊ ကာကွယ်ရေးနဲ့ ပညာပေးလုပ်ငန်းများ မှာအလုံးအရင်းနဲ့ ကူညီနေတာလည်း ချီးကျူးဖို့ကောင်းပါတယ်။သူတို့ လိုငွေးကြေးစိုက်ထုတ်ကူညီမှု့ များကြောင့် မကြာတော့တဲ့ အချိန် အတွင်း မှာ ငှက်ဖျားရောဂါ ပိုးကို ကာကွယ်နိုင်တဲ့ ဆေးဝါးတစ်မျိုးကို ထုတ်လုပ်နိုင်တော့ မှာပါ။



ကင်ညာနဲ့ တန်ဇန်နီးယား (၂)နိုင်ငံ မှာ ပြုလုပ်တဲ့ အဆိုပါ သုတေသန ဟာ RTS နှင့် AS02 ဆိုတဲ့ ကာကွယ်ဆေး ၂ မျိုးကို အသုံးပြုထားပါတယ်။ကာကွယ်ဆေးထိုး ထားတဲ့ ကလေးတွေ မှာ ငှက်ဖျားပိုးကူးစက်ခံ ရမှု(၆၅) ရာခိုင်နှုန်း လျော့နည်းပြီး၊ ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်း (၅၉) ရာခိုင်နှုန်း လျော့နည်းတာ တွေ့ရှိရပါတယ်။ဒါကြောင့် မကြာခင် အချိန် အတွင်းမှာ RTS နှင့် AS02 ကာကွယ်ဆေး တွေကို အခြား ကာကွယ်ဆေးထိုး အစီအစဉ် များနဲ့ အတူ ကလေးငယ်တွေ မှာ အသုံးပြု နိုင်တော့ မှာ ဖြစ်ပါတယ်။မိုဇမ်ဘစ် နိုင်ငံ မှာ ပြုလုပ်တဲ့ အခြား သုတေသန တစ်ခုမှာလည်း ရောဂါ ကူးစက်မှု နှုန်း(၅၈)ရာခိုင်နှုန်း အထိလျော့နည်းတာ တွေ့ရှိရပါတယ်။

ဒီသုတေသနရဲ့ အပြီးသပ်လုပ်ငန်းတွေ ကို ၂၀၀၉ နှစ်ဦး ပိုင်းမှာ အာဖရိက နိုင်ငံ(၇) နိုင်ငံ မှာ လုပ်သွားဖို့ရှိပါတယ်။အပြီးသတ် လုပ်ငန်းစဉ်တွေ မှာ ဒီကာကွယ်ဆေးရဲ့ ထိရောက်မှု ၊ကြာရှည် သုံးစွဲနိုင်မှု၊လုံခြုံ စိတ်ချရမှု စတာတွေကို လေ့လာ သွားမှာဖြစ်ပါတယ်။အဆိုပါ လုပ်ငန်းများ အောင်မြင်စွာ ပြီးဆုံးသွားမယ်ဆိုလျှင်တော့ ငှက်ဖျားရောဂါ ဆိုတာ ပိုလီယို နှင့် ကျောက်ရောဂါ ကဲ့သို့ပဲဆေးထိုး ပြီးကာကွယ်နိုင်တော့ မှာ ဖြစ်ပါတယ်…

No comments: