Friday, January 9, 2009

Salmonella Symptom

Salmonella ဆိုတာဘာလဲ
Salmonella ဆိုတာ လူ သားတွေရဲ့ အူလမ်းကြောင်း အတွင်းမှာ ပေါက်ဖွားရှင်သန် နိုင်တဲ့ဘက်တီးရီးယားပိုးတစ်မျိုးဖြစ်ပါတယ်။Salmonella မျိုးကွဲ ပေါင်းများစွာ ရှိပြီး salmonella typhimurium နှင့် samonella enteritidis ကတော့ အတွေ့ ရ အများဆုံး မျိုးကွဲ တွေ ဖြစ်ပါတယ်။

Sources of Salmonella
ဟင်းသီး ဟင်းရွက် စိမ်း၊ သားစိမ်း၊ငါးစိမ်းတွေ မှာ salmonella ဘက်တီးရီးယား ပိုးတွေ ပါတတ်လို့ အသီးအရွက်တွေ၊ အသားငါး၊ ကြက်ဥ စတာ တွေကို အစိမ်း စားသုံးခြင်း၊ နွားနို့ ကို မကျို ချက် ဘဲ သောက်ခြင်း တို့ကို ရှောင်ကျဉ်ရပါမယ်။အိမ်မှာ လုပ်တဲ့ ကွတ်ကီး၊ mayonnaise၊ ရေခဲ မုန့် စတာတွေ မှာ လည်း ဘက်တီးရီးယား ပိုး ပါဝင်နေတတ်တယ်လို့ ဆိုပါတယ်။

ချက်ပြုတ်ခြင်းဖြင့် အန္တရာယ် ကင်းနိုင်လား
သေသေချာချာ ကြော်ချက်စားသောက်လျှင် salmonella အန္တရာယ်က ကင်းနိုင်တယ်လို့ ဆိုပါတယ်။သို့ပေမယ်လည်း အသီးအရွက်အစိမ်းတွေ ကို ရေစင်အောင် ဆေးကြောရုံနဲ့တော့ အပြည့်အ၀ အကာအကွယ် မပေးနိုင်ပါဘူး။ အထူးသဖြင့် out break ဖြစ်နေတဲ့ အချိန် မှာ ဆို ပို ပြီးသတိထား စားသောက်ရပါမယ်။

istock_photo_of_washing_grapes1

FDA ရဲ့ အကြံပြုချက်
  1. အစားအသောက်တွေ ကို မကိုင်တွယ်ခင်နဲ့ ကိုင်တွယ်ပြီး တဲ့ အခါ မှာရေနွေး၊ ဆပ်ပြာ တို့ နဲ့ လက်ကို စင်ကြယ်အောင် ဆေးကြောရပါမယ်။

  2. အသီးအနှံ တွေကို running water နဲ့ ဆေးကြောရပါမယ်။

  3. အသီးအနှံ၊ သားငါးတွေ လှီးတဲ့ စင်းနှီးတုန်း ကို ပြောင်စင်အောင် ဆေးကြောရပါမယ်။တစ်ခု လှီးပြီးတိုင်း တစ်ခါ ဆေးရပါမယ်။

  4. သစ်သီးတွေကို အခွံသင် ပြီးမှ စားသုံးရပါမယ်။

  5. ရောဂါ ကူးစက်ခံထားရလျှင် အများသူငါ အတွက် အစားအသောက်ပြင်ဆင် ခြင်းမပြုလုပ်သင့် ပါဘူး။

အိမ်မွေး တိရစ္ဆာန်များ
ခွေး၊ကြောင်၊ကြက် ငှက်များ ဟာလည်း လူကဲ့သို့ ပဲ salmonella ကို သယ်ဆောင်နိုင်တော့ သူတို့ ကို ကိုင် တွယ်ပြီး လျှင် လက်ကို စင်ကြယ်စွာ ဆေးကြောရပါမယ်။

ရောဂါ လက္ခဏာ များ
Salmonella ရောဂါ ပိုးဝင် ပြီး ၂ ရက် မှ ၃ ရက် အတွင်း ကိုယ်အပူချိန် တက်တတ်ပါတယ်။ဗိုက်နာ ဗိုက်အောင့်ပြီး ၀မ်းလျှော တတ်ပါတယ်။သာမန် အားဖြင့် ဓါတ်ဆားရေ များများသောက်ပေးလျှင်လုံလောက် ပါတယ်။

ဘယ်လိုကုသ ကြမလဲ
သာမန် တိုက်ဖွိုက် အမျိုးအစား မဟုတ်တဲ့ salmonella infection အတွက် ဓါတ်ဆားရေ များများသောက်ပေး လျှင်လုံလောက် ပါတယ်။ ပဋိဇီဝဆေး များသုံစွဲ ဖို့ မလိုအပ်ပါဘူး။ (၄)ရက်ကနေ(၇)ရက် အတွင်းသက် သာ ပျောက်ကင်းနိုင်ပါတယ်။ ကလေးငယ်များ၊ အသက်အရွယ်ကြီးရင့် သူများကိုယ်ခံအား နည်းသူများ၊ ရောဂါ ဝေဒနာ ပြင်းထန်သူများ၊ အူလမ်းကြောင်းပြင်ပ ကို ရောဂါ ပျံနှံ သူဝေဒနာရှင် များကို ဆေးရုံတင်ကုသ ဖို့လိုအပ်ပါတယ်။

တိုက်ဖွိုက် အမျိုးအစား salmonella infection ကို တော့ ပဋိဇီဝ ဆေး များသုံးစွဲ ကုသရပါမယ်။ Quinoloneအမျိုး
အစား ပဋိဇီဝ ဆေးတွေကို ရ ရက် မှ ၁၄ ရက် အထိ ရောဂါ အခြေအနေကို လိုက်ပြီး သုံးစွဲ ရပါတယ်။ တိုက်ဖွိုက် အမျိုးအစား salmonella တွေရဲ့ ပဋိဇီဝ ဆေးတွေ ပေါ်ခံနိုင်ရည် မြင့်မားလာမှု ဟာ ရောဂါ ကုသသူ ဆရာဝန် တွေ အတွက်ဆေးဝါးရွေးချယ်ရာမှာ အခက် တွေ့စေသလို ဆေးယဉ်ပါးတဲ့ ပိုးတွေ outbreak ဖြစ်ပွားတတ်မှု ဟာ ပြည်သူ့ ကျန်းမာ ရေး အဓိက စိန်ခေါ်မှု ကြီးဖြစ်ပါတယ်။ ဒါကြောင့် ၀မ်းကိုက်ရောဂါ ခံစားရလျှင် ပဋိဇီဝ ဆေးများကို မိမိ သဘောနဲ့ သောက်သုံးခြင်း မပြု ကြဘဲ ဆရာဝန် ညွှန်ကြားချက်ဖြင့်သာ သောက်သုံးကြဖို့ နိုးဆော်လိုက်ပါတယ်။

No comments: